သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-30
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့က မြန်မာ ကျောင်းသူ၊ ကျောင်းသား ၆၃ ယောက်ကို အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့ စေလွှတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃၀ ရက် ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
2020-01-30
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ TNLA တို့ ဇန်နဝါရီလ ၂၈ နေ့က တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
2020-01-29
ဇန်နဝါရီလ ၂၉ ရက်နေ့ ဂျပန်အခြေစိုက် The Diplomat စာစောင်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားနဲ့ ပါဝင်ပတ်သက်မှုဆိုင်ရာ သုံးသပ်ချက် ဆောင်းပါးတစ်စောင် ဖော်ပြခဲ့ပါတယ်။
2020-01-29
ပညာရေးဝန်ကြီးဌာနက မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို အမိန့်ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်လို့ဆိုပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ အငြိမ်းစားပေးလိုက်ပါတယ်။
2020-01-29
တရုတ်နိုင်ငံက စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ နိုင်ငံအချို့ကို ကူးစက်ပျံ့နှံ့နေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့ကို တရုတ်နိုင်ငံသား ဧည့်သည်တွေ ထပ်ရောက်လာမှာကို မန္တလေးမြို့ဒေသခံတွေ စိုးရိမ်နေပါတယ်။
2020-01-29
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုအပေါ် ICJ တရားရုံးက ကြားဖြတ်အမိန့် အချက် လေးချက်ကို ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်လိုက်ပါတယ်။
2020-01-29
၂၀၂၀ ဇန်နဝါရီ ၂၉ အထိ လူငါးထောင်ကျော် ကူးစက်ခံရပြီး၊ ၁၃၂ ဦး သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအခြေအနေနဲ့ နိုင်ငံအလိုက် ကူးစက်ခံရမှု၊ သေဆုံးမှုအရေအတွက်တွေကို RFA က မြေပုံနှင့် ကိန်းဂဏန်း (infographic) ကိုအသုံးပြုပြီးတော့ ရှင်းပြထားပါတယ်။
2020-01-29
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးချိန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပေးတဲ့ လက်ဆောင်ပစ္စည်းထဲမှာ ငွေကြေးပါတယ်ဆိုပြီး လူမှုမီဒီယာ ကွန်ရက် Moe Zay Nyein ဖေ့ဘွတ်အကောင့်က ဖော်ပြရေးသားခဲ့ပါတယ်။
2020-01-29
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ စစ်တွေမြို့အခြေစိုက် Mytel ကုမ္ပဏီက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ သူရဲ့ ယာဉ်မောင်းတို့ကို ပေါက်တောမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
2020-01-29
ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းကျေးရွာ ဒုက္ခသည်စခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာဆန်တင်လာတဲ့ ကားတွေကို ယိုးချောင်းတံတားမှာ နေရာယူထားတဲ့ တပ်မတော်စစ်ကြောင်းက သယ်ယူခွင့် မပေးတာကြောင့် အဲဒီဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။
2020-01-29
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်အကြားမှာ တပ်မတော်က လမ်းကြောင်းသွားကြည့်ရင်း မိုင်းဆွဲတိုက်ခံရတာကြောင့် တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ပါတယ်။
2020-01-28
တရုတ်ပြည် ဝူဟန်ဒေသကစတင်တဲ့ ဗိုင်းယပ်ရောဂါကြောင့် အထိတ်တလန့် ဖြစ်နေကြတာမှာ တရုတ်ပြည်ယူနမ်နယ်မှာအလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားများ မြန်မာပြည်တွင်း ပြည်လည်၀င်ရောက်လျှက်ရှိပါတယ်။
2020-01-28
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပျံ့နှံ့လာမယ့်အရေးကို တားဆီးဖို့အတွက် တရုတ်-မြန်မာနယ်စပ် မူဆယ်စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေကို ကျန်းမာရေးဝန်ထမ်းတွေ မြို့ခံပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
2020-01-28
အပြည်ပြည်ဆိုင်ရာတရုံး ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီမံချက် လေးချက်ကိုဆောင်ရွက်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ အကဲဆတ်တဲ့ကိစ္စရပ်တွေကိုပါ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်
2020-01-28
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခရစ်ယာန်တွေကို ARSA စစ်သွေးကြွတွေက တနင်္လာနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။