သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-18
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်ရှိလာပြီး အဲ့ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်များစွာပါဝင်တဲ့အတွက် ဒီအခြေအနေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင် သူတို့တွေဟာ လူကုန်ကူးမှုရဲ့ အဓိကသားကောင်တွေဖြစ်လာနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
2022-10-18
တစ်ကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ အောက်တိုဘာလ ၁၈ ရက် ဒီနေ့အထိ သုံးလတာကာလအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့ အရပ်သား ၁၅ ဦးနဲ့ ဒဏ်ရာရ သူ ၅၇ ဦးအထိ ရှိလာနေပါတယ်။
2022-10-18
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ မြို့မရဲစခန်းမှာ အဖမ်းခံထားရတဲ့ ကချင်ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေ အပါအဝင် ၁၁ ဦးဟာ တာဝန်ကျနေတဲ့ ရဲနှစ်ဦးနဲ့အတူ အောက်တိုဘာလ ၁၇ ရက် မနေ့ည ၁၂ ဝန်းကျင်ခန့်က ထွက်ပြေးခဲ့ပြီး ၁၁ ဦးကတော့ လွတ်မြောက်သွားပါတယ်။
2022-10-18
အသတ်ခံရသူဟာ အဲဒီရွာသား အသက် ၄၅ နှစ်အရွယ် ဦးစောထွန်းမိုးဖြစ်ပြီး NUG ရဲ့ စာသင်ကျောင်းမှာ အထက်တန်းပြ ကျောင်းဆရာအဖြစ် လုပ်နေသူလို့ ဒေသခံတွေက ပြောပါတယ်။
2022-10-18
အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရဲ့ ခြောက်လတာကာလ စစ်ဆင်ရေးအတွင်း စစ်ရေးပစ်မှတ် ၁၇၃ ကြိမ်၊ အုပ်ချုပ်ရေးပစ်မှတ် ၃၆ ကြိမ်၊ စီးပွားရေးပစ်မှတ် ရှစ်ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ NUG က ပြောပါတယ်။
2022-10-18
အခုလို အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ရုတ်တရက် ပြောင်းရွှေ့တဲ့ကိစ္စအတွက် မိသားစုဝင်တွေကိုလည်း အကျဉ်းဦးစီးဌာနက အသိပေးတာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။
2022-10-18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှု ငါးမှုကို အောက်တိုဘာလ ၁၈ ရက်၊ ဒီနေ့ရုံးချိန်အတွင်း နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက စွဲချက်တင်ဖို့ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-10-18
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦကျော်မိုးဦးနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ အောက်တိုဘာလ ၁၇ ရက် မနေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဝမ်းတွင်းမြို့ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-18
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ ၁၄ ရက်ကနေ ၁၇ ရက်အထိ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ပုသိမ်မြို့ခံတွေက RFA ကို ပြောပါတယ်။
2022-10-18
ပဲခူးတိုင်း၊ ပြည်မြို့ ပြည်အကျဉ်းထောင်တွင်း ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒေသခံ ၂၀ ကျော်ကို အချိန် တစ်လခွဲအတွင်း အကြမ်းဖက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
2022-10-18
အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရတဲ့ သြစတြေးလျ နိုင်ငံသား မစ္စတာရှောင်တားနဲလ်ကို မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်ကနေ ရန်ကုန်အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ထားပါတယ်။
2022-10-17
ပြည်တွင်းမှာတော့ ၂၀၂၃ ရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ်လို အရပ်ဘက်အဖွဲ့အစည်းတော်တော်များများက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောထားပြီးဖြစ်ပါတယ်။
2022-10-17
အကူအညီမရတာ နှစ်လခန့်ရှိပြီလို့ အနောက်ပြင်မွတ်စလင်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
2022-10-17
မွန်ပြည်နယ် ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘီဘီစီ (မြန်မာပိုင်း) ဌာနနဲ့ ဧရာဝတီ သတင်းဌာနတို့ကို တရားစွဲမယ့်အကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၄ ရက်ညပိုင်းမှာ သတင်းထုတ်ပြန် ခြိမ်းခြောက်လာတဲ့အတွက် ဘီဘီစီ (မြန်မာပိုင်း) က ပြည်တွင်း သတင်းထောက်အားလုံး ဘေးလွတ်ရာမှာ ပုန်းရှောင်နေရပါတယ်
2022-10-17
UAE အာရပ်စော်ဘွားများနိုင်ငံကို အိမ်အကူအဖြစ် ရောက်ရှိနေကြတဲ့ မြန်မာအမျိုးသမီးတွေထဲက အမျိုးသမီး ၁၀၀ လောက်ဟာ ဒူဘိုင်းမြို့က ဘာသာရေးအဆောက်အအုံတွေမှာ အလှူရှင်ရှိတဲ့ နေ့တိုင်း သွားရောက်ပြီး တောင်းရမ်း စားသောက်နေရတယ်လို့ ပြောပါတယ်။