သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောတဲ့အထဲမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိဖို့လည်း အပါအဝင်ဖြစ်ပါတယ်။ မနေ့က နေပြည်တော်မှာ လွတ်လပ်တဲ့ ရှေ့နေများအသင်း ဖွဲ့စည်းတဲ့အခမ်းအနားမှာလည်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ထပ်မံပြောကြားလိုက်ပါတယ်။
2016-01-21
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရှေ့နေများအသင်း တရားဝင်ဖွဲ့စည်းဖို့အတွက် နေပြည်တော် Kempinski ဟိုတယ်မှာ ငါးရက်ကြာ ဆွေးနွေးနေ ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ခဲ့ပါတယ်။
2016-01-21
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ သပိတ်မှောက် ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- အထက်မြန်မာပြည် ဗကသ ကျောင်းသားတွေ ဦးဆောင်ပြီး မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-01-21
လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်နယ် လွှတ်တော်နဲ့ ပတ်သက်တဲ့ အားနည်းချက် အားသာချက်တွေကို စစ်တွေမြို့က စစ်တွေ ဟိုတယ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-01-21
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်မှာ ရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ရာကျော်ဟာ လုပ်ခတလစာ အပြည့်မရတဲ့အတွက် ဆန္ဒပြနေကြရာမှာ အလုပ်ရှင်က ကျပ်သိန်း ၃၃ဝ ကျော် ပေးအပ်ခဲ့ပါတယ်။
2016-01-21
မကွေးလေဆိပ် လေယာဉ်ပြေးလမ်းအတွက် စစ်အစိုးရလက်ထက် ၂ဝဝ၁ ခုနှစ်ကတည်းက မြေယာသိမ်းဆည်းခံခဲ့ရတဲ့ ဒေသခံ တောင်သူတွေကို နစ်နာကြေးထုတ်ပေးရာမှာ ခေတ်ကာလပေါက်ဈေးနဲ့ မညီမျှတဲ့အတွက် တောင်သူတချို့က လျော်ကြေးလက်ခံဖို့ ငြင်းဆန်ထားပါတယ်။
2016-01-21
တွင်းထွက်နဲ့ သယံဇာတ လုပ်ငန်းတွေမှာ နိုင်ငံတကာ စံချိန်မီဖို့အတွက် အစိုးရက ကြိုးပမ်းနေတဲ့ EITI လုပ်ငန်းစဉ်တွေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ MATA အဖွဲ့က ပူးပေါင်းလုပ်ဆောင်ရာမှာ ကုမ္ပဏီတွေဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ MATA အဖွဲ့ဝင်တွေက ပြောပါတယ်။
2016-01-20
အမေရိကန်ပညာရေးစနစ်ကို လာရောက်လေ့လာ ခဲ့တဲ့ NNER ပညာရေးကွန်ရက်အဖွဲ့ဝင် ဦးစိုးထွန်းနဲ့ RFA အဖွဲ့သား ဦးသစ်ဆင်း တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို နားဆင်နိုင်ပါတယ်။
2016-01-20
ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် မြန် မာနိုင်ငံရဲ့ ရေနံထွက်ရှိနှုန်း ထိခိုက်နေ ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။
2016-01-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကြာခင်ပေါ်ပေါက်လာမယ့် လွှတ်တော် သစ်တွေအတွက် ထိပ်တန်းတာဝန် ၄ ခုမှာ ၃ ခုကို တိုင်းရင်းသားကိုယ်စားလှယ်တွေထဲက ရွေးချယ် ထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2016-01-20
၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ ဦးညီညီလွင်ကို နယ်စပ်ဖြတ်ကျော်မှုနဲ့ မန္တလေးမြို့မှာ ဖမ်းဆီးလိုက်ပြီး အိုးဘိုအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
2016-01-20
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ပြီးခဲ့တဲ့နှစ်က စတင်ဆန္ဒပြတောင်းဆိုကြတဲ့ အထက်မြန်မာပြည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေဟာ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့မှာ ဒီကနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2016-01-20
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် က ကျေးရွာ ၇ ရွာမှာ သမဝါယမဝန်ကြီး ဌာနက သိမ်းယူထားတဲ့ လယ်မြေဧက ၆၀၀ ကျော်ဟာ သမဝါယမအသင်းက ပိုင်ဆိုင်ကြောင်း မြေ ယာပိုင်ဆိုင်မှု ပုံစံ(၇) ချပေးလိုက်တဲ့အတွက် ဒေသခံ တစ်ရာကျော်က ဒီကနေ့ မတ္တရာမြို့မှာ ကန့်ကွက်ဆန္ဒပြကြ ပါတယ်။
2016-01-20
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ လုပ်ခတစ်လစာရဖို့ အတွက် နှစ်လကျော်ကြာ ဆန္ဒပြတောင်းဆိုရာမှာ အလုပ် သမားတွေရဲ့ တောင်းဆိုမှု အောင်မြင်ခဲ့ပြီး၊ ကုမ္ပဏီ က ငွေကျပ်သိန်း ၃၃၀ ကျော် ပေးအပ်လိုက်ပါတယ်။
2016-01-20
ပြီးခဲ့တဲ့နှစ်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ သီးသန့်ရန်ပုံငွေကနေ ကျပ် သန်းပေါင်း နှစ်သောင်းနီးပါး သုံးစွဲ ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။