သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-05
ICJ က မြန်မာအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်စီမံချက်ကို ဆောင်ရွက်အောင် တိုက်တွန်းဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့ကဆွေးနွေးကြပေမယ့် တရုတ်နဲ့ဗီယက်နမ် ကန့်ကွက်တာကြောင့် သဘောတူညီချက် မရခဲ့ပါဘူး။
2020-02-05
ခေတ်နဲ့ လျော်ညီမှုမရှိဘဲ လူထုအပေါ် ဖိနှိပ်တဲ့ဥပဒေအဖြစ် အသုံးချသလိုဖြစ်နေတဲ့ လက်နက်နဲ့ သက်ဆိုင်တဲ့ဥပဒေတွေကို ပယ်ဖျက်ပြီး ဥပဒေအသစ်ရေးဆွဲ ပြဌာန်းပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
2020-02-05
တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး တရုတ်နယ်စပ်ကနေ ပြန်လာနေကြရာမှာ လုပ်အားခငွေတွေ မရဘဲ ပြန်လာရသူတွေလည်း ရှိနေပါတယ်။
2020-02-05
ရခိုင်ပြည်နယ်က မြို့နယ် ငါးခုမှာ အင်တာနက်လိုင်းတွေ ပြန်ပိတ်ပြီး နောက်ရက် ဖေဖော်ဝါရီ ၄ ရက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
2020-02-05
နိုင်ငံတကာတရားရုံး (ICJ) ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရက မစိုးရိမ်ဘူးပြောဆိုနေပေမယ့်၊ တကယ်လို့ ကြားဖြတ်စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင် ကုလလုံခြုံရေးကောင်စီထိ ရောက်သွားနိုင်တယ်လို့ ဥပဒေပါရဂူဘွဲ့ရနဲ့ လူ့အခွင့်အရေးတက်ကြွသူတချို့က သုံးသပ်နေကြပါတယ်။
2020-02-05
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံး က ချမှတ်ခဲ့တဲ့ ကြားဖြတ်အမိန့်အပေါ် ဘူးသီးတောင်၊ မောင်တောဒေသမှာရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက ဘယ်လိုမြင်ကြသလဲ။
2020-02-05
အခြေခံပညာကျောင်းတွေ စာမေးပွဲစစ်ဆေးမယ့် အစီအစဉ်ကို ပြန်ပြောင်းလဲပေးဖို့နဲ့ စာမေးပွဲအချိန်စာရင်း အတိအကျ ထုတ်ပြန်ပေးဖို့ မန္တလေးမြို့မှာ တောင်းဆို ဆန္ဒပြခဲ့တဲ့ ကျောင်းသား သုံးယောက်ကို ချမ်းအေးသာစံမြို့နယ် အမှတ် (၃) စခန်းရဲစခန်းက အမှုဖွင့်ထားပါတယ်။
2020-02-04
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်ပြည်ဝူဟန်မြို့ကနေ မန္တလေးမြို့ကို ပြန်ခေါ်ထားပြီးစောင့်ကြည့်နေတဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကောင်းမွန်တယ် လို့ ရောဂါစောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲလွင် က RFA ကိုပြောပါတယ်။
2020-02-04
ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ နိုင်ငံတကာတရားရုံး ICJ က မြန်မာအပေါ်ကြားဖြတ်အမိန့် ချမှတ်ထားပေမယ့်၊ မြေပြင်မှာ ရိုဟင်ဂျာတွေပစ်ခတ်ခံရလို့ သေဆုံးတာတွေ ဆက်ရှိနေပါတယ်။
2020-02-04
ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်သော YUPT ကုမ္ပဏီလီမိတက် ရှယ်ယာရှင် နှစ်ရာကျော်က အစုရှယ်ယာတွေ ပြန်လည်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2020-02-04
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုနောက်ပိုင်း တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်မပြေးဘဲ ကျန်ရှိနေခဲ့ကြတဲ့ မွတ်ဆလင်တွေဟာ သူတို့ရဲ့မူလနေရာတွေမှာ ပြန်လည်အခြေချနေထိုင်နိုင်ရေးနဲ့ လွတ်လပ်စွာသွားလာခွင့်တွေမှာ အခက်အခဲတွေ ကြုံနေကြရဆဲဖြစ်ပါတယ်။
2020-02-04
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ကမ္ဘာမှာ ဒုတိယအဆင့်ကနေ တတိယအဆင့်ကို လျော့ကျလာပေမယ့် ဓာတုပစ္စည်းသုံး မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကြီးမားလာနေသလို၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း တိုးလာနေပါတယ်။
2020-02-04
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကနေ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ မွတ်စလင်တွေထဲက နေရပ်ပြန်လာသူတွေဟာ အခက်အခဲအချို့နဲ့ ရင်ဆိုင်နေကြရပါတယ်။
2020-02-04
အင်တာနက်ပြန်ဖွင့်ပေးတာ ငါးလခန့် ကြာမြင့်ပြီးတဲ့နောက် ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ငါးခုမှာ မနေ့ည ၁၀ နာရီ ဝန်းကျင်က အင်တာနက်ပြန်လည်ပိတ်လိုက်တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီတွေက သုံးစွဲသူတွေထံ အကြောင်းကြား လာပါတယ်။
2020-02-03
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို အစောဆုံးလက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာ့တပ်မတော်ကြား အခုရက်ပိုင်း တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။