သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-12
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ပျက်ကျသွားတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်မှာ ပါဝင်သွား သူတွေကို ရှာဖွေကယ်ဆယ်နေတဲ့ အဖွဲ့တွေက ဒီကနေ့ ရုပ်အလောင်း ၂၄ လောင်း ထပ်မံ ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။
2017-06-12
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်း ကြီးကျေးရွာအုပ်စု အမြန်လမ်းဘေး ၃ မိုင် ၄ ဖာလုံကနေ ၅ မိုင် ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ ၄ထောင်လောက်ကို ကျူးကျော်သူတွေအဖြစ် သတ်မှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ညွှန်ကြားချက် နဲ့ လူအင်အား တစ်ထောင်နီးပါးနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်က ဒီနေ့ စတင်ဖြိုဖျက်နေပါတယ်။
2017-06-12
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေ ပြုလုပ်ခဲ့တယ်ဆို ပြီး ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက် လွှာတင်သွင်းထားတဲ့ အမှု ၆ မှုနဲ့ပတ်သက်ပြီး ကန့်ကွက်ခံ ရသူတွေက ရွေးကောက်ပွဲကော်မရှင်ခုံရုံးအသီးသီးမှာ ချေပလွှာတင်သွင်းကြပါတယ်။
2017-06-12
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါး ထပ်ကြီးတောင်ရပ်ကွက် အပါအဝင် ရပ် ကွက် ၃ ခုမှာ ကျူးကျော် အိမ်ထောင်စုစာ ရင်း ၄ဝဝ ကျော်ကို အုပ်ချုပ်ရေးအဖွဲ့က ကျူးကျော်သက်သေ ခံ ကတ်ပြားတွေ ဒီနေ့ ထုတ်ပေးနေရာ ကျူးကျော်မဟုတ်ဘူး ဆိုပြီး မထုတ်ယူတဲ့ အိမ်ထောင်စု ၄ဝဝ နီးပါး ရှိပါတယ်။
2017-06-12
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကာလတန် ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးပြားအရေအတွက် ၃၄ သိန်းကို မနေ့က ဖမ်းဆီး ရမိခဲ့ပါတယ်။
2017-06-12
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်စံပြကျေးရွာမှာ ဒီနေ့ မနက် ၃ နာရီလောက်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
2017-06-11
မြန်မာအလုပ်သမားစေလွှတ်မှု ယာယီရပ်နားထား တဲ့ ၆ လတာကာလအတွင်း မလေးရှားနိုင်ငံရဲ့ စက် ရုံ၊ အလုပ်ရုံတွေဆီက အလုပ်သမားခန့်အပ်စာ ရှစ်ထောင်ကျော်ရောက်ရှိနေတဲ့အတွက် အလုပ် သမားတွေ ပြန်လည် စေလွှတ်နိုင်ဖို့ အလုပ်သမား ဝန်ကြီးဌာနထံ မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များအဖွဲ့ချုပ် (MOEAF)က အသ နားခံစာ တင်ပြထားပါတယ်။
2017-06-11
မြန်မာအလုပ်သမားစေလွှတ်မှု ယာယီ ရပ်နားထားတဲ့ ၆ လတာကာလအတွင်း မလေးရှားနိုင်ငံရဲ့ စက်ရုံ၊ အလုပ်ရုံတွေဆီက အလုပ်သမား ခန့်အပ်စာ ရှစ်ထောင်ကျော်ရောက်ရှိနေတဲ့အတွက် အလုပ် သမားတွေ ပြန်လည် စေလွှတ်နိုင်ဖို့ အလုပ်သမားဝန်ကြီး ဌာနထံ မြန်မာနိုင်ငံပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ များအဖွဲ့ချုပ် (MOEAF) က အသနားခံစာ တင်ပြထားပါတယ်။
2017-06-11
ပျက်ကျသွားတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်မှာ ပါဝင်သွားသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေဟာ ဒီကနေ့မှာ အလောင်း ၂၆ လောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
2017-06-11
ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာ ရှိတဲ့ ရွှေနဲ့ ပယင်းမှော်တွေမှာ အလုပ်လုပ် ကိုင်နေကြသူတွေ ထွက်ခွာပေးဖို့ အစိုးရတပ်မတော်က အသိပေးစာထုတ်ပြန်ပြီးနောက် မှော်တွေက နေထွက်ပြေးလာသူ တစ်ထောင်ကျော်ဟာ တနိုင်းမြို့ပေါ်ကို ရောက်ရှိနေ တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
2017-06-11
ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ရန် ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီးမှာ ဖွင့်လှစ်ထားတဲ့ Morning Star စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့၊ စည်ပင် နဲ့ သစ်တောဦးစီးဌာနတို့က ဖြိုချဖယ်ရှားခဲ့ပါတယ်။
2017-06-11
ဇွန်လ ၁ဝ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " နိုင်ငံရေးနဲ့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးပညာသီဟ (ရွှေည ဝါဆရာတော်) ၊ ဦးပါမောက္ခ (မကွေးကျောင်းတိုက် ဆရာတော်) နဲ့ ဦးဣဿရိယ (မင်းသုညဗုဒ္ဓတက္ကသိုလ် ၊ ရွှေဝါရောင်သံဃာ့အရေးအခင်း) တို့ က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-06-10
အိန္ဒိယအစိုးရကို လက်နက်ကိုင်တော် လှန်နေတဲ့ နာဂပြည်နယ် အမျိုးသားဆိုရှယ် လစ်ကောင်စီ NSCN အဖွဲ့ခေါင်းဆောင် အသက် ၇၇ နှစ်အရွယ် ကက်ပလန်ဟာ ကျောက်ကပ်ရော ဂါနဲ့ မြန်မာပြည် စစ်ကိုင်းတိုင်းထဲက တာဂါဒေသမှာရှိတဲ့ သူ့အဖွဲ့ဌါနချုပ်မှာ ကွယ်လွန်သွားပြီလို့ အိန္ဒိယအစိုးရအရာရှိ တစ်ဦးက မနေ့က ပြောလိုက်ပါတယ်။
2017-06-10
KNU မူတရောခရိုင်က အစိုးရတပ်တွေပြန် ရုပ်သိမ်းဖို့ ဒေသခံတွေရဲ့ ဆန္ဒပြတောင်းဆို မှုကို IKO အပြည်ပြည်ဆိုင်ရာ ကရင်အဖွဲ့ က ထောက်ခံကြိုဆိုကြောင်း ဇွန်လ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2017-06-10
နယူးယောက်မြို့အခြေစိုက် CPJ သတင်းထောက်များကာကွယ်ရေးကော်မတီနဲ့ မြန်မာနိုင်ငံက Pen Myanmar အဖွဲ့တို့ရဲ့ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအကြောင်းနဲ့ပတ်သက်လို့ Pen Myanmar အဖွဲ့ ဥက္ကဌဦးမျိုးမြင့်ညိမ်းကို RFA ဝိုင်းတော်သားကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားတာနားဆင်နိုင်ပါပြီ။