သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-30
ဘင်္ဂလားဒေ့ရ်ှကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဝင်ရောက်လာပြီး တရားဝင်ခိုလှုံ ခွင့်တောင်းထားတဲ့ အိမ်ထောင်စု ၄၄ စုကို မြန်မာအစိုးရဘက်က တရားဝင်ခိုလှုံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အတည်ပြုပြောပါ တယ်။
2013-01-30
ဉာဏ်ရည်မမှီသူတွေအပေါ် ခွဲခြားဆက်ဆံတာတွေ မလုပ်ပဲ သူတို့တွေကို လူ့ဘောင်အဖွဲ့အစည်းထဲ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပါဝင်လာအောင် ကူညီဖို့လိုအပ်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2013-01-30
အရင်စစ်အစိုးရ လက်ထက်က နိုင်ငံရေးသမားတွေနဲ့ အိုင်တီပညာရှင်တွေကို ဖမ်းဆီးရာ မှာ ပြစ်ဒဏ်ပေးလေ့ရှိတဲ့ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းပေးဖို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က မနေ့က လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ရာမှာ ဒီကနေ့မှာတော့ အဲဒီဥပဒေကို မရုပ်သိမ်းသင့်သေးဘူး လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
2013-01-29
ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2013-01-29
တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေ တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ ဆိုးလ်မြို့က သမ္မတအိမ်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2013-01-29
ဆက်သွယ်ရေးနဲ့ သတင်းအချက် အလက်ဝန်ကြီးဌာန လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးသိန်းဦးနဲ့ အခြားအဆင့်မြင့်အရာရှိ ၇ ဦး ကို နေပြည်တော်မှာရှိတဲ့ ရဲစခန်းတစ်ခုမှာ နိုင်ငံပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်အရေးယူထား တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
2013-01-29
တပ်မတော်အစိုးရက ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ (၂/၈၈) အမိန့်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၇ နဲ့ ဆန့်ကျင်နေတာကြောင့် သမ္မတ ဦးသိန်းစိန်က ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက အမိန့်ကြေညာချက် အမှတ် (၃/၂၀၁၃) ကို ထုတ်ပြန်လိုက်ပါတယ်။
2013-01-29
လက်ပန်းတောင်းတောင်ဒေသ က ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၂ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒေသခံအင်အား ၂ ထောင်ကျော်ဟာ တုံရွာသပိတ်စခန်း ကနေ ညောင်ပင်ကြီးဆိပ်ကမ်းအထိ ဒီကနေ့လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးကို အဓိကထား တောင်းဆိုခဲ့တယ်လို့ အဲဒီဆန္ဒပြပွဲမှာပါဝင်တဲ့ တောကျောင်းကျေးရွာ မှ ဒေသခံ ဦးမြင့်ဌေးက RFA ကို ပြောပါတယ်။
2013-01-29
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေ ရပ်စဲရေး၊ ပူတာအိုဒေသက ပိတ်ဆို့ထားတဲ့ လမ်းတွေကို ပြန်လည်ဖွင့်လှစ်ပေးရေး၊ ကချင် စစ်ပွဲရဲ့ အကျိုးဆက်ကြောင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာမှုကို ထိန်းချုပ်ပေးရေး စတဲ့ တောင်းဆိုချက်တွေကို ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ နေထိုင်ကြတဲ့ ရဝမ်၊ ဂျိမ်းဖော၊ ခန္တီး စတဲ့ တိုင်းရင်းသားဒေသခံ ပြည်သူ (၄၀၀) နီးပါးက ဒီကနေ့ ပူတာအိုမြို့မှာ တစ်နာရီကြာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
2013-01-28
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း ပိုင်ဆိုင်တဲ့ RedLink အင်တာနက် ဆက်သွယ်ရေးကုမ္ပဏီဟာ ဆက်သွယ်ရေး နဲ့ သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ စီးပွားရေးအရ ပတ်သက်မှု မရှိကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2013-01-28
မြန်မာနိုင်ငံက တခြားနိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ပေးဖို့ရှိနေတဲ့ ကြွေးမြီအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ သန်း ၆ ထောင်နီးပါးကို အထူးအစီအစဉ်တရပ် အဖြစ် ကြွေးမြီရှင်နိုင်ငံတွေက လျှော်ပေးတော့မယ့်အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2013-01-28
KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တစ်ယောက်အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
2013-01-28
အစိုးရနဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့တို့အကြား KIO အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို "ဝ"ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA က ကြားဝင် ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း "ဝ"ပြည် သွေးစည်း ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2013-01-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် ကနေထွက်ခွာပြီး၊ ဒီကနေ့ တောင်ကိုရီးယား စံတော်ချိန် ညနေ ၆ နာရီ ခွဲလောက်မှာ ဆိုးလ်မြို့တော်ကို ရောက်ရှိမှာဖြစ် ပါတယ်။
2013-01-28
မြန်မာနိုင်ငံမှာ လူမှုရေး၊ စီးပွားရေး စီမံကိန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၁၂ သန်း ချေး ငှားရေးနဲ့အတူ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ပြန်လည်စတင်တော့မယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB က ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ ကို အကြွေးသစ် ဒေါ်လာသန်း ၄၄၀ ချေးငှားဖို့ အတည်ပြုလိုက်ပါတယ်။