သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-28
မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံရေးအခြေအနေ ကို လေ့လာနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Marty Natalegawa နဲ့ တွေ့ဆုံပြီး ဆွေးနွေး တင်ပြနိုင်ရေးအတွက် လတ်တလော အကျဉ်းထောင် တွေက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက စာရေး တောင်းဆိုထားတယ်လို့ သိရပါတယ်။
2011-10-28
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပိုပြီး လွှတ်ပေးရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေး တိုက်တွန်းဖို့ အတွက် အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိကြီး ၂ ဦး လာမယ့်အပတ်မှာ လာရောက်မယ်လို့ သိရပါတယ်။
2011-10-28
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးဖို့ အဆင်သင့် ဖြစ်မဖြစ် အချက်အလက် စုဆောင်း ရယူနိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ဟာ မြန်မာနိုင်ငံကို မနေ့က ရောက်ရှိ လာပါတယ်။
2011-10-28
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာ အစိုးရ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် တို့ဟာ အောက်တိုဘာ ၃၀ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။
2011-10-28
စစ်ကိုင်းတိုင်း ကလေး အကျဉ်းထောင်မှာ ထောင်ဒဏ် (၆၈) နှစ် ကျခံနေရတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရဟာ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မရတာကြောင့် သူ့ကို ဆေးကုသ ပေးနိုင်အောင် အမြန် ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက အောက်တိုဘာ (၂၇) ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တောင်းဆို လိုက်ကြပါတယ်။
2011-10-28
မကွေးတိုင်း ဆိတ်ဖြူမြို့နယ်က ရေဘေး ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး အကူအညီတွေ တစ်စတစ်စ ရောက်ရှိလာပေမယ့် ရေဘေးဒဏ် အဆိုးဝါးဆုံး ကြုံတွေ့ရတဲ့ ရွာတွေမှာ အကူအညီ လိုအပ်နေတုန်းပဲ ဖြစ်ပြီး အိမ်တွေ ရေမျောပါသွားလို့ ဒုက္ခသည် တချို့ဟာ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ရွာတွေမှာ နေထိုင် နေရတုန်းပဲလို့ သိရပါတယ်။
2011-10-28
မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၊ ထုတ်ဝေသူ ဝဏ္ဏကျော်ထင် ဦးလှမြင့်ဆွေ နဲ့ ဦးအောင်ဆန်းဦး တို့ အပေါ် ဒေါ်အောင်ဆန်းစုကြည် က စွဲဆိုတဲ့ အမှုကို ကြားနာစစ်ဆေးဖို့ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က ဒီကနေ့ လက်ခံလိုက်ကြောင်း သိရှိရပါတယ်။
2011-10-28
အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မနေ့က စပြီး ရေဖြတ်လိုက်သလို ဒီကနေ့ ထောင်ဝင်စာ တွေလည်း ပိတ်လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
2011-10-28
အမေရိကန် နိုင်ငံရေး လောကမှာ မူဝါဒတွေ ပြောင်းလဲစေဖို့ တိုက်တွန်း စည်းရုံးနေတဲ့ နာမည်ကြီး ဂရိ-အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day Foundation က ကျင်းပတဲ့ သတ္တိရှင် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဝါရှင်တန်ဒီစီမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2011-10-28
အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပတဲ့ (၆) ကြိမ်မြောက် ရောမရုပ်ရှင်ပွဲတော် ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ "They Lady" ရုပ်ရှင်ကားနဲ့ မနေ့က စတင် ဖွင့်လှစ်လိုက်ပါတယ်။
2011-10-27
ပြန်လည် ပြင်ဆင်ချက်တချို့ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့ရာမှာ မနေ့က ပြည်သူ့ လွှတ်တော်ကလည်း ထပ်မံ အတည်ပြုလိုက်ကြောင်း သိရပါတယ်။
2011-10-27
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အသက် (၁၄)နှစ် အရွယ် ကိုးတန်းကျောင်းသား မောင်ဟိန်းစိုးဝင်း ဟာ တစ်လကျော်ကြာ ပျောက်ဆုံးသွားခဲ့ရာက အောက်တိုဘာလ (၂၄) ရက် နေ့ညက နေအိမ်ကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။
2011-10-27
ကလေးအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အရှင်ဂမ္ဘီရ ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွား နေတဲ့အတွက် ဆေးရုံမှာ စနစ်တကျ အမြန်ဆုံး ကုသခွင့်ပေးဖို့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က တောင်းဆိုလိုက်ပါတယ်။
2011-10-27
ငြိမ်းချမ်းစွာစုဝေးခြင်း နဲ့ ဆန္ဒပြခွင့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး မနေ့က ပြင်ဆင်ချက်တချို့နဲ့ အတည်ပြုလိုက်ပါတယ်။
2011-10-27
ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာန အရှေ့မှာ လယ်မြေ အသိမ်းခံရတဲ့ လယ်သမား ၅၀ ခန့် ဆန္ဒပြ ကြတယ်လို့ သိရှိရပါတယ်။