သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-15
ဒီဇင်ဘာ ၁၄ ရက် မနေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ထုံးကြီးရွာမှာ မီးရှို့ခံလိုက်ရတဲ့ နေအိမ်တွေထဲ မီးလောင်ကျွမ်းနေတဲ့ အလောင်းနှစ်လောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-15
ဒီဇင်ဘာလ ၁၄ ရက် မနေ့က စစ်တပ်ဘက်ကနေ ဝင်ရောက်စီးနင်းခဲ့တဲ့ ကရင် ပြည်နယ် မြဝတီမြို့နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေ့ကော် မြို့သစ်မှာ ဒီဇင်ဘာလ ၁၅ ရက် ဒီကနေ့မနက်ပိုင်းက နေရာ သုံးနေရာမှာ စစ်တပ်နဲ့ KNLA-PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-15
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ပုန်ကန်လာအောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့ အမှုရင်ဆိုင်နေရတဲ့ အသက် ၁၆ နှစ်အရွယ် ကိုးတန်း ကျောင်းသား မောင်ကျော်မင်းခန့်မောင်ဟာ လူသတ်ဓားပြမှု ပုဒ်မ - ၃၉၆ နဲ့ပါ ထပ်မံစွဲဆိုခံထားရတယ်လို့ မိသားစုက RFA ကို ဒီနေ့ပြောပါတယ်။
2021-12-14
အလွတ်ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်း အသံတိတ် ဆန္ဒပြနေတာကို သတင်းဓာတ်ပုံရိုက်နေတုန်း ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး တာခံခဲ့ရပြီး ရက်ပိုင်းအကြာမှာပဲ သေဆုံးခဲ့ရတာပါ။
2021-12-14
ကိုဗစ်ရောဂါကာလ ဈေးသူဈေးသားတွေ အကြပ်အတည်းတွေ့နေတာကြောင့် တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLAအနေနဲ့ နမ့်ခမ်းဈေးထဲမှာ အခွန်မကောက်ဖို့ နမ့်ခမ်းမြို့မဈေးသူ ဈေးသားတွေက အခုလ ၁၃ရက်နေ့ကနေ ၁၇ရက်နေ့အထိ ဈေးမဖွင့်ဘဲ ဆန္ဒထုတ်ဖော် တောင်းဆိုနေကြပါတယ်။
2021-12-14
နိုင်ငံတကာဥပဒေနဲ့ ပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်တွေအရ မြန်မာစစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂ အရာရှိဟောင်းတွေက ဒီနေ့ ပြောလိုက်ပါတယ်။
2021-12-14
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးခရိုင်ထဲက ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ တပ်စခန်း လေးခုကို စစ်ကောင်စီတပ်က မနေ့က လေကြောင်းသုံးပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ် လို့ ကိုးကန့်တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-12-14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က လူငယ်ကွန်ရက်ဥက္ကဋ္ဌ၊ အသက် ၂၅ နှစ် အရွယ် ကိုမင်းကိုဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုက RFA ကို ပြောပါတယ်။
2021-12-14
အမေရိကန်အစိုးရဟာ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲပြီး မြန်မာစစ်ကောင်စီကို ဖိအားပေး တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီနေ့ ပြောလိုက်ပါတယ်။
2021-12-14
နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်အာဏာသိမ်း ၁၀ လတာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း လေး သိန်းနီးပါး ရှိလာတယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေး အင်စတီကျု (ISP Mynmar) က ပြောလိုက်ပါတယ်။
2021-12-14
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ရဲ့ နမ္မတီးမြို့က နေအိမ်နှစ်လုံး ဒီဇင်ဘာ ၁၄ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ချိတ်ပိတ်တာခံလိုက်ရတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
2021-12-14
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းထဲမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေး ရေးရုံးမှာ နေ့စဉ်လိုလို တန်းစီစောင့်ဆိုင်းသူတွေ ပိုများလာတယ်လို့ နိုင်ငံကူး လက်မှတ်ရရှိရေး ကြိုးပမ်းနေသူတွေက ပြောပါတယ်။
2021-12-14
တနင်္သာရီတိုင်း ပုလောမြို့နယ်က အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး CDM လုပ်ထားတဲ့ လက်ထောက် ပညာရေးမှူး ဦးသာဝင်း ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ ညက ကားတိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။
2021-12-14
အင်းစိန်ထောင်ထဲမှာ Silent Strike (အသံတိတ်ဆန္ဒပြ) ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၈၉ ဦးကို ထောင်အာ ဏာပိုင်တွေက ရိုက်နှက်ကာ တိုက်ပိတ်ထားပြီး ဆေးဝါးလည်း ကုသခွင့် မရဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေ က ပြောပါတယ်။
2021-12-14
ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် လေးကေ့ကော်မြို့သစ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးရာ NLD အမတ်တွေ အပါအဝင် အယောက် ၂၀ ခန့် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။