သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-03
မြန်မာစစ်အစိုးရဟာ ရုရှားနိုင်ငံက အသစ် မှာယူထားတဲ့ MiG-29 အမျိုးအစား တိုက်လေယာဉ်တွေကို အခု မတ်လအတွင်း စတင် လက်ခံရရှိမယ်လို့ ဗြိတိန်နိုင်ငံထုတ် Flight International နိုင်ငံတကာ လေကြောင်း သတင်းစာစောင်က ရေးသားဖော်ပြလိုက်ပါတယ်။
2011-03-03
မြန်မာစစ်အစိုးရဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေကြောင့် လောင်စာဆီ ဈေးနှုန်းမြင့်တက်ပြီး ပေါ်ပေါက်လာနိုင်တဲ့ စားသောက်ကုန်စရိတ် ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့ ပြည်ပကို ဆန်တင်ပို့ခွင့် ပိတ်ပင်ထားတယ်လို့ ကုန်သည်ကြီးများအသင်း အရာရှိတဦးက မတ်လ ၂ ရက် မနေ့က ပြောပါတယ်။
2011-03-03
မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးကို EU ဥရောပသမဂ္ဂအနေနဲ့ ဆက်လက် ထားရှိဖို့နဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးမှာ EU အဖွဲ့ဝင်နိုင်ငံတွေက အားပေး ထောက်ခံ ကူညီကြဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK က မတ်လ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-03-03
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ဖို့ အမေရိကန်နိုင်ငံက ဘယ်လို ကူညီ ဆောင်ရွက်နိုင်သလဲဆိုတဲ့ ဆွေးနွေးပွဲတရပ်ကို မတ်လ ၂ ရက်က အမေရိကန်သမတ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-03-02
အရှေ့အလယ်ပိုင်းဒေသက အာရပ်နိုင်ငံတွေမှာလိုပဲ အိုမန်နိုင်ငံမှာလည်း အာဏာရှင် အစိုးရ တွေကို ဆန့်ကျင်တဲ့ ဆူပူမှုတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီမှာ ရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမား တွေက သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
2011-03-02
မြန်မာလူငယ်ကွန်ရက်အဖွဲ့တွေ ဦးစီးဖွင့်လှစ်ပြီး အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်မှု ခံခဲ့ရတဲ့ အမေ့အိမ် စာသင်ကျောင်းကို လာမဲ့ မတ်လ ၇ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ကျောင်းတာဝန်ခံတွေက မတ်လ ၂ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားကြပါတယ်။
2011-03-02
ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ၃မျိုးကို ပုံနှိပ်ပြီး NLD ရုံးချုပ်မှာ ရောင်းချ
2011-03-02
ဒီနေ့ မတ်လ ၂ ရက်မှာ ကျရောက်တဲ့ တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို ရန်ကုန်တိုင်း ခရမ်းမြို့ အမှတ် ၃ ရပ်ကွက်နေ လယ်သမား ဦးမြတ်အေးရဲ့ နေအိမ်မှာ ဒေသခံ လယ်သမားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်နေသူတွေက စုပေါင်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
2011-03-02
မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာကူညီမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ ဗြိတိသျှ အစိုးရဟာ လာမဲ့ လေးနှစ်အတွင်း အကူအညီတွေကို တိုးမြှင့်ပေးသွားမယ်လို့ ဗြိတိသျှ အစိုးရ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေးဌာနရဲ့ မတ်လ ၁ ရက် မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံချင်း ဆက်ဆံရေးပေါ်မှာ အခြေခံပြီး ထောက်ပံ့ကူညီတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
2011-03-02
မလေးရှားနိုင်ငံမှာ အလုပ်သမား ရှားပါးပြတ်လပ်မှုကို ကာကွယ်ဖို့ နိုင်ငံရပ်ခြားက အလုပ်သမားတွေကို ခေါ်ယူမဲ့ အစား ပြည်တွင်းမှာ ရောက်ရှိ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့် ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
2011-03-02
စစ်အစိုးရက ပြဌာန်းလိုက်တဲ့ နိုင်ငံတော် ဘဏ္ဍာရေး ခွဲဝေသုံးစွဲမှု ဘတ်ဂျက်ထဲက ကာကွယ်ရေး အသုံးစရိတ်ဟာ ၄ ပုံ ၁ ပုံ ရှိပေမဲ့ စာရင်းမှန် မဖြစ်နိုင်ဘူးလို့ လေ့လာသူတချို့က ဝေဖန်ပါတယ်။
2011-03-01
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျောင်းမနေနိုင်တဲ့ ကလေးငယ်တွေ အတွက် လူငယ် ကွန်ရက် အဖွဲ့တွေက ဦးစီးပြီး နွေရာသီပညာဒါန သင်တန်းတခုကို မတ်လ ၁ ရက် ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်၊
2011-03-01
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ဗုံးကွဲမှုနောက်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ဧည့်စာရင်း စစ်တာတွေ ယာဉ်သွားယာဉ်လာ စစ်ဆေးတာတွေ ပိုမို များပြားလာနေပြီး အဲဒီစစ်ဆေးမှု တွေအနက် တောင်ဒဂုံမြို့နယ်မှာတော့ လက်နက်ကိုင် စစ်တပ်၊ ရဲနဲ့ မီးသတ်တွေက ဘတ်စ်ကားပေါ်က ခရီးသည်တချို့ကို အာဏာပြပြီး အကြမ်းဖက် ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
2011-03-01
နိုင်ငံရေးပါတီ ၁ဝ ဖွဲ့ ပေါင်းစည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများက ဥပဒေပြဋ္ဌာန်းပေးဖို့ တောင်းဆို
2011-03-01
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြောင့် မွန်ပြည်နယ် သထုံထောင်မှာ အကျဉ်းကျနေတဲ့ ဦးသုမနဟာ စိတ်ရောဂါ ဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။