သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-07
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ လူနာအမှတ် ၁၇ ဖြစ်တဲ့ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဒီမနက် သေဆုံးသွားပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။
2020-04-07
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းက ၁၅ ဦးကို တပ်မတော် က ဖမ်းဆီးထားတာ ပြန်လွှတ်မပေးသေးလို့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။
2020-04-07
COVID 19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်တဲ့ အနေနဲ့ ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း မြို့တော်ဖြစ်တဲ့ တိုကျိုမြို့မှာတော့ လူသွားလူလာ သိသိသာသာ လျော့ကျသွားတာ မရှိသေးပါဘူး။
2020-04-07
ကိုရိုနာဗိုင်းရပ်ရောဂါကိုကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့ဆုံးကနေတိုက်ပွဲဝင်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေကတော့ ပစ္စည်းကရိယာလုံလုံလောက်လောက်မရှိဘဲ ဝန်ဆောင်မှုပေးနေကြရတာပါ။
2020-04-07
မြန်မာနဲ့ အာရှ ပြည်သူတချို့က တောရိုင်းတိရစ္ဆာန်ဈေးကွက်ပိတ်ဖို့ တောင်းဆိုနေကြတဲ့အကြောင်း ဖော်ပြထားတဲ့ စစ်တမ်းကောက်ယူမှု ရလဒ်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF က ဒီနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
2020-04-07
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေချိန်အတွင်းမှာ ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးဖို့ စခန်းတာဝန်ခံ တွေက တောင်းဆိုနေကြပါတယ်။
2020-04-07
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို စားသောက်ကုန် ငါးမျိုး ထောက်ပံ့ဖို့ အတွက် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဒီနေ့ကစပြီး စာရင်းကောက်ယူ နေပြီး ဧပြီ ၁၀ ရက်နေ့ကစလို့ ထောက်ပံ့မှုတွေ စတင်ပေးနိုင်ရေး စီစဉ်နေပါတယ်။
2020-04-07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၈၇၀၀ ကျော်ရှိပြီး အများစုဟာ စစ်ဘေးခိုလှုံရာ ဘုန်းကြီးကျောင်းဝင်းတွေထဲမှာ နေစရာမဆောက်နိုင်လို့ မြေပြင်ပေါ်မှာ စက္ကူခင်း၊ မိုးကာကာပြီး နေထိုင်နေ ကြရပါတယ်။
2020-04-06
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မဥမ္မာဦးဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက်ဘေးအန္တရာယ် ကြုံရတဲ့အထိ ရောဂါအပြင်းအထန်ခံစားခဲ့ရပါတယ်။ အခုတော့ သူဟာ ကျန်းမာရေး ပြန်လည်ကောင်းမွန် လာနေပြီဖြစ်ပါတယ်။
2020-04-06
မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်မှာ အလုပ်သွားလုပ်ပြီး ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြန်လာရတဲ့ မြန်မာနိုင်ငံသား လေးရာဝန်းကျင်လောက် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမှာ မနေ့က သွားလာလို့မရဘဲ ပိတ်မိပြီး အခက်အခဲ ဖြစ်ခဲ့ပါတယ်။
2020-04-06
ဧပြီ ၇ ရက်နေ့ မနက်ဖြန်ကစပြီး ၂၁ ရက်နေ့အထိ မလိုအပ်ဘဲ အိမ်အပြင် မထွက် ကြဖို့နဲ့ စားသောက်ကုန်၊ စက်သုံးဆီနဲ့ ဆေးရုံဆေးခန်းတွေကလွဲပြီး ကျန်တာတွေ အကုန်ပိတ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2020-04-06
ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြာင့် နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံမှာ ကုသမှုခံနေတဲ့ ဆွစ်ဇာလန်နိုင်ငံသူ လူနာအမှတ် (၇) ဟာ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။
2020-04-06
စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားတဲ့ကာလအတွင်း အလုပ်ရှင်ဘက်က အနည်းဆုံး လုပ်ခလစာ အပြည့်ပေးဖို့နဲ့ ပိတ်ဖို့မလိုတဲ့ စက်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတွေ လိုက်နာမှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး ပေးဖို့ မန္တလေးတိုင်း သမဂ္ဂအဖွဲ့ဝင်တွေက ဒီကနေ့ တောင်းဆိုပါတယ်။
2020-04-06
အမေရိကန်ပြည်ထောင်စုမှာ နောက်သီတင်းပတ်တွေချီပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေဦးမယ်လို့ ပညာရှင်တွေ ခန့်မှန်းထားပြီး မေလလယ်လောက်မှာ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ လူ ကိုးသိန်းလောက် ကူးစက်ခံရလိမ့်မယ်လို့ သတိပေးပါတယ်။
2020-04-05
ထိုင်းနိုင်ငံကနေ ပြန်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတဲ့ ကျောက်မဲဒေသခံ အမျိုးသားကို ကျောက်မဲဆေးရုံကနေ လားရှိုးပြည်သူ့ဆေးရုံမှာ ပြောင်းရွှေ့ဆေးကုသမှု ပေးနေပြီး မိသားစု အပါအဝင် သူနဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့သူတွေကို နေအိမ်အတွင်း ကျန်းမာရေးစောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။