သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-23
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုတွေကြောင့် နေပြည်တော်မှာ ဧပြီလ ၂၇ ရက် ပြန် ကျင်းပဖို့ လျာထားတဲ့ လွှတ်တော်အစည်းအဝေးတွေကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
2020-04-23
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ "ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှုကြောင့် မြန်မာ့စီးပွားရေးကို ဘယ်လောက်ထိ ရိုက်ခတ်နေပြီလဲ၊ ဒီစီးပွားရေး အကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲ" ဆိုတာကို စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။
2020-04-23
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ Naypyitaw Covid.19 Volunteer Team-(NCVT) နာယက တစ်ဦးဖြစ်တဲ့၊ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ကို RFA ဝိုင်းတော်သား ကိုသီဟထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။
2020-04-23
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲအောင်စာရင်းတွေ မထုတ်ပြန်သေးပါဘူး။ နောက်ထပ်စာသင်နှစ်ကိုလည်း ဘယ်အချိန်မှာ ဖွင့်လှစ်မယ်ဆိုတာကလည်း မသေချာသေးပါဘူး။
2020-04-22
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်ချိန်မှာ လူတိုင်းလက်တွဲဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုုးချုပ်က မနေ့က ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2020-04-22
COVID 19 လူနာ အမှတ် ၁၀၉ ကိုကုသပေးခဲ့တဲ့ ဆေးခန်းက ဆရာဝန် ၄ ယောက်နဲ့ သူနာပြု ၂ ယောက်၊ လုပ်အားပေး ၂ ယောက်၊ စုစုပေါင်း ၈ ယောက် သီးသန့်ခွဲထားပြီး စောင့်ကြည့်ခံနေရပါတယ်။
2020-04-22
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ - မရှိ စောင့်ကြည့်တဲ့စင်တာတွေ ဒေသတော်တော်များများမှာ ဖွင့်လှစ်ထားသလို၊ ဒီစင်တာတွေမှာ စောင့်ကြည့်ခံရသူ အရေအတွက်လည်း တနေ့တခြား တိုးလာနေပါတယ်။
2020-04-22
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုများလာနိုင်တဲ့ အလားအလာ ရှိနေတာကြောင့် စောင့်ကြည့် စစ်ဆေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေသလို၊ မြန်မာနိုင်ငံရဲ့ အခြေအနေအရ စောင့်ကြည့်စင်တာတွေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ "Covid-19 သတင်းပြန်ကြားရေးအဖွဲ့" က RFA ကို ပြောလိုက်ပါတယ်။
2020-04-22
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုက ရွာပေါင်း ၃၈ ရွာမှာ နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိတာကြောင့် အသွားအလာ တားမြစ်ခံထားရတာ နှစ်လနီးပါး ရှိနေပြီလို့ သိရပါတယ်။
2020-04-22
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မေလွမ်းရွာမှာ မနေ့က AA အဖွဲ့နဲ့ ပတ်သက်ဆက်နွယ် သူ တစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီလ ၂၁ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2020-04-22
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ မှာ ဌာနဆိုင်ရာဝန်ထမ်း ၄၀၀ ကျော်နဲ့ ပြည်ပကပြန်လာသူ ၁၅၀ ကျော်ကို ၂၁ ရက် အသွားအလာ စောင့်ကြည့်ခံရသူတွေအဖြစ် လက်ခံထားပါတယ်။
2020-04-22
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အခုကာလမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်တွေနဲ့အညီ အလုပ်ရုံ စက်ရုံတွေ အမြန်ဆုံးဖွင့်နိုင်ရေး စစ်ဆေးနေကြောင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့သူ မည်သူကိုမဆို အရေးယူမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-04-22
ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့မှာ မနေ့ညက လမ်းပေါ်ထွက်မိတဲ့ အမျိုးသားတစ်ယောက်ကို လုံခြုံရေး တာဝန်ကျ ရဲတစ်ဦးက တုတ်နဲ့ရိုက်နှက် အပြစ်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အများပြည်သူကြားမှာ သဘောထားအမြင် မတူညီတာတွေ ရှိနေပါတယ်။
2020-04-22
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ ရာဂဏန်းရှိလာတာကြောင့် မေလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အချိန်ရွှေ့ဆိုင်းလိုက်ရပါတယ်။
2020-04-22
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ တားဆီးရေးလုပ်ငန်းတွေမှာ လူစုလူဝေးဖြစ်အောင်လုပ်တဲ့သူတွေ၊ သတင်းအမှား ဖြန့်ဝေသူတွေနဲ့ ကြပ်မတ်စောင့်ကြည့်မှုကို ငြင်းဆန်သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မတွေနဲ့ အရေးယူနေပါတယ်။