သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-16
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ရှေ့ဆုံးကနေရင်ဆိုင်ပြီး စောင့်ရှောက်ကုသပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ အချိန်မရွေး ရောဂါပိုးကူးစက်နိုင်သူတွေ ဖြစ်လာပါတယ်။
2020-04-15
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူချင်းတူပေမယ့် အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုလို့ သေဆုံးတာကို သုတေသီတွေ ဆန်းစစ်တွေ့ရှိရပြီး ဒါဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခံအားကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
2020-04-15
အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်ခဲ့တာ ရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုတာ၊ ဖမ်းဆီးတာတွေကြောင့် သတင်းမီဒီယာသမားတချို့ အခုအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2020-04-15
နေပြည်တော် ကောင်စီနယ်မြေက စည်ပင်သာယာရေး ကော်မတီဈေးတွေမှာ ဈေးရောင်းသူ၊ ဝယ်သူအားလုံး နှာခေါင်းစည်း Mask တပ်ဖို့နဲ့ နှာခေါင်းစည်းမပါရင် ဈေးထဲကို မဝင်ဖို့ ညွှန်ကြားထားပါတယ်။
2020-04-15
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူပေါင်းထောင်နဲ့ချီ လာရောက်အပန်းဖြေလေ့ရှိတဲ့ စစ်တွေကမ်းခြေကို မြို့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ပိတ်လိုက်ပြီး ရဲတပ်ဖွဲ့အင်အား တွေကိုပါ အများအပြားချထားပါတယ်။
2020-04-15
ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုရိုနာဗိုင်းရပ် အတည်ပြု လူနာ သုံးဦးကို ကလေးမြို့ ဆေးရုံကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကြောင့် ကလေး မြို့ခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ဧပြီလ ၁၄ ရက်နေ့မနေ့က စာထုတ်ခဲ့ပြီးနောက် ၁၅ ရက်နေ့ ဒီနေ့မှာတော့ ကလေးမြို့မှာ ပိုးတွေ့လူနာ တစ်ယောက် ရှိလာပါတယ်။
2020-04-15
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မန္တလေးမြို့ကိုရောက်ရှိနေပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စောင့်ကြည့်တဲ့စခန်းတွေ၊ ဖျားနာရောဂါ ကုသပေးတဲ့ ဆေးခန်းတွေကို လာရောက်လေ့လာနေ ပါတယ်။
2020-04-14
ရန်ကုန်မြို့ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များပြားလာတာနဲ့အမျှ လူနေထူထပ်တဲ့ မြို့ပြကနေ လူနေကျဲပါးတဲ့ နေပြည်တော်ကို လူအများအပြား ထွက်လာကြတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့အပြီး နေပြည်တော်ကို ၀င်လာတဲ့ ခရီးသွားတွေ အားလုံးကို ဧပြီလ ၁၄ ရက် (မနေ့) ညနေပိုင်းကစတင်ပြီး ခရီးသည်အားလုံးကို စိစစ်ပြီး အချက်အလက်ကောက်ယူတာ၊ ကိုယ်အပူချိန်တိုင်းတာတွေ စတင်လုပ်ဆောင်နေပါတယ်။
2020-04-14
ရခိုင်ပြည်နယ် အမ်းမြို့နယ် အလယ်ကျွန်းကျေးရွာကို ပြီးခဲ့တဲ့ဧပြီလ ၁၂ ရက်နေ့ ညက လက်နက်ကြီး ကျရောက်လို့ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ရာမှာ ဒဏ်ရာရလူနာတွေကို ဒီနေ့အထိ ဆေးရုံကိုပို့ဆောင်ခွင့် မရသေးဘဲ တားမြစ်ခံထားရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2020-04-14
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်ရေးကာလ ညွန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့်ရန်ကုန်က သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ တရားဟောဆရာတွေ အပါအဝင် လေးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။
2020-04-14
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့)က လူထုကို ဆန်၊ ဆီ နဲ့ နှာခေါင်းစည်းတွေ ဒီနေ့လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့် လူတစ်ထောင်ခန့် စုဝေးလာခဲ့တာကြောင့် လှူဒါန်းမှုကို ရပ်နားလိုက်ပါတယ်။
2020-04-14
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက် များပြားလာပေမယ့် အခြေခံလူတန်းစား အများအပြားကတော့ ဝမ်းရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေရဆဲပါ။
2020-04-14
အက်စစ်နဲ့ တိုက်ခိုက်ခံရတဲ့ ရန်ကုန်မြို့က အိမ်အကူ မိန်းကလေးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ သူ့ရဲ့ မိခင်က ပြောပါတယ်။
2020-04-14
စစ်ကိုင်းတိုင်းအတွင်း ကိုရိုနာပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ ဧပြီ ၁၃ ရက် မနေ့ညကစပြီး တိုင်းအစိုးရက ညမထွက်ရအမိန့် ထုတ်လိုက်ပါတယ်။
2020-04-13
ကမ္ဘာပေါ်မှာ စစ်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေအပြင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးကြောင့် လူတွေအချိန်မတိုင်ခင်သေဆုံးရပြီး၊ လူဦးရေ လျော့နည်းသွားပါတယ်။ တပြိုင်နက်တည်းမှာပဲ မွေးဖွားနှုန်းလည်း တက်နေတဲ့အတွက် ကမ္ဘာ့လူဦးရေတိုးနေပါတယ်။