သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-22
ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းမြို့တစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့ လိုအပ်တာတွေကို စတင်လုပ်ဆောင်နေပြီလို့ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
2017-08-22
ရာသီတုပ်ကွေး H1N1 နဲ့ ကြက်ငှက်တုပ်ကွေး H5N1 ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ တစ်လအတွင်း အနည်းဆုံး ငွေကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင် ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။
2017-08-22
မနေ့ညကကျင်းပခဲ့တဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ ဘောလုံးပွဲ က ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ၈ ယောက်လောက် ဒဏ်ရာရရှိကြတယ်လို့ မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
2017-08-22
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးကော်မတီသစ်ကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2017-08-22
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တစ်မြို့လုံးရဲ့ အမှိုက်တွေကိုသိမ်းတဲ့ အောင်ဂရုဏာ ကုမ္ပဏီဟာ အစိုးရနဲ့ သဘောတူထားစဉ်က ချမှတ်ထားတဲ့ စည်းကမ်း ချက်တွေကိုလိုက်နာမှုမရှိဘူးဆိုပြီး မူဆယ် ဒေသခံ ၆၀၀ ကျော်က မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-08-22
ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးအတွက် ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံး တရားရုံးမှာ ဒီနေ့ အယူခံတင်သွင်းရာ တရားရုံးက လက်ခံလိုက်ပါတယ်။
2017-08-22
ကချင်ပြည်နယ် ဆဒုံးဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနေ့ကဆန်အိတ်တွေသွားရောက်လှူဒါန်း ရာမှာ အတားခံခဲ့ရတယ်လို့ ၈၈ မျိုးဆက် အဖွဲ့က မမီးမီးက ပြောပါတယ်။
2017-08-22
ကျေးလက်ဒေသတွေမှာ ဖွဲ့စည်းထားတဲ့ ကျေးလက်မီးလင်းရေး ကော်မတီတွေကို ဖျက်သိမ်းပြီး လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနလက်အောက်မှာ ပြန်လည်ထားရှိဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-08-22
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်တဲ့ ကလေးငယ်တွေကို ကျောင်းပြင်ပ ပညာရေးကျောင်းတွေ ဖွင့်လှစ်ပြီး သင်ကြားပေးနေတဲ့အကြောင်း RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
2017-08-22
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် … ဒီလှုပ်ရှားမှုကြီး ဘာကြောင့် ပေါ်ပေါက်လာ ပုံကြောင်း၊ လှုပ်ရှားမှုကြီး အရှိန် အဟုန် ကောင်းခဲ့တဲ့အကြောင်းနဲ့၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖမ်းဆီးခံခဲ့ရပုံအကြောင်း ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင် က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
2017-08-22
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှာ မိရိုးဖလာ ကျောက်သင်ပုန်းဈေးကွက် အလုပ် မဖြစ်တော့တဲ့အတွက် အဲဒီကျေးရွာက ကိုအောင်မိုးခိုင် ဆိုသူက ကျောက်သင်ပုန်းပေါ်မှာ ရေးထွင်းတဲ့ ကျောက်ပန်းချီ ကို တီထွင်လိုက်ပါတယ်။
2017-08-21
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ နောက်ထပ်ဖြစ်လာနိုင်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign-UK အဖွဲ့က ပြောလိုက်ပါတယ်။
2017-08-21
ကျပ်သိန်းထောင်ချီ အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦးကို ဒီနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2017-08-21
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှာ အမှိုက်သိမ်းဆည်းတဲ့လုပ်ငန်းအတွက် စည်ပင်နဲ့ သဘောတူညီချက် ရရှိထားတဲ့ အောင်ဂရုဏာ ကုမ္ပဏီဟာ အစိုးရရဲ့ စည်းကမ်းချက်တွေအတိုင်း မလိုက်နာလို့ဆိုပြီး အတွက် မူဆယ်ဒေသခံ ၆၀၀ ကျော်က မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-08-21
မန္တလေးမြို့အတွင်း အများပြည်သူပိုင်လမ်းတွေမှာ ပြိုင်ကားတွေ၊ ပြိုင်ကားလို ပြုပြင်ထားတဲ့ ကားတွေ၊ အိတ်ဇောဖြုတ်ထားတဲ့ ဆိုင်ကယ်တွေအပါအဝင် အသံဆူညံအောင် မောင်းတဲ့ ယာဉ်အားလုံးကို မနေ့ညကစပြီး ဖမ်းဆီးအရေးယူနေတယ်လို့ သိရပါတယ်။