သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-07
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိတ်ကာလမှာ အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တာတွေကို တရားဝင်တောင်းပန်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က လက်ရှိအစိုးရကို တိုက်တွန်းလိုက် ပါတယ်။
2013-08-07
ရန်ကုန်မြို့မှာ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပနေ တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ဒုတိယနေ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ တက်ရောက်ပြီး ငွေ ကျပ် ၁၅ သိန်း လှူဒါန်းလိုက်ပါတယ်။
2013-08-06
၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ နေ့က လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်လို့သေဆုံးခဲ့ရတဲ့ မဝင်းမော်ဦး အကြောင်းကို သူ့ဖခင်နဲ့ဆက်သွယ် မေးမြန်းချက်အပြင် အဆိုတော် မေဆွိသီဆိုထားတဲ့ ကျောင်းသားသမဂ္ဂ သီချင်း ကို နားဆင်ရမှာဖြစ်ပါတယ်။
2013-08-06
မြန်မာနိုင်ငံတွင်းက စိတ်မချရတဲ့ နယ်မြေ ဒေသတချို့ကို မသွားကြဖို့ ဗြိတိန်အစိုးရက ဗြိတိန်နိုင်ငံသားတွေကို သတိပေးနှိုးဆော်ထားပါတယ်။
2013-08-06
"လူထုသတင်းမှန်ရရှိရေး မီဒီယာလွတ်လပ်ခွင့်ပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN အဖွဲ့ဝင်တွေဟာ ဒီနေ့စတင်ကျင်းပနေတဲ့ ၂၅ နှစ်မြောက် ၈ လေးလုံး ငွေရတုအခမ်းနားကို တက်ရောက်လာသူတွေ ထံက လက်မှတ်တွေကို ကောက်ယူခဲ့ကြပါတယ်။
2013-08-06
အခုဆက်လက်ပြီး ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အထူးအစီအစဉ် ဒုတိယပိုင်းကို တင်ပြမှာပါ။
2013-08-06
မြန်မာနိုင်ငံမှာ ဖယ်ဒရယ်စနစ် ထူထောင်ဖို့ဆိုရင် ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့ လုပ်ပိုင်ခွင့်တွေကို အချိုးညီအသုံးချဖို့လိုကြောင်း အဓိကရေးသားထားတဲ့ စာတမ်းတစ်စောင်ကို နိုင်ငံရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာ ဦးကျော်ဝင်းက ဒီနေ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2013-08-06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက် ပိုင်း လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်ရင်ကြားစေ့နိုင် ဖို့ ရေတိုရေရှည် လုပ်ဆောင်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံး နိုင်ငံရေးအရာရှိ Cecily Brewer နဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရာရှိ Shayma Jannat တို့ဟာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ မနေ့က စစ်တွေဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2013-08-06
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆာလာရမ်း (Selayang) အရပ်မှာ ပြီးခဲ့တဲ့ရက်က သတ်ဖြတ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံသားရဲ့ အလောင်းကို ကပုန်းနာရေးကူညီမှုအသင်းက တာဝန်ယူပြီး ဒီကနေ့ သြင်္ဂိုလ်လိုက်တယ်လို့ သိရပါတယ်။
2013-08-06
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဇီးတောရွာ၊ စမ်းမြဝတီကျောင်းတိုက်ကို အရပ်ဝတ်နဲ့ လုံခြုံရေးတပ်ဖွဲ့က ဒီနေ့မနက် ၂ နာရီလောက်မှာ လူနှစ်ဦးကို ဖမ်းဆီးသွား ပြီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မုံရွာခရိုင် ဒုတိယ ရဲမှူးကြီး ဦးတင်ထွန်းက RFA ကို ပြောပါတယ်။
2013-08-06
ရှစ်လေးလုံးစိတ်ဓာတ်ဆိုတာ “အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှု” တွေကို ဆန့်ကျင်တဲ့ စိတ်ဓာတ်ဖြစ်ကြောင်း၊ ရှစ်လေးလုံးတုန်းက စိတ်ဓာတ်မျိုးနဲ့ လက်တွဲမဖြုတ်ကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2013-08-06
အခုဆက်လက်ပြီး ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အထူးအစီအစဉ် ပထမပိုင်းကို တင်ပြမှာပါ။
2013-08-06
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဇီးတောရွာကို အရပ်ဝတ်နဲ့ လူတစု ဒီမနက် ၂ နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး လူလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2013-08-06
တနင်္သာရီတိုင်း မြိတ်မြို့မှာ ၂ဝ၁၃ ခိုစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားအတွက် ဖိတ်ကြားထားတဲ့ ဗီနိုင်းပိုစတာတွေ အားလုံး မနေ့ညက ဖြုတ်သိမ်းဖျက်ဆီးခံခဲ့ရပါတယ်။
2013-08-05
မြန်မာနိုင်ငံက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေမှာ တန်ဖိုးအကြီးဆုံး ဆုံးရှုံးနေရတာဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Plan ခေါ် လူသားချင်းစာနာကူညီရေးအဖွဲ့ ကပြောပါတယ်။