သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-14
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ မှာ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ဦးလှဆွေက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ထားတာကြောင့် ဂန့်ဂေါခရိုင်တရားရုံးမှာ အမှု ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
2015-12-14
ဧရာဝတီတိုင်းဒေသကြီး မအူပင် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီး ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ခုထဲက အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို မအူပင်မြို့နယ်တရားရုံးက ဒီနေ့ ပယ်ဖျက်ပေးလိုက်ပါတယ်။
2015-12-14
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ပါတီပေါင်း ၉၀ နီးပါးထဲက ၂၇ ပါတီကသာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောဆို မဲဆွယ်ခဲ့တာကို တေ့ွရတယ်လို့ အမျိုးသမီးအခွင့် အရေး ဆောင်ရွက်နေတဲ့ Gender and Development Institute GDI က ဒီနေ့ ပြောပါတယ်။
2015-12-14
အစိုးရ၊ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စား လှယ်တွေ ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပပါတယ်။
2015-12-13
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းနယ်မြေထဲကို တရုတ်ပြည်ဘက်က နံပါတ်ပြားမပါတဲ့ကားတွေ ဝင်ရောက်နေတာတွေ အတွက် ပြည်နယ်အစိုးရ အပေါ်မှာ တာဝန်ရှိတယ်လို့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ကပြော ပါတယ်။
2015-12-13
၂ဝ၁၅ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့် ဒီဇင်ဘာ (၁၆) ရက်နေ့ကစလို့ လွှတ်တော်လုပ်ငန်းဆိုင်ရာတွေနဲ့ သင်တန်းတွေကို စတင်ပေးဖို့ စီစဉ်နေပါတယ်။
2015-12-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မှာ ဒီကနေ့ အမှိုက်ကောက်သန့်ရှင်းရေးလုပ်ခဲ့သလို တစ်ပြည်လုံး အတိုင်းအတာနဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီးလည်း အမှိုက်ကောက် သန့်ရှင်းရေးတွေ ပြုလုပ်ခဲ့ကြ ပါတယ်။
2015-12-13
ထိုင်းနိုင်ငံမှာရောက်ရှိ အလုပ်လုပ်ကိုင်နေ ကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်း ဘာသာစကား၊ ထိုင်းစာပေ၊ ထိုင်းယဉ်ကျေးမှုနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို တတ်သိနားလည်စေဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝတ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဒီဇင်ဘာလ ၂ဝ ရက်နေ့ကစပြီး သင်တန်းဖွင့်လှစ် သင် ကြားပေးသွားမယ်လို့ သိရပါတယ်။
2015-12-13
ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ (RCSS/SSA) အဖွဲ့ခေါင်းဆောင် ဦးယွက်ဆစ်ဟာ မြန်မာ့ တပ်မတော် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကျောက်မဲ) စကခမှူးကို ပြီးခဲ့တဲ့ ရက်ပိုင်းက စကခ(၁) အခြေစိုက်ရာ ခမရ(၅ဝ၂) တပ်ရင်းမှာ တစ်ညအိပ် သွားရောက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဖေါ်ပြလိုက်ပါတယ်။
2015-12-13
ရှမ်းပြည်နယ် ၊ မိုင်းရှူးမြို့နယ်၊ ကုန်းနိမ်ကျေးရွာနဲ့ နမ့်ပါမုန်း ကျေးရွာက စစ်ဘေး ဒုက္ခသည် ဦးရေ ၁၉၀ နီးပါးအတွက် ဟိုက်ပါကျေးရွာဘေးမှာ မြေနေရာပေးဖို့ စီစဉ်နေပါတယ်။
2015-12-13
ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေ တဲ့ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားတွေကို ရှမ်းပြည်နယ် တောင်ကြီး မြို့ရှစ်လေးလုံး ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ ဆရာတော် ဦးခေမာနန္ဒက ဒီကနေ့ သွားရောက် ငွေလှူဒါန်းလိုက် ပါတယ်။
2015-12-13
အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်ဟာ သူ့ရဲ့မဲန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက စုပေါင်း အမှိုက်ကောက်လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ ပါတယ်။
2015-12-13
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက ကေအိုင်အေ တပ်မဟာ (၄) နယ်မြေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS / SSA တပ်တွေ အနေနဲ့ အကြောင်းမကြားဘဲ ဝင်ရောက်သွားလာနေတာကြောင့် နှစ်ဖက်တပ်တွေ စစ်ရေး တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ကေအိုင်အေရဲ့နည်းပညာပိုင်းဆိုင်ရာအကြံပေး ဦးဒေါင်းခါးကို အာအက်ဖ်အေ သတင်းထောက်မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
2015-12-13
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ကုဋေမှော်၊ ဇွပ်ရာနဲ့ ဆန်းရာ စတဲ့ ကျေးရွာဒေသ ခံတွေဟာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီမြေစာ သယ်ကားတွေ ကျေးရွာလမ်းတွေကို မဖြတ်သန်းဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး ဒေသခံတွေက တားမြစ်နေကြပါတယ်။
2015-12-13
အခုနားဆင်ရမယ့် တနင်္ဂနွေစကားဝိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် ရွေးချယ်နိုင်မယ့်နည်းလမ်းနဲ့ ပြန်ကြားရေး ဝန်ကြီးရဲ့ စာနယ်ဇင်းသမားတွေရင်ဆိုင်ရမယ့် စိန်ခေါ်မှုဆိုင်ရာ ပြောကြားချက်အပေါ်ဝေဖန် သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဒီအပတ်အစီအစဉ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က စီစဉ်တင်ဆက်ထားပါတယ်။