သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-17
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင် ကြား သဘောတူညီထားတာတွေကို အလုပ်ရှင် ဖက်က အကောင်အထည်ဖော်ခြင်း မရှိလို့ဆိုပြီး အလုပ်သမား အင်အား ၃၀၀ လောက်ဟာ ဒီနေ့မနက်မှာ စက်ရုံကနေ မန္တလေးမြို့ မနော်ရမ္မံ ဟစ်တိုင်ကွင်းထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2017-12-17
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့အတွက် ဒီနေ့ ပင်လုံမြို့မှာ အကြိုလူထုဟောပြောပွဲ စတင်ကျင်းပရာ တပ်မတော်က တားမြစ်ခဲ့တဲ့အတွက် ဟောပြောပွဲ ပျက်သွားပါတယ်။
2017-12-17
ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို သမ္မတရုံးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ ပြောပါတယ်။
2017-12-17
၈၈ မျိုးဆက်ကျောင်းသားတွေ ပါဝင်မယ့် နိုင်ငံရေးပါတီကို ရှစ်လေးလုံးပါတီလို့ နာမည်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ဒီလအတွင်း ပါတီမှတ်ပုံတင်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျာ က ဒီနေ့ ပြောပါတယ်။
2017-12-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ခွန်ဆိုင်ယန်ရွာအနီး တနိုင်းလီဒိုလမ်းမပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ က ကေအိုင်အေလက်နက်ကိုင်အဖွဲ့ က ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေ ရဲ့ မြေသယ်ယာဉ် ၉ စီးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်း က ဒီနေ့ ပြောပါတယ်။
2017-12-17
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ယောက်ရဲ့ တာဝန်ထမ်းဆောင်မှုဟာ လျှို့ဝှက်လုံခြုံရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းပြပေးဖို့ Pen Myanmar အဖွဲ့က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2017-12-17
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုအနေနဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဒီနေ့ စတင်ကျင်းပတဲ့ လူထုဟောပြောပွဲကို တပ်မတော်က တားမြစ်ခဲ့ပါတယ်။
2017-12-17
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင် အလုပ်သမား အကြား သဘောတူညီချက်တွေကို အလုပ်ရှင်ဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်လို့ဆိုပြီး အလုပ်သမား အင်အား ၃၀၀ လောက်က ဒီနေ့ စက်ရုံကနေ မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းထိ ဆန္ဒပြခဲ့ကြပါတယ်။
2017-12-17
ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ခေါင်းဆောင်တွေ နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး သီးခြားတွေ့ ဆုံ ဆွေးနွေးခဲ့ပါတယ်။
2017-12-16
ဒီဇင်ဘာလ ၁၆ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၂၀၁၇ ခုနှစ်အတွင်း စွမ်းဆောင်မှုတွေအကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-12-16
ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာပြီး တပ်မတော်ဘက်က ဂျက်လေယာဉ်တွေသုံးပြီး တိုက်ခိုက်မူတွေရှိသလို မြေပြင်တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
2017-12-16
အစိုးရတပ်မတော်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်းကို ဒီရက်ပိုင်းအတွင်း လူ တစ်ယောက်ကို ဆန်တစ်အိတ်သာ သယ်ခွင့် ပေးတာကြောင့် ဆန်ဈေးတွေ မြင့်တက်နေသလို ဝယ်ယူဖို့တောင် ဆန်မရှိသလောက် ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-12-16
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ကြီးကြပ်ရေး အဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးပါဝင်မှုနှုန်းထား ၆ ရာခိုင်နှုန်းပဲရှိတယ်လို့ စစ်တမ်းကောက်ယူခဲ့တဲ့ Generation Tree အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
2017-12-16
၈၈ မျိုးဆက် ကျောင်းသားတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတစ်ရပ် နာမည်ပေးဖို့နဲ့ ပါတီမှတ်ပုံတင်ဖို့ အတွက် ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယ ကျောင်းတိုက်မှာ နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ပေါက်လာရေးဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ပါတယ်။
2017-12-16
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်း ၄ ဦးနဲ့ အရပ်သား ၁ ဦး မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ဒီနေ့ ပြောပါတယ်။