သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-30
တောင်ကြီးမြို့မှာ ဓနုစာပေနဲ့ ယဉ်ကျေးမှုအသင်းက ဦးဆောင်ပြီး ဓနုနီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-04-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ်ခံခွင့် ပေးရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အကျိုး စီးပွားကို အဓိကထား စဉ်းစားသင့်တယ်လို့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က မနေ့က ပြောကြား လိုက်ပါတယ်။
2015-04-30
ကိုးကန့်တပ်ကဖမ်းမိထားတဲ့ အစိုးရတပ် ဘက်က စစ်သုံ့ပန်း ၅ ယောက်ရှိနေပြီး၊ အဲ့ဒီလူတွေကို မကြာခင်ပြန်လွှတ်ပေးမယ် လို့သိရပါတယ်။
2015-04-29
မြန်မာနိုင်ငံမှာ သတင်းထောက်တွေ ဖမ်းဆီးထောင်ချတာနဲ့ သတင်းမီဒီယာတွေ အပေါ်တင်းကြပ်လာ တာတွေကြောင့် လွတ်လပ်စွာရေးသားထုတ်ဖေါ်ပြောဆိုခွင့်၊ အရပ်ဘက် ဆိုင်ရာလွတ်လပ်ခွင့် နှုန်းဟာ အဆင့် ၅ ကနေ၊ အဆင့် ၆ ကို လျော့ကျသွားတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်တဲ့ Freedom House အဖွဲ့က မနေ့ကပြောလိုက်ပါတယ်။
2015-04-29
လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးက ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲဆိုခံထားရတဲ့အမှုကို ပယ်ဖျက်ပေး ဖို့ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှာ စာတင်လိုက်ပါတယ်။
2015-04-29
ပြီးခဲ့တဲ့စနေနေ့ဖြစ်တဲ့ ဧပြီလ ၂၅ ရက်နေ့ က နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသူတွေကို အကူအညီ ပေးဖို့အတွက် မြန် မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က အလှူငွေကောက်ခံရာမှာ ဒီနေ့အထိ ဒေါ်လာ သုံးသောင်းကျော် ရရှိထားပါတယ်။
2015-04-29
အသတ်ဖြတ်ခံလိုက်ရတဲ့ ကချင်တိုင်းရင်း သူ စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး၊ လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်းနဲ့ အလွတ် သတင်းထောက် ကိုပါကြီး တို့အတွက် အောက်မေ့ ဖွယ်အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် တီးတိန်ချင်း နှစ်ခြင်း အသင်းတော်ခန်းမမှာ ကျင်းပခဲ့ပါ တယ်။
2015-04-29
မေလ ၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မှာ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မြောက် ဥက္ကလာပ စက်မှုဇုန်တွေက အလုပ်သမားဦးရေ ၅ဝဝ လောက်က တစ်နေ့လုပ်အားခ ကျပ် ၅၆ဝဝ ရရှိဖို့ အတွက် ဆန္ဒပြတောင်းဆိုမယ်လို့ သိရပါတယ်။
2015-04-29
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့ မှာကျင်းပမယ့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံမှာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် အသေးစိတ်ဆွေးနွေးကြမယ်လို့ ညီလာခံကျင်းပရေးကော်မတီက ပြောပါတယ်။
2015-04-29
လာမယ့်မေလ ၁ ရက်နေ့ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက်နေ့မှာ ကျရောက်မယ့် ကဆုန် လပြည့်နေ့တွေမှာ မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် နဲ့ စီနိုဝမ် စတဲ့ တရုတ်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားစုစုပေါင်း ၁ သောင်းလောက် အလုပ် မဆင်းဘဲ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2015-04-29
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စပါးဆိပ်ကျေးရွာကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် မိသားစု အသုံးအဆောင် ပစ္စည်းတွေကို ကုလသမဂ္ဂကလေး များ ရန်ပုံငွေအဖွဲ့ UNICEF က သွားရောက် လှူဒါန်း မယ်လို့ သိရပါတယ်။
2015-04-29
မြန်မာနိုင်ငံမှာ ကျေးလက်ပြည်သူတွေရဲ့ လူနေမှုဘဝ မြင့်မားရေး၊ ကလေးသူငယ်တွေ ပညာ တတ်မြောက်ရေးအတွက် သံဃာတော်တွေ ဆောင်ရွက်နေကြတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုကို ခေတ္တအလည်အပတ်ရောက်ရှိ လာတဲ့ ဆရာတော်သုံးပါးကို RFA ရုံးချုပ်မှာ ဦးခင်မောင်ညိန်း က တွေ့ဆုံ လျှောက်ထားပြီး တင်ပြထားပါတယ်။
2015-04-29
မြို့ပြစီမံကိန်းဖော်ဆောင်ဖို့ လျာထားခံရတဲ့ မကွေးမြို့မြောက်ဘက်၊ ထုံးပေါက်တောကျေးရွာအုပ်စု က တောင်သူတချို့ရဲ့ လယ်ယာမြေမှတ်ပုံတင် ပုံစံ (၇) တွေဟာ အစစ်မဟုတ်ဘဲ အတုတွေဖြစ်နေတဲ့အတွက် အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။
2015-04-29
နီပေါနိုင်ငံမှာ ဧပြီလ ၂၅ ရက်နေ့က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူတွေနဲ့၊ ဒဏ်ရာရသူတွေအတွက် ဝတ်ပြုဆုတောင်း ပွဲတခုကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဒီကနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2015-04-28
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့နယ်မှာ မြန်မာအလုပ်သမား ၂၀ ဦးကို တင်ဆောင်လာတဲ့ မော်တော် ကား တစ်စီး မနေ့ညက တိမ်းမှောက်ခဲ့တာကြောင့် ၉ ဦးသေဆုံးခဲ့ပြီး အလုပ်သမား ၉ ဦး ဆေးရုံတင်ထားရ ပါတယ်။