သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-15
ရှမ်းပြည်နယ် နမ္မတူမြို့နယ်က သတ္တုတွင်းဧရိယာမှာ နေထိုင်နေတဲ့ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းက အငြိမ်းစားဝန်ထမ်းတွေရဲ့ နေအိမ် ၉၆ လုံးကို ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖယ်ရှားသွားမှာ ဖြစ်ကြောင်း အမှတ် ၁ သတ္တုတွင်းလုပ်ငန်းက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
2019-05-15
ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျော ထပ်မံ မစိုက်ပျိုးဖို့ ပြည်နယ်အစိုးရက တားမြစ်ထားတာကို ဖောက်ဖျက်ပြီး ပန်းမြတ်မာလာကုမ္ပဏီက စိုက်ပျိုးထားတဲ့ ဧကထောင်နဲ့ချီတဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေကို မေ ၂၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ ညွှန်ကြားထားတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ဒီနေ့ လွှတ်တော်မှာ ပြောလိုက်ပါတယ်။
2019-05-15
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ထုတ် Weekly Eleven News Journal မှာ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ သုံးသပ်ချက်ဆောင်းပါးနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ ထိခိုက်နစ်နာမှုတွေရှိခဲ့ရင် စိတ်မကောင်းဝမ်းနည်းရပါကြောင်း Eleven အယ်ဒီတာအဖွဲ့က မနေ့က ကြေညာခဲ့ပါတယ်။
2019-05-15
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာအနီးက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တဲ့နေရာမှာ ရွာသားတွေနဲ့ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်ပြီး၊ သတင်းထောက်တစ်ဦး အပါအဝင် လူသုံးဦး အဖမ်းခံရပြီး ၁၇ ယောက် ဒဏ်ရာရသွားသလို၊ စက်ရုံပစ္စည်းတချို့လည်း မီးရှို့ဖျက်ဆီးခံရပါတယ်။
2019-05-15
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ ဧပြီ ၁၃ ရက်နေ့ ညပိုင်းက သေနတ်ပစ်ခတ်ခံခဲ့ရလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံယူနေရတဲ့ လက္ကာရွာသား ဦးကျော်သိန်းဟာ ဒီကနေ့ မနက်က သေဆုံးခဲ့ပါတယ်။
2019-05-15
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် NCA စာချုပ်မှာ အချက် လေးချက် ပြင်ဆင်ဖြည့်စွက်ဖို့၊ အစိုးရနဲ့ ကတိကဝတ်ပြုချက်တွေယူပြီး ဆက်လက်ဆွေးနွေးဖို့ ဆိုတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တင်ပြမှုအပေါ် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
2019-05-15
လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် NCA အတိုင်း ရှေ့ဆက်လိုတဲ့အဖွဲ့တွေရှိသလို NCA ကို ပြင်ဆင်ဖြည့်စွက်ပြီးမှ အစိုးရ၊ တပ်မတော်နဲ့ ကတိကဝတ်ပြုပြီး တစ်ဆင့်ချင်း ရှေ့ဆက်လိုတဲ့ အဖွဲ့တွေ ရှိနေတဲ့အတွက် ဒီထိပ်သီးအစည်းအဝေးမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။
2019-05-14
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့ အစီရင်ခံစာကို လာမယ့် စက်တင်ဘာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ရမှာဖြစ်ပါတယ်။
2019-05-14
မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ဟိန္ဒူဘုရားကျောင်းနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို တိုက်ခိုက်ဖို့စီစဉ်နေတဲ့ IS အစွန်းရောက် မွတ်စလင် အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ရာမှာ ၂ ဦးဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ သိရှိရပါတယ်။
2019-05-14
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် မစ္စ မြူလာက မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၂၇ဝ,ဝဝဝ ကျော်အတွက် နိုင်ငံတော်အစိုးရက မဟာဗျူဟာချမှတ် ဆောင်ရွက်နေတာကို ကြိုဆိုကြောင်းနဲ့ အဲဒီလို ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့လိုကြောင်း ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2019-05-14
မြန်မာ့တပ်မတော်ကို အကူအညီတွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
2019-05-14
တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ထားတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းကို လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဦးဆောင်တဲ့ ၄၅ ဦးပါ ကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2019-05-14
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းအဆင့်သာမက ဘယ်လို ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ဖို့ ဥပဒေကြောင်းအရ လိုအပ်ချက်တွေကို ပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မြင့်ဆွေ က မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
2019-05-14
ရခိုင်ရွာသားတွေ ဥပဒေမဲ့သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မှန်ကန်တဲ့ရပ်တည်ချက်ပြဖို့နဲ့ ခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2019-05-14
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထိမခံဘဲ ဖြစ်နေတာကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလှမ်းကွာဝေးနေဆဲဖြစ်တယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ကျင်းပတဲ့ အပစ်ရပ် ၁၀ ဖဲ့ွ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးမှာ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောလိုက်ပါတယ်။