သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-19
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူထုထောက်ခံမှု မြင့်တက်နေသလို ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
2020-05-19
တရုတ်ကုမ္ပဏီပိုင် တီကျစ်-ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတယ်လို့ လျှပ်စစ်ဒုဝန်ကြီးက ပြောပေမဲ့၊ ဒီစက်ရုံလည်ပတ်နေတာကို ပြန်လည်သုံးသပ်ဖို့ လွှတ်တ်ောအမတ်တွေနဲ့ ဒေသခံပြည်သူတွေက ကန့်ကွက် တောင်းဆိုနေပါတယ်။
2020-05-19
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ အက်ဆစ်ပက် တိုက်ခိုက်ခံခဲ့ရတဲ့ မလဲ့လဲ့ဝင်း ရဲ့အမှုအတွက် တိုင်ကြားထားတဲ့ အမှု လေးခုကို ဖြစ်စဉ်ဖြစ်ပြီး ၇ လအကြာ မေလ ၁၉ ရက်နေ့ ဒီနေ့မှာ မြို့နယ်တရား ရုံးကို စတင်တရားစွဲဆို တင်ပို့လိုက်ပါပြီ။
2020-05-19
ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ဟာ နောက်နှစ်ရက်အတွင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံတွေကို ဖြတ်ကျော်တိုက်ခိုက်မယ်လို့ သတိပေးထားတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။
2020-05-19
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေ့လာတဲ့အချိန်ကစလို့ အလုပ်အကိုင် အခက်ကြုံရပြီး စားဝတ်နေရေး ကြပ်တည်းလာတဲ့ ပြည်သူတွေ များလာသလို အလှူရှင်တွေကိုသာ မှီခိုအားထားနေရတဲ့ သီလရှင်ကျောင်း တိုက်တွေလည်း ဒီအခြေအနေမှာ ဆွမ်းအခက်အခဲ ကြုံနေရပါတယ်။
2020-05-18
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသား ၆ ယောက်ကို သက်သေမခိုင်လုံတဲ့အတွက် တရားရုံးကစွဲချက်မတင်ခင် မေလ ၁၅ ရက် သောကြာနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
2020-05-18
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာမှာ ကျူးကျော်နေထိုင်သူ ထောင့်နှစ်ရာကျော်ကို အချိန် သုံးလအတွင်းဖယ်ရှားဖို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပါတယ်။
2020-05-18
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက “ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း” ကို ဒီကနေ့ စတင်ဖွင့်လှစ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
2020-05-18
မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းထုတ်လုပ် နေသလို လမ်းကြောင်း အမျိုးအမျိုးကနေ သယ်ဆောင်ရောင်းဝယ်နေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာလ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချမှုတွေ ရပ်တန့်မသွားဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးလုပ် ဆောင်နေသူတွေက ပြောပါတယ်။
2020-05-18
၂၀၂၀- ၂၀၂၁ စာသင်နှစ်အတွက် အခြေခံပညာသင်ရိုးတွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးအသစ်ထည့်သွင်းဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးသစ် ထည့်သွင်းသင်ကြားဖို့ သင့်၊ မသင့် အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
2020-05-18
မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်ဦး ထပ်တွေ့ရတဲ့ အတွက် အတည်ပြုလူနာ ၁၈၄ ယောက်ရှိပါတယ်။ မွန်းတည့်ချိန်ထိ စောင့်ကြည့်လူနာ အသစ် ၇၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ မလေးရှားနိုင်ငံက ပြန်လာ သူတွေထဲက ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိရကြောင်း ဒီနေ့မနက်က ထုတ်ပြန်တာကြောင့် ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၁၈၇ ဦးရှိသွားပြီဖြစ်ပါတယ်။
2020-05-17
မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ မေလ ၁၆ ရက်နေ့က နေအိမ်အလုံး ၁၉၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။ ဒါဟာ "AA အဖွဲ့ရဲ့လုပ်ရပ်" ဖြစ်တယ်လို့ တပ်မတော်က ထုတ်ပြန်လိုက်သလို AA အဖွဲ့ကလည်း ဒါဟာ တပ်မတော်က သူတို့ရဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ ပြောပါတယ်။
2020-05-17
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နေအိမ်မှာ နေထိုင်ကြဖို့ ထုတ်ပြန်ထားတဲ့ Stay at Home အမိန့်ကို မေလ ၁၅ ရက်နေ့က ပယ်ဖျက်လိုက်ပါတယ်။
2020-05-17
ကိုရိုနာကူးစက်ပြန့်ပွားမှု ထိန်းချုပ်နေတဲ့ ကာလမှာ ချင်းပြည်နယ်က အိန္ဒိယနယ်စပ်ဂိတ်ကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်သွားမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
2020-05-17
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှုတွေကို ရက်သတ္တပတ် နှစ်ပတ်ကနေ သုံးပတ်အတွင်း လုပ်ဆောင်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။