သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-21
မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို ဖော်ပြခဲ့တဲ့ တနင်္သာရီတိုင်းမ်ဂျာနယ်ကို သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲဆိုဖို့အတွက် တိုင်းအစိုးရက ဦးတိုက်လျှောက်ထားတာကို ထားဝယ်မြို့နယ် တရားရုံးက လက်ခံလိုက်တယ်လို့ တနင်္သာရီတိုင်မ်းဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောပါတယ်။
2017-12-21
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက် ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့်ထားတယ်လို့ ၂ဝ၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
2017-12-21
ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂ဝ၁၇ ဒီဇင်ဘာလ ၂ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းမီဒီယာကောင်စီရဲ့ ရပ်တည်ချက်ကို ပြောကြားခဲ့ပါတယ်။
2017-12-21
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ရခိုင်နဲ့ ချင်းပြည်နယ်အစပ်က ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်လောက်ရှိနေပြီလို့ AA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
2017-12-21
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ အမည်မသိ ရုပ်အလောင်း ၁၀ ခု တွေ့ရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2017-12-21
ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ရပ်တည်ချက်ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကောင်စီ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
2017-12-21
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်မောင် နဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးကို နိုင်ငံတော်အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃နဲ့ အမှုဖွင့်ထားတယ်လို့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-12-21
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို အစိုးရက မြန်မာနိုင်ငံကို လာရောက်ခွင့်မပြုတော့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတာဝန်ရှိသူက ပြောပါတယ်။
2017-12-21
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေကို အစိုးရက လက်မခံတော့ဘူးလို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
2017-12-21
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအနက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်ရဲ့ဇနီးက ခင်ပွန်းဖြစ်သူ အဖမ်းခံရတဲ့နေ့က ရဲအရာရှိတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားတယ်ဆိုတာ သူသိရှိတယ်လို့ ပြောပါတယ်။
2017-12-21
မြန်မာ့သတင်းမီဒီယာလောက အကြောက်တရားနဲ့ ရှင်သန်လာနေရသလို၊ သတင်းသမားတွေရဲ့ လုံခြုံရေးလည်း စိုးရိမ်လာရတဲ့ အခြေအနေဖြစ်နေပြီ ဆိုတဲ့အသံတွေညံနေပါတယ်။
2017-12-20
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်မှာ မည်သူမည်ဝါ မသိရသေးတဲ့ ရုပ်အလောင်း ၁၀ လောင်း မြှုပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ စုံစမ်းစစ်ဆေးဖို့ အကြီးတန်း စစ်တပ်အရာရှိတဦးကို မြန်မာ့တပ်မတော်က တာဝန်ပေးခန့်အပ်လိုက်ပါတယ်။
2017-12-20
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် နှစ်ဦးကို မေးမြန်းစစ်ဆေးနေတာ ပြီးစီးလုနီးဖြစ်နေပြီမို့၊ မကြာခင် ရုံးတင်စစ်ဆေးတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။
2017-12-20
မြန်မာ့တပ်မတော်စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။
2017-12-20
မြန်မာနိုင်ငံမှာ Reuters သတင်းထောက် နှစ်ဦးကို ဖမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ အခြေစိုက်၊ အစိုးရမဟုတ်တဲ့ အန်ဂျီအို လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Human Rights Now အဖွဲ့က ဂျပန်အစိုးရကို ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။