သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-14
မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၁ ရက်က စစ်သားတချို့ ပစ်ခတ်ခံရတာကို ထွက်ကြည့်ခဲ့ ပြီးနောက် အဖမ်းခံရထားရသူ ရှစ်ယောက် ဒီဇင်ဘာ ၁၄ ရက် ဒီနေ့အထိ အဆက် အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-12-14
ချင်းပြည်နယ် ကန်ပက်လက်မြို့ အုတ်ဖိုရွာမှာနေတဲ့ ခရစ်ယာန် ဓမ္မဆရာတစ်ဦးဟာ ဒီဇင်ဘာ ၁၃ ရက်က သေနတ်ဒဏ်ရာနဲ့ ပန်းလေပြေဟိုတယ် အနီးမှာ သေဆုံး နေတာ တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-14
စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က စစ်ကောင်စီသတင်းပေး (ဒလန်) လို့ စွပ်စွဲခံရသူ ကိုချမ်းသာမိုးကို အမည်မသိ လူနှစ်ယောက်က ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
2021-12-14
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) အပါအဝင် လက်ရှိ နိုင်ငံရေးဖြစ်စဉ်တွေကို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ရှေ့နေတွေကတဆင့် မှတ်ချက်ပေးခွင့်ရှိတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2021-12-13
လာမယ့် ၂၀၂၁ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ့် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာရေးဆိုင်ရာ ပြဿနာတွေကို ကူညီဖြေရှင်းပေးရမှာဖြစ်ပါတယ်။
2021-12-13
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ကဲဘာရွာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တွေက မနေ့က မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာကို မီးရှို့သွားခဲ့တယ်လို့ မျက်မြင်သက်သေ ရွာသားတွေက ပြောပါတယ်။
2021-12-13
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ စစ်ဆင်ရေးနဲ့ နိုင်ငံရေးကိစ္စတွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီဇင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2021-12-13
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ တစ်လတာကာလအတွင်း အရပ်သား ခုခံကာကွယ်စစ်ကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသူ ၂၁၁၇ ဦးအထိရှိခဲ့ပြီး ၆၈၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-12-13
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဒီနေ့ကစပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ထိ တစ်ပတ်ကြာလေ့လာရေးခရီး စတင်နေပြီလို့ UN OHCHR အဖွဲ့က ထုတ်ပြန်ပါတယ်။
2021-12-13
အိုးပစ်အိမ်ပစ်ထွက်ပြေးရတဲ့သူတွေ၊ အန္တရာယ်ကြုံနေရသူတွေမှာ စားနပ်ရိက္ခာ ဆေးဝါးဆိုတဲ့ လူသားချင်းစာနာမှု အကူအညီ အလွန်အမင်းလိုအပ်နေလို့ သူတို့ ဆီအရောက်ပေးမယ့်ကိစ္စကို စစ်ကောင်စီက ပိတ်ဆို့တားမြစ်နေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2021-12-13
ဒီမိုကရက်တစ်မြန်မာအသံ (DVB) အတွက် Citizen Journalist – CJ သတင်း ထောက် တစ်ဦးအဖြစ် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကနေ သတင်းတွေ ပေးပို့နေတဲ့ ကိုအောင်စံလင်း ဟာ ဒီဇင်ဘာ ၁၁ ရက်ညက အဖမ်းခံလိုက်ရကြောင်း DVB သတင်းဌာနက ဒီကနေ့ ၁၃ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
2021-12-13
စစ်အာဏာသိမ်း ၁၀ လကျော်အတွင်း NLD လွှတ်တော်အမတ် ၉၀ နီးပါး အဖမ်းခံ ထားရပြီး အများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပါတီ လုပ်ငန်းကော်မတီက ပြောပါတယ်။ အဲဒီအထဲက အချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေကို ရောက်ရှိလာပြီး ဆုံးရှုံးခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပြန်ရဖို့အတွက် လက်နက်ကိုင်တော်လှန်နေကြပါတယ်။
2021-12-13
ရန်ကုန် အင်းစိန်ထောင်မှာ အသံတိတ်သပိတ်ပြုလုပ်ခဲ့တဲ့ အကျဉ်းသား၊ အချုပ်သား တွေကို စစ်ကောင်စီက ရိုက်နှက်နှိပ်စက်တာတွေရှိခဲ့တဲ့အပြင် သပိတ်ဦးဆောင်သူ တွေကို တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-12-13
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-13
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင် ဝင်းထဲက စစ်ခုံရုံးတွေကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင်၊ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတဲ့သူဟာ RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ စုစုပေါင်း ၁၁၇ ဦးအထိ ရှိလာပါတယ်။