သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-21
အဝေးပြေးယာဉ်လိုင်းတွေနဲ့ နယ်ဝေးသွားတဲ့ ခရီးသည်တွေအနေနဲ့ မှတ်ပုံတင်သာမကပဲ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ် အပြည့်အစုံ မှတ်တမ်းပေးပြီးမှသာ ခရီးသွားလက်မှတ် ဝယ်ယူလို့ရနေတယ်လို့ ခရီးသွားသည်က ပြောပါတယ်။
2022-08-21
ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ကျန်းမာရေးဋ္ဌာနရဲ့ ခုတင် ၅၀ ဆံ့ ဆေးရုံကို ဩဂုတ်လ ၂၀ ရက် မနေ့မနက်ပိုင်းမှာ ဖွင့်လှစ်လိုက်တယ်လို့ CNO က သတင်းထုတ်ပြန်ပါတယ်။
2022-08-20
သူတို့တွေဟာ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ဖို့ကြိုးစားကြရင်း ရာသီဥတု အခြေအနေ ဆိုးတာကြောင့် အရေးပေါ် ကမ်းကပ်ချိန်မှာ ဖမ်းဆီးခံရတာလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက RFA ကိုပြောပါတယ်။
2022-08-20
ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံမှုအတွင်း ကန့်ကွက်ရှုတ်ချရမယ့်အစား မစ္စနိုလင်းဟေဇာဟာ စစ်အာဏာရှင်တွေကို ကျေနပ်အောင် ချော့မော့ခဲ့တယ်လို့ ခရီးစဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့ညပိုင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2022-08-20
ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက် ဖွံ့ဖြိုးရေးလမ်းမှာရှိတဲ့ နေအိမ်တစ်ခုမှာ ဩဂုတ်လ ၁၉ ရက် မနေ့ညနေ ငါးနာရီကျော်လောက် ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အထက်တန်းကျောင်းသား လူငယ်ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-20
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောကြားပါတယ်။
2022-08-20
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မြဝတီ - ဝေါလေ ကားလမ်းမပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ Cobra စစ်ကြောင်းတို့ ဩဂုတ်လ ၁၉ ရက် မနေ့မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်နေပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်က ခြောက်ဦးသေဆုံးသလို နှစ်ဦးဖမ်းမိတယ်လို့ Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
2022-08-20
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ ကျောင်းဆရာ နှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးသွားပြီး ဒီနေ့ လေးရက်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
2022-08-20
ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ (Noeleen Heyzer) မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ကြောင့် တိုးတက်ပြောင်းလဲမှု မရှိခဲ့တဲ့ အပြင် စစ်ကောင်စီရဲ့ဝါဒဖြန့်ချီမှုတွေအတွက် အသုံးချခံ ဖြစ်သွားတယ်လို့ ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ သုံးသပ်သူတွေက ပြောပါတယ်။
2022-08-20
လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခြေလျင်ခြေမြန် တပ်ဖွဲ့ အင်အားဟာ တစ်သိန်း ခန့်ပဲရှိတယ်လို့ CDM အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီတပ်ဖွဲ့ဝင်တွေ အများစုဟာလည်း ခံယူချက် မရှိတဲ့ လူဆိုးလူမိုက် အခြေအနေမဲ့တွေ ဖြစ်ကြတဲ့အတွက် ရည်မှန်းချက်မြင့်မြတ်တဲ့ EAO ၊ PDF စတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်ရာမှာ စိတ်ဓာတ်ရော တိုက်ခိုက်စွမ်းရည်ပါ ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူးလို့ ဝေဖန်သူတွေက ပြောပါတယ်။
2022-08-20
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာ (Noeleen Heyzer) က အပြုသဘောမဆောင်တဲ့ တစ်ဖက်သတ်ပြောကြားမှုတွေကို ထုတ်ပြန်ခဲ့တယ်လို့ စစ်ကောင်စီက သြဂုတ်လ ၁၉ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2022-08-19
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲက လိုအပ်ချက် တစ်ခုဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုခဲ့ပြီးတဲ့နောက် အမျိုးသား ညီညွတ်ရေး အစိုးရနဲ့လည်း အပြုသဘောဆောင်ပြီး တရားဝင်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ SAC-M က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2022-08-19
စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးခင်ရီ၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) က ဝန်ကြီး ဦးချစ်နိုင်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားယူခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
2022-08-19
ဒီအပတ်စကားဝိုင်းမှာ တိုက်ပွဲတွေမကြာခဏ ပြန်လည်ဖြစ်ပွားလာနေတဲ့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေ၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ရပိုင်ခွင့်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ ခရီးစဉ်ဆိုင်ရာ ဝေဖန်သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2022-08-19
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က ဒုက္ခသည်စခန်း သုံးခုကို လာမယ့် ၂၀၂၃ ဧပြီမှာ အပြီးပိတ်သိမ်းဖို့ ရှမ်းပြည်နယ် စစ်ကောင်စီတာဝန်ရှိသူတွေက ညွှန်ကြားထားတဲ့အတွက် နေရပ်ပြန်ရေးနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။