သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-29
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ၁၉၉ဝ ခုနှစ် မေ ၂၇ ရွေးကောက်ပွဲနဲ့ ၂ဝဝ၃ ခုနှစ် မေ ၃ဝ ဒီပဲယင်း အရေးအခင်းတွေနဲ့ ပတ်သက်ပြီး NLD ခေါင်းဆောင်တွေရဲ့ အတွေ့အကြုံနဲ့ သဘောထားတွေကို ဆွေးနွေးထားကြပါတယ်။
2011-05-28
လားရှိုးအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျရဲ့ အသက် (၇၉) နှစ် အရွယ် မိခင်ဖြစ်သူ သောကြာနေ့ညက ကွယ်လွန် အနိစ္စရောက် သွားခဲ့ပါတယ်။
2011-05-28
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှတော်ဝင် အထူးကုဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှု ခံယူနေတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဒီကနေ့ သွားရောက်တွေ့ဆုံပြီး အားပေး သတင်းမေးခဲ့ပါတယ်။
2011-05-28
အမေရိကန် အထက်လွှတ်တော် အမတ် John McCain ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇွန်လ ၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-05-28
ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တို့ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
2011-05-28
နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့နဲ့ တိုးတက်ဖို့ဆိုရင် အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ လိုအပ်ကြောင်း မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-05-27
ရှမ်းပြည်နယ်မှာ တည်ဆောက်နေတဲ့ တာ့ဆန်း ရေကာတာ စီမံကိန်းမှာ အလုပ်လုပ်နေတဲ့ တရုတ် အင်ဂျင်နီယာ ၄ ယောက် အခုလ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့ပြီးတဲ့ နောက် ခုချိန်အထိ အခြေအနေကို အတိအကျ မသိရသေးပါဘူး။
2011-05-27
ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာ အထိမ်းအမှတ် ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ထိုင်း-မြန်မာနယ်စပ် KNU ထိန်းချုပ်ရာ နယ်မြေမှ ာကျန်းမာရေးမှူးတဦး ဖြစ်တဲ့ နော်ဒီဇင်ဘာဖောကို ဒီကနေ့ အခမ်းအနားနဲ့ ချီးမြှင့်လိုက်ပါတယ်။
2011-05-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အောင်ပွဲရ ၂၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မေလ ၂၇ ရက် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2011-05-27
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ သမိုင်းမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရတဲ့ မှတ်တိုင်တခုလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မေလ ၂၇ ရက် ဒီနေ့ ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ရုံးချုပ်မှာ ဒီမနက်ပိုင်းက ကျင်းပတဲ့ ၂၁ နှစ်မြောက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားမှာပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောသွားတာ ဖြစ်တယ်လို့ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
2011-05-27
မကြာခင်က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ဦးရေဟာ နည်းပါးတဲ့အတွက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ကြတဲ့ ဒီမိုကရက်တစ်နဲ့ တိုင်းရင်းသားပါတီ ၁၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ မေလ ၂၆ ရက်နေ့က ပေးပို့လိုက်ကြပါတယ်။
2011-05-27
မြန်မာအစိုးရအပေါ် ပိတ်ဆို့ ပြစ်ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး အက်ဥပဒေ Burmese Freedom and Democracy Act ကို သက်တမ်တိုးဖို့ အမေရိကန်ထိပ်တန်း လွှတ်တော်အမတ်တွေက မေလ ၂၆ ရက် မနေ့က တိုက်တွန်းလိုက်ပါတယ်။
2011-05-27
မြန်မာနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို ခေါ်ဝေါ်သုံးစွဲရာမှာ မူလ အသုံးအနှုန်း ဖြစ်တဲ့ Burma ကနေ မြန်မာလို့ စစ်အစိုးရက အဓမ္မ ပြောင်းလဲခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အတွက် မိမိတို့ အသိအမှတ် မပြုခြင်း ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-05-26
ဗြိတိန်နိုင်ငံ ဘရိုက်တန်မြို့က တလကြာ ကျင်းပနေတဲ့ အနုပညာပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူများကို ဘရိုက်တန် မြို့လယ်မှာရှိတဲ့ အဆောက်အအုံတွေရဲ့ နံရံများပေါ်မှာ ရေးဆွဲထားပါတယ်။
2011-05-26
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရွေးချယ်ခံရတဲ့ ပူးနိုထန်ကပ်က သူ့အနေနဲ့ ဝန်ကြီးတယောက် လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် ဘာမှ မရရှိဘူးလို့ ပြောပါတယ်။