သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-06
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေ လာရောက်ပြီး တရားမဝင် သစ်ခိုးထုတ် မှုတွေရှိနေတာဟာ ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်း လုပ်ဆောင်ကြတာဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။
2015-10-06
ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲမှာ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (ဝမ် ဟိုင်း) အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေလို့ ရွာ ၅ ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
2015-10-06
မဲစာရင်းတွေ မှားယွင်းနေတဲ့ကိစ္စအပါ အဝင် ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံ အားနည်းတဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို အခိုင်အမာထင် ဟပ်မယ့် ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ကြောင်း နိုင် ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2015-10-06
လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ရင် လူမျိုးမရွေး ဘာသာမရွေး တန်းတူညီတူ အခွင့်အရေးရရှိဖို့ အာမခံတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ဒီကနေ့ ပြောလိုက်ပါတယ်။
2015-10-06
တခြားပါတီမှာ သမ္မတလောင်းကို ထုတ်ဖေါ် မပြောနိုင်သေးကြောင်း နဲ့ ပြည်ခိုင်ဖြိုးပါတီက သမ္မတလောင်းအဖြစ် လက်ရှိပြည် ခိုင်ဖြိုးပါတီဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုပဲ တင်မြှောက်မှာဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ် ကြီးဟောင်း ဦးခင်ဇော်ဦး က ပြောပါတယ်။
2015-10-06
အမျိုးဘာသာသာသနာစောင့်ရှောက်ရေး မဘသ အဖွဲ့က အမျိုးစောင့်ဥပေဒတွေ ပြဋ္ဌာန်းနိုင် တဲ့ အောင်ပွဲအခမ်းအနားကို ရန်ကုန်မြို့သုဝဏ္ဍ အားကစားရုံ မှာ အောက်တိုလ ၄ ရက်က ကျင်းပခဲ့ ပါတယ်။
2015-10-06
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွ့ဲတို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်က အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာမှာ လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ကြပါတယ်။
2015-10-06
တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ တက္ကသိုလ် ကျောင်းတွေနဲ့ အခြေခံကျောင်းတွေအတွက် ကွန်ပြူတာတွေလာရောက် လှူဒါန်းရင်း ငြိမ်းချမ်းရေး ကိစ္စအပြင် တပ်မတော်အပေါ် စွပ်စွဲပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်း ပြောခဲ့ပါတယ်။
2015-10-06
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီပြီး ရှိပေမယ့် ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ နဲ့ လျှောက်ထား သူ အရေအတွက် ဟာ ၃ သောင်းကျော်သာ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။
2015-10-06
ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးစောစေးဝါကို RFA သတင်းထောက် မမိုးကလျာဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-05
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဟိုပုန်းလမ်းအထွက်မှာ ဆေးတက္ကသိုလ်အသစ်ဖွင့်ပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
2015-10-05
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပေါင်းလောင်းမြစ်မှာ မြန်မာ အစိုးရက ရေကာတာ တည်ဆောက်တဲ့ စီမံကိန်းမှာ အိမ်ထောင်များကို ရွှေ့ပြောင်းခဲ့ရာမှာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်တဲ့အတွက် ဒေသခံ ၈ဝဝဝ လောက်ဟာ ပိုမို ဆင်းရဲစေယုံသာမက ကျန်း မာရေးနှင့် အသက်မွေးဝမ်းကျောင်းကို ထိခိုက်ပျက် စီးစေကြောင်း နယူးယောက်မြို့အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့က ဖော်ပြလိုက်ပါတယ်။
2015-10-05
ပညာရေးဦးစီးဌာနမှာ တပ်မတော်က အငြိမ်းစားယူထားသူတွေကို ထိပ်ပိုင်း ရာထူးတွေမှာ တာဝန်ချထားပေးတာကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမ များအဖွဲ့ချုပ်က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားမှာ ဖဲကြိုးစိမ်းလှုပ်ရှားမှု စတင်လိုက်ပါတယ်။
2015-10-05
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ၈ မြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်း မှာ ရွှေ့ပြောင်းလုပ်သားတွေ ကျူးကျော်နေ ထိုင်သူတွေ ၃သိန်းလောက် မပါဝင်သေးကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်ခိုင်က ပြောပါတယ်။
2015-10-05
မြန်မာနိုင်ငံ နယ်ခြားဒေသတွေမှာ အခုလို အခြေအနေတွေ ဆိုးဝါးနေတာဟာ တရား ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့အတွက်ကြောင့် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။