သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-07
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် ရဲစခန်းကို ဇန်နဝါရီ ၆ ရက် မနေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-07
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် မဆွမ်ဇွပ်တောင်အနီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဇန်နဝါရီလ ၆ ရက် မနေ့နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-07
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တိုက်ပွဲကြောင့် ဒေသခံ လေးဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2023-01-07
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ခင်ဦးမြို့နယ်က ရွာတွေကို ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့လို့ အရပ်သား လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-07
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာအနီးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်ညပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်က အရပ်သား နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-06
အုန်းဖျန် ဒုက္ခသည်စခန်းကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး လက်ရှိမှာ အိမ်ထောင်စု ၁၇ဝဝ ကျော်နဲ့ လူဦးရေ ၈ဝဝဝ ကျော်ရှိပါတယ်။ ၈ဝ ရာခိုင်နှုန်းဟာ ကရင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဖြစ်ပြီး တခြားမြန်မာနိုင်ငံအရပ်ရပ်က ရောက်လာတဲ့ လူမျိုးပေါင်းစုံအနက် မွတ်စလင်တွေလည်း လူဦးရေ ထောင်နဲ့ချီ ရောက်ရှိခိုလှုံလျှက်ရှိတယ်လို့ စခန်းအကြီးအကဲတွေက ပြောပါတယ်။
2023-01-06
သတ်ဖြတ်ခံရတဲ့ သံဃာတော်ဟာ သီတဂူဗုဒ္ဓတက္ကသိုလ် နာယကလည်းဖြစ်၊ ဂုဏ်ထူးတန်းဘွဲ့ရ စာချဆရာတော်တစ်ပါးလည်းဖြစ်တဲ့ ဆရာတော်အရှင်ဂန္ဓသာရ ဖြစ်တယ်လို့ PDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
2023-01-06
ပုသိမ်ထောင်တွင်းပစ်ခတ်မှုမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် သေဆုံးပြီး အသက်အန္တရာယ် စိုးရိမ်ရသူ ရှစ်ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီနေသူတွေက ပြောပါတယ်။
2023-01-06
စစ်တပ်က အာဏာသိမ်းပြီးနောက် အစ္စလာမ်ဘာသာရေးဆရာ သုံးဦးထက်မနည်းနဲ့ ဘာသာဝင် ၆၈ ယောက်စစ်ကောင်စီရဲ့ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်တာခံခဲ့ရတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2023-01-06
ဒီနှစ် ၂ဝ၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို တိုင်းပြည်အာဏာလွှဲအပ်မယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ အထမြောက်ဖို့ စီစဉ်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း ဒီနှစ်ကို အာဏာရှင်တော်လှန်ရေး အဆုံးသတ်မယ့်နှစ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေ ဘယ်လိုအပြောင်းအလဲတွေ ရှိလာမလဲ။
2023-01-06
ထောင်တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ရန်ကုန်မြို့က လူငယ် ၄ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) နဲ့ စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဉ်းထောင်တရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၅ နှစ်စီ ထပ်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2023-01-06
အခုလို ဖမ်းဆီးထောင်ချတာတွေဟာ စစ်ကောင်စီကိုဆန့်ကျင်သံတွေ တိတ်ဆိတ်သွားအောင် လုပ်တာမျိုးတင်မကဘဲ အကြောက်တရားနဲ့ပါ ခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။
2023-01-06
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန်ရဲ့ ခရီးစဉ်အပြီး မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၅ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2023-01-06
ဒီထောင်တွင်းဆူပူမှုဟာ ဇန်နဝါရီလ ၅ ရက်နေ့ မနေ့ညကတည်းက ဖုန်းပြောဆိုခွင့်မရတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား စကားများကြရာက စတင်ခဲ့တာလို့ ပုသိမ်ထောင်နဲ့ နီးစပ်မှုရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-06
ပြီးခဲ့တဲ့ ရွေးကောက်ပွဲအဆက်ဆက်ဟာ ရခိုင်ပြည်နယ်အတွက် အကျိုးမထူးခဲ့သလို အခုစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာလည်း ရခိုင်ပြည်သူတွေအတွက် ထူးခြားလာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။