သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-20
မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူလယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ အခက်အခဲတွေ၊ နစ်နာဆုံးရှုံးမှုတွေကို ဖော်ထုတ်ပြီး လွှတ်တော်နဲ့ အစိုးရတာဝန်ရှိသူတွေကို တင်ပြဖို့အတွက် လယ်သမား ညီလာခံတစ်ခုကို ရန်ကုန်မြို့က ၈၈ မျိုးဆက်အဖွဲ့ရုံးမှာ ဒီကနေ့စပြီး ကျင်းပနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-08-19
ထိုင်းနိုင်ငံ စမုတ်ဆခွန်ခရိုင်က အာဆီယံ ပညာရေးဌာနတွေမှာ မြန်မာဘာသာစကား သင်ယူသူ ထိုင်းလူမျိုးအရေအတွက် တိုးပွားများပြားလာနေတယ်လို့ The Nation သတင်းစာ ကဖော်ပြပါတယ်။
2013-08-19
မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဈေးကွက်မှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ အဓိက ပင်မအရင်းအမြစ်နိုင်ငံတွေ ဖြစ်တယ်လို့ နိုင်ငံတကာဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ပြော ပါတယ်။
2013-08-19
မြန်မာ့ ကမ်းလွန် မုတ္တမ ပင်လယ်ကွေ့အတွင်း ရေနံ နဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး M3 လုပ်ကွက်က အစမ်းတွင်း (၄) တွင်းမှာ ဓါတ်ငွေ့ ပမာဏအမြောက်အများ တွေ့ရှိကြောင်း ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ကုမ္ပဏီက ပြောပါတယ်။
2013-08-19
မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူ လယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာတွေ၊ နစ်နာဆုံးရှုံးမှုတွေ ကို ဖော်ထုတ်စုစည်းပြီး လွှတ်တော်နဲ့ အစိုးရတာဝန်ရှိ သူတွေထံ တင်ပြနိုင်ဖို့အတွက် တောင်သူလယ်သမား ညီလာခံကို ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းရုံးမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2013-08-19
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Quintana ဟာ မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒေသခံ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2013-08-19
သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ တာဝန် ထမ်းဆောင်နိုင်မယ့် အရည်အချင်းတွေကို ဥပဒေပြဌာန်း ထားတာမရှိခြင်းဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။
2013-08-19
အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ မြောက်ဒဂုံမြို့နယ်၊ သီရိအောင်မြေ ကျောင်းတိုက် ဆရာတော် ဦးရက္ခဝံသဟာ ရန်ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်နေရာမှာ ဒီနေ့ ပဲခူးတိုင်း၊ တောင်ငူမြို့ကို ရောက်ရှိနေပြီလို့ ပြောပါတယ်။
2013-08-19
လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ ကူညီဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက် ကို တစ်နိုင်ငံလုံးမှာ ဖွဲ့စည်းသွားမယ်လို့ နိုင်ကျဉ်းအဖွဲ့ဝင်တွေက ပြောပါတယ်။
2013-08-19
နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ(အသက် ၉၅ နှစ်)ဟာ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့နေအိမ်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်ကျော် အချိန်က ကွယ်လွန်သွားခဲ့ပါတယ်။
2013-08-19
မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံ ၃၂ နိုင်ငံကနေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ငွေကြေး ပမာဏဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အမေရိကန် ဒေါ်လာ ၄၃ ဘီလီယံ ရှိသွားပြီလို့ အစိုးရဌာန ဆိုင်ရာ အချက် အလက်တွေကို ကိုးကားပြီး ဆင်ဟွာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
2013-08-19
ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထူးအစီအစဉ်မှာ NLD အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ခင်စန်းနွယ်ရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
2013-08-19
မလေးရှားနိုင်ငံမှာ လာရောက်အလုပ် လုပ်ကိုင်နေသူ မြန်မာအလုပ်သမားတွေဟာ လုပ်ခလစာ မရရှိတာ၊ အထောက်အထား စာရွက်စာတမ်းတွေ အသိမ်းဆည်းခံရတာ စတဲ့ အနိုင်ကျင့်ခံနေရတာတွေ တိုးပွားများပြား လာနေတာကြောင့် ဒီကိစ္စတွေ ကူညီဖြေရှင်းပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားကြောင်း MTUC ခေါ် မလေးရှား အလုပ်သမားသမဂ္ဂကွန်ကရက်က ပြောပါတယ်။
2013-08-19
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားတဲ့ နိုင်ငံတကာ ခေါင်းဆောင်များ လေ့လာရေး အစီအစဉ်နဲ့ ဝါရှင်တန်ဒီစီ ကို ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေနဲ့ စစ်ကိုင်းတောင်ရိုး ဗုဒ္ဓဘာသာ ပညာရေးဌာက နာယကဆရာတော် အရှင် သုန္ဒရတို့ရဲ့ သဘောထားအမြင်တွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2013-08-19
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှိ ရှေးဟောင်း စေတီပုထိုးတော်တွေနဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးတွေမှာ တနင်္ဂနွေနေ့ မနေ့က ညနေပိုင်းကစတင်ပြီး လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားခဲ့တယ်လို့သိရပါတယ်။