သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-25
ဒီတပတ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ `ကျမတို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ကြိုးပမ်းတဲ့ နေရာမှာ အကြမ်းမဖက်ပဲလုပ်မယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်၊ ဒါက အကြမ်းမဖက်တဲ့လမ်းက လွယ်ကူလို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေကို အကြမ်းဖက်တဲ့နည်း၊ လက်နက်နည်းနဲ့ လုပ်မှ ဖြစ်မယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲချင်လို့ပါ` ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားဆင်ရမှာ ဖြစ်ပါတယ်။
2011-02-25
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရဲ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက နေပြည်တော်မှာ ကျင်းပနေတဲ့ လက်ရှိ လွှတ်တော်မှာ လူအများစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ဖြစ်နေပြီး၊ အနည်းစုက ဒီမိုကရေစီရေး လိုလားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေတာကြောင့် ပြုပြင် ပြောင်းလဲရေးအတွက် အခက်အခဲ ရှိပေမဲ့ လာမဲ့ ရွေးကောက်ပွဲအပြီး ပေါ်လာမဲ့ လွှတ်တော်မှာတော့ အခြေအနေတွေ ပိုကောင်း လာနိုင်တယ်လို့ မြင်ကြောင်း RFA က သီးသန့် ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုလိုက်ပါတယ်။
2011-02-25
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ ကွန်ရက်ဖွဲ့ အလုပ်လုပ်ကြဖို့ တိုက်တွန်း ပြောဆိုပြီးတဲ့နောက်မှာ ပြည်တွင်းမှာ ကွန်ရက်အဖွဲ့တွေ အရင်ကထက် ပိုပြီး ထွက်ပေါ်လာနေပါတယ်။
2011-02-25
ရန်ကုန်မှာ ရောက်ရှိနေတဲ့ အိုင်အယ်အို အရာရှိ မစ္စတာ ဂိုင်း ရိုက်ဒါက ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-02-25
မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်းနိုင်ငံ ထဲကို လူကုန်ကူးခံရတဲ့ မြန်မာ အမျိုးသမီးတွေ အကြောင်း
2011-02-24
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက အင်းစိန်ထောင်မှာ ထိန်းသိမ်း ခံထားရတဲ့ မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေကို အင်းစိန်ထောင်တွင်း ကမာရွတ်မြို့နယ် အထူးတရားရုံးမှာ ဖေဖော်ဝါရီ ၂၄ ရက် ဒီကနေ့ ပထမဦးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2011-02-24
ဖားအံထောင်နဲ့ တောင်ကြီးထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါက်တာနေဝင်း နဲ့ ဦးအောင်ကျော်ဆန်းတို့ကို တော်ဘုရားလေး ဦးအောင်ဇေ စာပေဆု ရွေးချယ်ရေးအဖွဲ့က လူမှု ဝန်ထမ်းကောင်းတွေ အဖြစ် ဂုဏ်ပြုလိုက်ပါတယ်။
2011-02-24
X2O ရေကစားမဏ္ဍပ်ရှေ့ဗုံးကွဲတာကို ဓာတ်ပုံသတင်းထောက် လုပ်မှုနဲ့ စွပ်စွဲ ထောင်ချခံလိုက်ရတဲ့ ဦးမောင်မောင်ဇေယျ ခေါ် စာရေးဆရာ သားကြီး မောင်ဇေယျကို အင်းစိန်ထောင်ကနေ ရှမ်းပြည်မြောက်ပိုင်း သီပေါထောင်ကို ပို့လိုက်တာလို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ စုံစမ်း သိရှိရပါတယ်။
2011-02-24
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ မူဝါဒကို စာရေးသား ထုတ်ပြန်ပြီး ထောက်ခံခဲ့တဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို အာဏာပိုင်တွေက ထောင်တွင်း ပြစ်ဒဏ်ပေးတဲ့ တိုက်ကို အခုရက်ပိုင်းက ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
2011-02-24
နိုင်ငံရေးလုပ်တဲ့အခါမှာ လွှတ်တော်တွင်း နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးရှိရမှာ ဖြစ်တဲ့အတွက် NLD အဖွဲ့ချုပ်ဟာ ဒီနေ့ကာလမှာ လွှတ်တော် ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-02-24
ဗြိတိန်နိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသား အဖွဲ့အစည်း လေးဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) တို့ကနေ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းထံကို အိတ်ဖွင့်ပေးစာ တစောင် ဖေဖော်ဝါရီ ၂၃ ရက် မနေ့က ပေးအပ်ခဲ့ပါတယ်။
2011-02-23
ကိုမျိုးရန်နောင်သိန်းနဲ့ စေတနာရှင် လူငယ်တစု စီစဉ် ဖွင့်လှစ်ထားတဲ့ ဗေဒါ သင်တန်းကျောင်း နေရာအသစ်မှာလည်း မယက ဥက္ကဋ္ဌက ဖိအားပေးနေတဲ့အတွက် အခက်အခဲ ရှိနေကြောင်း သတင်းရရှိပါတယ်။
2011-02-23
X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးကွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်အမှုမှာ ဗဟိုတရား ရုံးချုပ်ရဲ့ ဆောင်ရွက်ချက်ဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဝေဖန်လိုက်ပါတယ်။
2011-02-23
လာမဲ့ ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်မဲ့ ၂၀၁၁ ခု ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးဆိုင်ရာ ဥပဒေတွေကို လွှတ်တော် မခေါ်ယူခင် ၅ ရက်လောက်အလိုမှာ စစ်အစိုးရက လျှို့ဝှက် ထုတ်ပြန်ခဲ့ပါတယ်။
2011-02-23
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးအတွက် ILO နဲ့ သဘောတူ စာချုပ် သက်တမ်းတိုးဖို့ ILO က ဒုတိယအကြီးအကဲ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကတော့ ပြည်ဝင်ခွင့်မရပဲ အိမ်နီးချင်းနိုင်ငံတွေမှာ အချက်အလက် စုဆောင်းနေရပါတယ်။