သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-12
ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာလေးရွာက ဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-12-12
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဆက်လက် ပြင်းထန်နေတာကြောင့် မြို့ပေါ်ရပ်ကွက်သုံးခုက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရသူတွေက ပြောပါတယ်။
2023-12-12
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမငြိမ်သက်မှုတွေကြောင့် ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC) က ထုတ်ပြန်လိုက်ပါတယ်။
2023-12-12
ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့လယ် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် NUG ရဲ့ မြို့နယ်တရားရေးတာဝန်ခံနဲ့ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။
2023-12-12
တိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး ရေဖြူရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်လာတာကြောင့် ရေဖြူ၊ ထုံခနဲ့ ချောင်းနှစ်ပေါက်ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
2023-12-12
တိုက်ပွဲပြင်းထန်နေတဲ့ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ မိဘမဲ့ဂေဟာတစ်ခုမှာပိတ်မိနေတဲ့ ကလေး ၃၆ ဦးနဲ့ ဆရာ လေးဦးကို ဒီဇင်ဘာ ၁၁ ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2023-12-12
ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီတပ်သား နှစ်ဦးနဲ့ ရဲ ရှစ်ဦး စုစုပေါင်း ဆယ်ဦးဟာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) ပလက်ဝအဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာပါတယ်။
2023-12-12
မဏိပူရ်မှာ မြန်မာကနေ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက ၁၅၃ ဦးဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ပြည်နယ်အာဏာပိုင်တွေက ဖမ်းဆီးထားတာပါ။
2023-12-12
ဖားကန့် ဆယ်ဇင်းရွာအနီးက နန့်ပုတ်နဲ့ ပင်းရံခရွာမှာ နေထိုင်တဲ့ ဒေသခံ ခုနစ်ရာနီးပါးဟာ တောတောင်တွေထဲမှာ ပုန်းရှောင်နေကြရတာကြောင့် ရေရှည်မှာ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။
2023-12-11
အင်ဒိုနီးရှားနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေ များလာတာဟာ လူကုန်ကူးမှုတွေ မြင့်တက်လာတာကြောင့်လို့ အင်ဒိုနီးရှားအစိုးရက သံသယရှိနေတယ်လို့လည်း ဆိုပါတယ်။
2023-12-11
အဲဒီဆွေးနွေးပွဲမှာ MNDAA နဲ့ စစ်ကောင်စီအကြား ယာယီအပစ်ရပ်စဲဖို့ သဘောတူခဲ့တယ်ဆိုတာမှန်ကန်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။
2023-12-11
ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အခိုင်အမာခြေကုပ်ယူထားတဲ့ စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ညက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
2023-12-11
စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့အပါအဝင် လေးဦးနဲ့ စစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက် က ထုတ်ပြန်ပါတယ်။
2023-12-11
လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2023-12-11
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ မိသားစုထံ လစာငွေပြန်ပို့ပြီး စစ်ကောင်စီကို အခွန်ဆောင်ရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က တိုက်တွန်းပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတွေက ပြောပါတယ်။