သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-10
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ဇာဒတ်ကြီးကျွန်းမှာ ထိန်းသိမ်းထားတဲ့ မွတ်စလင် ၁၇၀ ကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်ပေး လိုက်ပြီလို့ ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောပါတယ်။
2020-01-10
ပင်လုံအစ ကချင် ကဆိုတဲ့စိတ်ဓာတ်၊ လွတ်လပ်ရေးနေ့နဲ့အတူ ဖွားမြင်လာတဲ့ ကချင်ပြည်နယ်နေ့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးအတွက် အတူ လက်တွဲသွားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2020-01-10
တပ်မတော်တစ်ခုတည်းထားရှိရေး၊ ပြည်ထောင်စုကနေ ခွဲမထွက်ရေးဆိုတဲ့အချက်တွေပါတဲ့ ဖက်ဒရယ် အခြေခံမူတွေကို ဆွေးနွေးပြီး မပြေလည်လို့ တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းနေခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဇန်နဝါရီလ ၈ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ JICM အစည်းအဝေးပြီးနောက် ပြေလည်မှုတွေ ပြန်ရလာခဲ့ပါတယ်။
2020-01-10
စစ်ကိုင်းမြို့၊ မင်းကွန်းတိုက်နယ်၊ ကင်းကျေးရွာကနေ လူကုန်ကူးခံလိုက်ရတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ တရုတ်နိုင်ငံကနေ ရှမ်းပြည်နယ် မူဆယ်မြို့ကို ပြန်ရောက်နေပြီဖြစ်ပေမယ့် မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ခြင်း မရှိသေးပါဘူး။
2020-01-10
အခြေခံပညာကျောင်းတွေ ကျောင်းဖွင့်ရက် တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေရဲ့ သဘောထားနဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့အတွက် မန္တလေးပညာရေးကောလိပ်မှာ ဒီကနေ့ မနက်က ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
2020-01-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်တဲ့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်း တို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ တရားလိုရှေ့နေတွေရဲ့ လျှောက်ထားချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2020-01-09
မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အကြောင်းပြထားတဲ့ ခေတ်သစ် ကိုလိုနီပြုခံရမယ့် အန္တရာယ်ရောက်နေတဲ့အတွက် တပ်မတော်နဲ့တိုင်းပြည်ကို ကာကွယ်မယ့် ပါတီနဲ့လူတွေကို မဲပေးကြဖို့ဆိုပြီး သမ္မတဟောင်း ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်က ဂါရဝပြုပွဲမှာ ပြောလိုက်ပါတယ်။
2020-01-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာတရားရုံး ICJ မှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ တပ်မတော်သားတွေကို ပြည်တွင်းစစ်ဘက်တရားရုံးမှာ စစ်ဆေးနေတာကို စောင့်ကြည့်ဖို့ နိုင်ငံတကာ တရားသူကြီး ၁၇ ယောက် ရှေ့မှောက်မှာ ပြောဆိုခဲ့ပါတယ်။
2020-01-09
NLD အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကားတင်သွင်း ခွင့်ပြုဖို့ ဆောင်ရွက်တာဟာ အပြင်မှာ ဝေဖန်နေကြသလို ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အနေနဲ့ ဆောင်ရွက်တာမျိုး မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့် ပြောပါတယ်။
2020-01-09
RFA ကိုရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေကRFA ပရိတ်သတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2020-01-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်တွင်းစစ်တရားရုံးစီရင်ချက်ကိုစောင့်ကြည့်ဖို့ နိုင်ငံတကာတရားရုံး ICJ မှာ ထည့်သွင်းပြောဆိုခဲ့ ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဂူတာပြင်အမှုနဲ့ ပတ်သတ်တဲ့ ထွက်ဆိုချက်က ဘာတွေလဲ၊ အရာရှိအဆင့် ဘယ်သူတွေပါပြီး၊ တပ်မတော်သား ဘယ်နှစ်ယောက်လဲဆိုတာ တရားရုံးချိန်း ငါးကြိမ် စစ်ပြီးတဲ့အထိ မသိရသေးပါ။
2020-01-09
ရာထူးကြီး ရထားတဲ့သူတွေကို ကားပါမစ်ထုတ်ပေးဖို့ အစီအစဉ်ဟာ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးမရှိတာကို ပြသရာရောက်ပြီး အစိုးရအတွက်ရော လက်ရှိ အာဏာရပါတီ NLD အတွက်ပါ ပုံရိပ်ထိခိုက်စေနိုင်တယ်လို့ တရားရေးနဲ့ နိုင်ငံရေးလောကက ထောက်ပြမှု တွေရှိနေပါတယ်။
2020-01-09
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာထဲကို ဒီနေ့ညနေ သုံးနာရီခွဲလောက်က ဗုံးသီးနဲ့ ပစ်ခတ်ခံရလို့ ကလေး သုံးဦးနဲ့ လူကြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
2020-01-09
အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်လီမီတက်နဲ့ လက်တွဲ လုပ်ကိုင်နေတာကို ရပ်ဆိုင်းလိုက်ပေမယ့် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ပေမယ့် တပ်မတော်မိသားစုတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2020-01-09
အခုတစ်ပတ် "နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... မွန်ညီညွတ်ရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ နိုင်သီဟ ကို RFA ဝိုင်းတော်သား ကိုသီဟထွန်း က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။