သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-12
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနဲ့ မတရားမှုတွေကို ဖြေရှင်းပေးဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီကြီး သုံးခုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားလွှာတွေ ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။
2020-11-12
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းတွေရရှိခဲ့တဲ့ တပ်မတော်သားတွေရဲ့ ထောက်ခံမဲဟာ ၂၀၁၅ ရွေးကောက်ပွဲကထက် ပိုများတယ်လို့ NLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တပ်အပြင်ဘက်ထွက်ပြီး မဲပေးခွင့်ရခဲ့ခြင်းရဲ့ ရလဒ် ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
2020-11-12
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ရက္ခိုင့်တပ်တော် AA က စာထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။
2020-11-12
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရဲ့ လွှတ်တော်နေရာအားလုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီနေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2020-11-12
ကယားပြည်နယ် ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးစိုးရယ် က အနိုင်ရခဲ့ပါတယ်။
2020-11-12
RFA က အပတ်စဥ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေး အစီအစဥ်မှာ "ရွေးကောက်ပွဲရလဒ်နဲ့ နောက်ဆက်တွဲဂယက်" ဆိုတဲ့ခေါင်းစဥနဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။
2020-11-12
ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီ လို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုပုဒ်မ ၂၂၄ နဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးကအမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2020-11-12
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့၊ မန္တလေးတိုင်း မြင်းခြံ၊ အမရပူရနဲ့ ပြင်ဦးလွင်မြို့၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့က RFA ပရိသတ်တွေ ရေးသားပေးပို့လာတဲ့စာတွေနဲ့ ဆက်သွယ်ပြောလာတာတွေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-11-12
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့က လက်နက်ကြီးကျခဲ့လို့ ဒဏ်ရာရသူ ခြောက်ဦးထဲက ကလေး နှစ်ဦးနဲ့ လူကြီး နှစ်ဦးဟာ စစ်တွေဆေးရုံကြီးကို ဒီနေ့ မနက်အစောပိုင်းက အရေးပေါ်ကုသပေးနိုင်ရေးအတွက် ရောက်လာကြပါတယ်။
2020-11-12
တနင်္သာရီတိုင်း တစ်တိုင်းလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)က ကိုယ်စားလှယ်တွေသာ အနိုင်ရရှိသွားတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-11-11
တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ စွပ်စွဲချက်ပဲဖြစ်ပြီး ပြစ်မှုကျူးလွန်တာတွေရှိရင် တိုင်ကြားနိုင်တဲ့ အကြောင်း UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။
2020-11-11
အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
2020-11-11
ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ မနေ့ညနေက ရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေး လေးဦးအပါအဝင် ခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။
2020-11-11
ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲကျင်းပခဲ့တဲ့ စစ်တွေ၊ အမ်း၊ တောင်ကုတ် စတဲ့ မြို့နယ်တွေက ရွေးကောက်ပွဲရလဒ်တချို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်လိုက်ပါတယ်။
2020-11-11
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ချင်းတိုင်းရင်းသားပါတီတွေဟာ ဒီနှစ်ရွေးကောက်ပွဲမှာ လွှတ်တော်သုံးနေရာအတွက်ပဲ အနိုင်ရခဲ့တယ်လို့သိရပါတယ်။