သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-10
မကွေးတိုင်း မင်းဘူးမြို့နယ် မင်းဘူးမန်းရေနံမြေမှာ မြန်မာ့ရေနံတူးဖော်ရေးလုပ်ငန်းနဲ့ MPRL ကုမ္ပဏီ ပူးပေါင်းလုပ်ကိုင်နေတဲ့ မြေနေရာတွေအတွက် လျော်ကြေးရချင်တဲ့ ဒေသခံတောင်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။
2019-09-09
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒီနေ့ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူတဲ့ နှစ် ၈ဝ ပြည့် အခမ်းအနားကို ဒီနေ့ကျင်းပခဲ့ပါတယ်။
2019-09-09
ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ နော်အုန်းလှကို ကျောက်တံတားရဲစခန်းက ငြိမ်းစုစီ ပုဒ်မ ၂ဝ နဲ့ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းက အလုံမြို့နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။
2019-09-09
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံနေ မြန်မာနိုင်ငံသား အလုပ်သမားတွေဆီကနေ ကိုရီးယားဝမ်ငွေ သိန်း ၂ဝဝဝ ကျော်လောက် လိမ်လည်မှုနဲ့ ပတ်သက်ပြီး လိမ်လည်သူကို ဖမ်းမိရေးအတွက် လိုအပ်ရင် နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့ ကိုးရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောကြားလိုက်ပါတယ်။
2019-09-09
ဘဏ်တွေအပေါ်မှာထားရှိတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုအပေါ်မူတည်ပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးကွက် တည်ငြိမ်လာတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးစိုးမင်းက ဒီကနေ့ ပြောလိုက်ပါတယ်။
2019-09-09
သြဂုတ်လ ၁၅ရက်နေ့က စတင်ဖြစ်ပွားတဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ရဲ့တိုက်ပွဲဟာ စက်တင်ဘာလ ၉ရက်နေ့က စပြီး ရပ်သွားတာကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းလည်း နေ့ညမပြတ် ပြန်လည်သက်ဝင်လာပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေလည်း နေရပ်ပြန်နေကြပါပြီ။
2019-09-09
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရက နှစ်စဉ် ဦးဆောင်ကျင်းပနေတဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဒီနှစ်မှာ ဦးဆောင်ကျင်းခြင်းမရှိပါဘူး။
2019-09-09
မြန်မာပြည်က ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တေ့ွဆုံစဉ်မှာ ပြောကြားခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အရေးယူပေးဖို့ တပ်မတော်က ဦးတိုက်လျှောက်ထားချက်ကို ဒီနေ့ ရုပ်သိမ်းလိုက်တဲ့အတွက် တရားရုံးက အမှုကို ပိတ်လိုက်ပါတယ်။
2019-09-09
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ရန်ကုန်က BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော် ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးကို ရောက်လာရာမှာ စက်ရုံဝန်ထမ်း အများအပြား ရောက်လာပြီး အားပေးဝန်းရံခဲ့ကြပါတယ်။
2019-09-09
ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ လှုပ်ရှား ဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း တစ်လကြာ အပစ်ရပ်မယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-09-08
NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ (NCA-S EAO) ရဲ့ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်စတင်နိုင်ရေးအတွက် ရန်ကုန်မြို့မှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးနေပါတယ်။
2019-09-08
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကြေးနီထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာ-ယန်စီ ကုမ္ပဏီက ဝန်ထမ်းနှစ်ယောက် မနေ့က လုပ်ငန်းခွင်မှာ အက်စစ်ရည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2019-09-08
မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးသင့်တယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က ပြောလိုက်ပါတယ်။
2019-09-08
မြန်မာနိုင်ငံမှာ ကျောင်းသားတွေ၊ လူငယ်တွေ မတရားဖမ်းဆီးခံရ၊ အကျဉ်းချခံရ တရားစွဲခံရမှုတွေ အခုတလော အတော်လေးတွေ့လာရပါတယ်။
2019-09-07
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်တဲ့ NCA စာချုပ်ကနေ သွေဖယ်မသွားကြဖို့ NRPC ဒုတိယဥက္ကဋ္ဌ တစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက KNU ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် တိုက်တွန်းလိုက်ပါတယ်။