သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-09
RFA က စီစဉ်ရိုက်ကူးပြီး DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့ နိုင်ငံရေး" အစီအစဉ်မှာ... "၂၀၁၉ - နိုင်ငံရေး အတက်အကျ၊ အဆိုးအကောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၉ နိုင်ငံရေးနှစ်ချုပ် သုံးသပ်ချက်ကို ဆွေးနွေးထားပါတယ်။
2020-01-09
မန္တလေးတက္ကသိုလ်ဝင်းထဲ စားသောက်ဆိုင် တည်ဆောက်ရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ဒီကနေ့ ဆန္ဒပြ သပိတ်မှောက်ကြပါတယ်။
2020-01-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ဖို့အတွက် မြစ်ကြီးနားမြို့ကို ဒီနေ့မနက်ပိုင်းက ရောက်ရှိခဲ့ပါတယ်။
2020-01-08
ပထဝီနိုင်ငံရေးကို အသုံးချတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာသာမက ဒီနှစ်နိုင်ငံလို လူဦးရေများလှတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အိမ်နီးချင်းဖြစ်နေရတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်က တရုတ်နဲ့ အိန္ဒိယ စီမံကိန်းတွေအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2020-01-08
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။ နှစ်နိုင်ငံကြား နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဿနာတွေနဲ့ မတူကွဲပြားချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။
2020-01-08
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၂ ရက်နေ့က တပ်မတော်က AAအဖွဲ့ဝင်တွေဆိုပြီး ဖမ်းဆီးတရားစွဲဆိုခံရသူ ၁၂ ဦးကို မှားယွင်း ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ သုံးသပ်ပြီး စစ်တွေခရိုင်တရားရုံးက ဒီနေ့ ပြန်လွှတ် ပေးလိုက်ပါတယ်။
2020-01-08
တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်အနေနဲ့ အခုလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သတင်းတွေထွက်နေပါတယ်။
2020-01-08
ရခိုင်ပြည်နယ်မှာ ဆောင်ရွက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး စီမံကိန်း တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်ကြောင်း IRC က သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-01-08
လက်နက်ကိုင်ပြီး အားသာချက်ယူတာတွေ၊ ဖြေရှင်းချက်အသစ်တွေနဲ့ စိတ်ကူးယဉ်မှုတွေနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သတိပေး ပြောကြားလိုက်ပါတယ်။
2020-01-08
အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ လက်တွဲလုပ်ကိုင်နေတာကို အဆုံးသတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
2020-01-07
NLD အစိုးရသက်တမ်းကာလ လေးနှစ်နီးပါးထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ထောက်ပြပြောဆိုတဲ့သူတွေ၊ တပ်မတော်ကို ဝေဖန်တဲ့သူတွေ၊ ရခိုင်ပြည်နယ်က စစ်ပွဲသတင်းတွေတင်ပြတဲ့သူတွေအပါအဝင် လူပေါင်း ၉၆ ယောက်ကို တပ်မတော်က တရားစွဲခဲ့တယ်လို့ အသံအဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2020-01-07
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပတဲ့အခါ ရခိုင်ပြည်နယ်က မြို့နယ်အများစု ဒါမှမဟုတ် တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခက်အခဲတွေရှိနိုင်တယ် ဆိုတဲ့ ယူဆချက်တွေရှိနေပါတယ်။
2020-01-07
အခြေခံပညာကျောင်း စာသင်ကာလကို မတ်လကုန်အထိ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို ရန်ကုန်ပညာရေး ကောလိပ်နဲ့ မကွေးပညာရေးကောလိပ်တို့က ဒီနေ့စတင်လိုက်ပါတယ်။
2020-01-07
လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်မနောပွဲတော်ဆိုပြီး မြန်မာလိုသာ ရေးသားတပ်ဆင်မှာကို ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့ဒေသခံတွေက ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။
2020-01-07
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ လက်ရှိ NCA-S EAO (၁၀) ဖွဲ့ထဲနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာ သတိထားဖို့လိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်ပါတယ်။