သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-02
RFA ကို ရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2020-01-02
ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့မြို့နယ် ခုနှစ်ခု လောက်မှာ ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ စပါးစိုက်ခင်းဧက တစ်သောင်းခွဲကျော်ရှိတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ဒီနေ့ပြောပါတယ်။
2020-01-02
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ညက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ကျေးရွာတာဝန်ခံ တစ်ဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက သတ်ဖြတ်လိုက်တာလို့ မျက်မြင်သက်သေနှစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2020-01-02
ရခိုင်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၂၉ ရက် နေ့အထိ နှစ်လကြာ အပစ်အခတ်ရပ်စဲတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပေမယ့် မနေ့ကနဲ့ ဒီနေ့မှာ မြေပုံ၊ အမ်း၊ မင်းပြားနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2020-01-02
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဥယျာဉ်အတွင်းမှာ ဆေးခြောက် လျှော်ပင်တွေ စိုက်ပျိုးခဲ့လို့ တရားစွဲခံထားရတဲ့ အာမခံနဲ့အမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်နဲ့ ဆက်သွယ်လို့ မရတော့ဘူးလို့ အဲဒီ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
2020-01-02
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ကောင်စီ ဇမ္ဗူသီရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ကို RFA ဝိုင်းတော်သူ မအေးအေးမွန် က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2020-01-02
RFA က စီစဉ်ရိုက်ကူးပြီး DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ... "ပြည်သူ့လွှတ်တော် တိုင်းရင်းသားအခွင့်အရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လက်တွေ့ဖော်ဆောင်နိုင်ရဲ့လား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-01-01
၂၀၁၉ ခုနှစ်အတွင်း ရှမ်းမြောက်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်ခဲ့ပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာ အဖမ်းခံရတာ အိုးအိမ်တွေ ပျက်စီးမှုတွေပိုများခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ရှမ်းမြောက်ဒေသရဲ့ ထူးခြားဖြစ်စဉ်ကို RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။
2020-01-01
ခေတ်အဆက်ဆက် နံရံထုံးသုတ် လှူဒါန်းမှုတွေ ကြောင့် ပျောက်ကွယ်ပျက်စီးခဲ့ရတဲ့ ကမ္ဘာကျော် ရှေးဟောင်းပုဂံဒေသရဲ့ နံရံပန်းချီတွေဟာ ယနေ့ခေတ်မှာလည်း အန္တရာယ်အသစ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ correction pen လို့ ခေါ်ကြတဲ့ မင်ဖျက်ဆေးအဖြူရောင် သုံးပြီး ရှေးဟောင်းနံရံပန်းချီပေါ် ရေးသားလာကြခြင်းပဲ ဖြစ်ပါတယ်။
2020-01-01
ရက္ခိုင်တပ်တော် AA နဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် ချင်းတိုင်းရင်းသားတွေ သေဆုံးတာတွေ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးနေရတာတွေရှိနေတာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ AA အခြေစိုက်စခန်းတွေ ဖယ်ရှားပေးဖို့နဲ့ ငြိမ်းချမ်းရေးစကားဝိုင်းပေါ်ကို အမြန်ဆုံးသွားဖို့ ချင်းတိုင်းရင်းသားများပါတီက တိုက်တွန်းလိုက်ပါတယ်။
2020-01-01
မွန်ပြည်သစ်ပါတီမှာ အင်အားနည်းနေတဲ့အတွက် အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနိုင်ကျင့်တာကို ခံနေရတာကြောင့် မွန်လူငယ်တိုင်း မွန်ပြည်သစ်ပါတီရဲ့ မွန် အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ဝင်ရောက်အားဖြည့်ကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပတဲ့ ၈ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ်မှာ တိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။
2020-01-01
ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပခဲ့တာ လက်ရှိအစိုးရ သက်တမ်းကာလအတွင်းမှာဆိုရင် ၁၇ ကြိမ်ရှိပြီဖြစ်ပါတယ်။
2020-01-01
တနှစ်ဟောင်းလို့ တနှစ်ပြောင်းချိန် ဒီနှစ်မှာ ဘာသာရေးနယ်ပယ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ရဲ့ နှစ်သစ်အတွက် ဆုတောင်းတွေက ဘာတွေများပါလိမ့်၊ ဦးတင်အောင်ခိုင်က စုစည်းတင်ပြပါမယ်။
2020-01-01
ရခိုင့်တပ်တော် AA က အောင်တံခွန် ရေယာဉ်ပေါ်ကနေ မနေ့က ဖမ်းဆီးသွားတဲ့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို ဒီနေ့မနက်က ပြန်လွှတ်ပေးလိုက်ပါတယ်။