သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-11
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံ သူတွေကို ဒီနေ့ ရုံးထုတ်ရာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသား ကိုဖြိုးဓနချစ်လင်းသိုက်ဟာ ကျန်းမာရေးအခြေ အနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်လိုက်ပါတယ်။
2015-11-11
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးနဲ့ကျေးသီးမြို့နယ်အစပ် ဝမ်ဆော့ကျေးရွာအနီးတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်ဘေးဒုက္ခသည် နှစ်ရာနီးပါးလောက် မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
2015-11-11
ရွေးကောက်ပွဲအပြီး ဒိုင်လူကြီးက နိုင်တဲ့သူ ကိုနိုင်တဲ့ အထိမ်းအမှတ်အဖြစ် လက်မြှောက်ပေးရမှာဖြစ်ပေမယ့် ဒိုင်မှာတော့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ကျန်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌဦးတင်အေး က ပြောပါတယ်။
2015-11-11
ရွေးကောက်ပွဲအလွန် ကြားကာလ တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2015-11-11
ရွေးကောက်ပွဲရလဒ်တွေကို ကြည့်မယ် ဆိုရင် ပြည်သူလူထုက အပြောင်းအလဲကို လိုလားနေတယ်လို့ ခံယူထားကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။
2015-11-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံ ဆွေးနွေး လိုကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
2015-11-11
အထွေထွေရွေးကောက်ပွဲအနိုင်ရ ကိုယ်စား လှယ်လောင်းတွေရဲ့ အမည်စာရင်းကို ဒီကနေ့ နိုဝင် ဘာ (၁၁) ရက်နေ့မှာ တတိယမြောက်နေ့အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်၊
2015-11-11
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲတွေကို ပြန်လည် ရေတွက်ပေးဖို့ တောင်းဆိုရာမှာ အန်အယ်လ်ဒီပါတီက ကန့်ကွက်လိုက်ပါတယ်။
2015-11-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးတင်ဦးက လက်ရှိရရှိပြီးသား ရွေးကောက်ပွဲရလဒ်တွေအရ မိမိတို့ ပါတီအနေနဲ့ ပျမ်းမျှအားဖြင့် ၈ဝ% အနိုင်ရတယ်လို့ ခန့်မှန်းထားကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-11-11
SSPP/SSA ရှမ်းပြည်တပ်မတော် ဌာနချုပ်ရှိရာ ဝမ်ဟိုင်းကို အစိုးရတပ်မတော်က လေကြောင်းကနေတစ်ဆင့် ဒီကနေ့ မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဝမ်ဟိုင်း ဌာနချုပ်နဲ့ ၄ မိုင်အကွာလောက်မှာလည်း မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2015-11-11
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့ကစပြီး တရားဝင် ထုတ်ပြန်ကြေညာပေးနေ ပါတယ်။
2015-11-11
ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခဲ့တဲ့ အီးယူအဖွဲ့က ဒီကနေ့ ပဏာမ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။
2015-11-11
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ Asia Network Free For Election (ANFREL) အဖွဲ့က သူတို့ လေ့လာတွေ့ရှိချက်တွေကို ဒီကနေ့ နိုဝင်ဘာ ၁ဝ ရက်နေ့ ရန်ကုန်မြို့ မီကာဆာ ဟိုတယ်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။
2015-11-11
နိုဝင်ဘာလ ၁၁ ရက် နေ့လည် ၁၂ နာရီ အထိ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ထုတ်ပြန်တဲ့စာရင်းအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၃၄ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၃၄ ဦးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၉ ဦး အနိုင်ရရှိနေပါတယ်။
2015-11-11
မြန်မာနိုင်ငံမှာ မဲဆန္ဒရှင်တွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဌာနအဖွဲ့အစည်းတွေကို အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့က ချီးကျူးဂုဏ်ပြုလိုက်သလို၊ ရွေးကောက်ပွဲ ရလဒ်ကို မြန်မာ့တပ်မတော်က လက်ခံတာနဲ့အမျှ မြန်မာ အပေါ်ကျန်ရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံလျှော့ချ လာနိုင်ဖွယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။