သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-04
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်လာတဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လကနေ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့ အထိ RFA က ရရှိထားတဲ့ အချက်အလက်တွေအရ အရပ်သား ၂၅၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၆၀ အထိ ရှိလာပါတယ်။
2020-06-04
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-06-03
အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ/ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)နဲ့ ရခိုင့်တပ်တော် AAတို့အကြား မှာ တင်းမာမှုတွေရှိလာနေပါတယ်။ ALA အဖွဲ့ဝင်တွေကို AA က ဖမ်းဆီးသတ်ဖြတ်နေ တယ်လို့ စွပ်စွဲမှုတွေရှိနေပြီး AA ဘက်ကတော့ ဒါက သူတို့နဲ့မဆိုင်ဘူးလို့ပြောနေပါတယ်။
2020-06-03
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းစာရင် အတော်နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဒီအခြေအနေကို ကျေနပ်ပြီး ပေါ့ဆနေသူတွေကြောင့် ဘယ်လို ဆိုးကျိုးတွေဖြစ်လာနိုင်သလဲ။
2020-06-03
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက် ကို ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ နဲ့ အာဏာပိုင်တွေက တရားစွဲဆို ဆိုထားပါတယ်။
2020-06-03
မုံရွာမြို့မှာ အလုပ်အကိုင်ရှားပါးသူတွေအတွက် သစ်ပင်စိုက်ရင် ရိက္ခာပေးမယ့်အစီအစဉ်ကို Save Monywa အဖွဲ့က စီစဉ်နေပါတယ်။
2020-06-03
ရှမ်းပြည်နယ်မှာ တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ တောင်သူတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ အရပ်ဘက် အဖွဲ့အစည်း တွေ စုပေါင်းတောင်းဆိုလိုက်ပါတယ်။
2020-06-03
ချင်းတိုင်းရင်းသူတွေဟာ ဓလေ့ထုံးစံတွေကြောင့် အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးမရဘဲ ဆုံးရှုံးနေပါတယ်။ ဒီအခြေအနေ တိုးတက်လာဖို့ဆိုရင် နိုင်ငံရေးမှာ ပိုမို ပါဝင်ရေး ကြိုးပမ်းဖို့ လိုအပ်သလို ဥပဒေပြုပြင်ပြောင်းလဲရေးကိုပါ လုပ်ဆောင်ရမယ်လို့ ချင်းတိုင်းရင်းသား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
2020-06-03
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်ကို မကြေညာသေး ပေမယ့် အာဏာရပါတီနဲ့ နိုင်ငံရေးပါတီတချို့ကတော့ ပြင်ဆင်ရွေးချယ်တာတွေ စတင်ပြုလုပ်နေကြပါပြီ။
2020-06-02
မန္တလေး၊ ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ကျောင်း သားတွေကို စီမံခန့်ခွဲမှုပိုင်းမှာ ဖိနှိပ်မှုတွေရှိနေတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့က မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-06-02
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက အူခီးယာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦး ပထမဆုံးအကြိမ် စနေနေ့က သေဆုံးသွားခဲ့ပါတယ်။ အဲဒီဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂအရာရှိတွေက ဒီရောဂါကူးစက်ပြန့်ပွားမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။
2020-06-02
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့ နေ့လယ်က တပ်မတော်စစ်ကြောင်းကို အေအေက မိုင်းခွဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2020-06-02
အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် AA အပါအဝင် တအာင်းပလောင် TNLA နဲ့ ကိုးကန့် MNDAA တို့ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က တပ်မတော်နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
2020-06-02
ကိုရိုနာဗိုင်းရပ်အန္တရာယ်ကြောင့် ပြည်နယ်နဲ့ တိုင်းအသီးသီးက ဟိုတယ်တွေ ရပ်နားထားခဲ့ရာ အခုဆိုရင် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်း ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။
2020-06-02
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကယားပြည်နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်နေသူတွေ နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက်တွေရှိနေပါတယ်။ လိုအပ်ချက်တွေအတွက် ပြည်နယ်အစိုးရရဲ့ အရေးပေါ်ရန်ပုံငွေကနေ အသုံးပြုသင့်ကြောင်း တောင်းဆိုတာတွေလည်း ရှိနေပါတယ်။