သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မညှင်းတောင်အနီး ဩဂုတ် ၃၀ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-08-30
မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ တရုတ်ရဲ့အခန်းကဏ္ဍ ၅၄ ရာခိုင်နှုန်း ရှိနေတဲ့အတွက် အပြုသဘော လုံးလုံးမဆောင်ဘူးလို့ ရှုမြင်ကြသလို အနည်းနဲ့အများ အပြုသဘောဆောင်ကြောင်း မှတ်ချက်ပြုသူ ၄၀ ရာခိုင်နှုန်း ရှိကြောင်းလည်း တွေ့ရပါတယ်။
2022-08-30
အမေရိကန်အစိုးရရဲ့ မြန်မာ့အရေး လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီအရေး အားပေးကူညီမှုအပြင် အင်အားကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို မဟာဗျူဟာကျကျ ထိန်းချုပ်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ လေ့လာသုံးသပ်မှုတွေ ရှိနေပါတယ်။
2022-08-30
ကိုမောင်တာနဲ့ ကိုဌေးလွင်တို့နှစ်ဦးဟာ မိသားစုကို သတိရတဲ့စိတ်နဲ့ ဘယ်တော့ပြန်လွှတ်မှာလဲ မေးခဲ့တဲ့အတွက် အသတ်ခံရတာဖြစ်ပြီး၊ ကိုယ့်ကိုမြှုပ်မယ့် မြေကျင်းကို ကိုယ်တိုင်တူးပြီးမှ အသတ်ခံရတာဖြစ်တယ်လို့လည်း ကိုမောင်တာတို့နဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။
2022-08-30
အာဏာမသိမ်းခင်က စားအုန်းဆီတစ်ပိဿာ ၅ဝဝဝ ကျပ်ရှိခဲ့ရာကနေ အခုဆိုရင် ၁၂ဝဝဝ ကျပ်အထိ ဖြစ်နေပြီလို့ ရန်ကုန်မြို့နေ အိမ်ရှင်မတွေဆီကနေ စုံစမ်းသိရပါတယ်။
2022-08-30
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာဈေးကို ပုံသေရည်ညွှန်းနှုန်း ၂၁၀၀ ကျပ် သတ်မှတ်ထားပေမယ့် ပုဂ္ဂလိကဘဏ်တွေကတော့ နိုင်ငံခြားငွေ ပေးချေမှုတွေ လုပ်နိုင်တဲ့ ဗီဇာကတ် (Visa Card) နဲ့ မာစတာကတ် (Master Card) အသုံးပြုတွေထံကနေ အပြင်ပေါက်စျေးထက်တောင် ပိုယူနေတယ်လို့ အသုံးပြုနေသူတွေက ပြောပါတယ်။
2022-08-30
အာဏာသိမ်း ၁၈ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ လူနေအိမ် သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံရတာဟာ စစ်ရာဇဝတ်မှု မြောက်တာကြောင့် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
2022-08-30
ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်တွေမှာ ချင်းဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက လမ်းတွေမှာ စစ်ဆေးကန့်သတ်နေတဲ့ အပြင် ကုန်ဈေးနှုန်း မြင့်တက်တဲ့ အတွက် အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
2022-08-30
“ထောင်ဝင်စာပို့ကြမယ်” ဆိုတဲ့ အဖွဲ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင့် အကျဉ်းထောင်အသီးသီးမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်း စားဝတ်နေရေး ပြေလည်စေဖို့အတွက် ပြင်ပကနေ ဝိုင်းဝန်းထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ပါ။
2022-08-30
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ တက္ကသိုလ်ရိပ်မွန် အိမ်ရာမှာရှိတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း (ခေါ်) ကိုကျော်ကျော်ဌေးလွင်ရဲ့ နေအိမ်တိုက်ခန်းကို စစ်ကောင်စီက ဩဂုတ်လ ၂၈ ရက်နေ့မှာ ချိပ်ပိတ်လိုက်တယ်လို့ အနီးအနား နေထိုင်သူတွေက ပြောပါတယ်။
2022-08-30
ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာန သတင်းထောက်နှစ်ဦးအပေါ် တရားစွဲထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ (က) ကို စစ်ကောင်စီတပ်ဘက်က ရဲစခန်းမှာ လာရောက် ပိတ်သိမ်းလိုက်ပြီလို့ DMG သတင်းဌာနက RFA ကို ပြောပါတယ်။
2022-08-30
ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေလုပ်ငန်းရှင်တွေကို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချဖို့ စစ်ကောင်စီက ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ဩဂုတ်လ ၃၀ ရက် ဒီနေ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ သုံးဆ့ယ်တစ်သိန်းကျော် (၃,၁၂၀,၀၀၀) အထိ ဖြစ်နေတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။
2022-08-30
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ တရိန်းရွာမှာ ဩဂုတ်လ ၂၉ ရက် မနေ့ညနေပိုင်း ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်နှစ်ဖက်လုံး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-30
မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ မသဲစုနိုင် (ခ) မဂျူးကို ဩဂုတ်လ ၂၉ ရက် မနေ့က မိတ္ထီလာတရားရုံးကနေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ခုနစ်နှစ် ချမှတ်လိုက်တယ်လို့ မသဲစုနိုင်ရဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။
2022-08-29
နိုင်ငံအနှံ့အပြားမှာ ဒေသခံပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းအကူအညီနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပိုမိုထိရောက်စွာ ပြန်လည်ရင်ဆိုင်ရေးအတွက် အထူးစီမံချက်တစ်ခုဖြစ်တယ်လို့ NUG အသိုင်းအဝိုင်းက ပြောပါတယ်။