သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-06
ကရင်ပြည်နယ် ဘားအံမြို့နယ်က ဇွဲကပင်တောင်ခြေမှာရှိတဲ့ မွန့်ဆရီးရွာဟာ ဒေသခံ ရွာသူရွာသားတွေ ကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲတာ မရှိသလို၊ ဒုစရိုက်မှုတွေ ကျူးလွန်တာ မရှိဘူးလို့ ဆိုပါတယ်။
2018-12-06
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ပြေးခဲ့ကြတဲ့ မွတ်စလင်တွေကို အစိုးရက မူလနေရပ်တွေကို ပြန်ပို့ခဲ့ပေမယ့်၊ စခန်းကို ပြန်အရောက်မှာ ဒုက္ခသည်လက်မှတ်ပျောက်ဆုံးတာ၊ ပိုင်ဆိုင်မှု မရှိတော့တာ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်စခန်းခေါင်းဆောင်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2018-12-06
တနင်္သာရီတိုင်း ရေဖြူမြို့နယ်က ပသျှူးရေနဲ့ မော်ငန်းကျေးရွာက ဒေသခံတွေ ငါးဖမ်းတဲ့ရေပြင်မှာ Total ကုမ္ပဏီက သဘာဝဓာတ်ငွေ့နဲ့ ရေနံ ရှာဖွေစမ်းသပ် လုပ်ကိုင်နေတာကြောင့် ပျက်စီးဆုံးရှုံး တာတွေအတွက် ဖြေရှင်းပေးဖို့ ဒေသခံတွေက ကုမ္ပဏီကို တောင်းဆိုလိုက်ပါတယ်။
2018-12-06
မြန်မာနိုင်ငံမှာ အကြီးဆုံး ဆက်သွယ်ရေး တယ်လီကွန်းအော်ပရေတာ တခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ မိတ်ဖက် ဂျပန် ကုမ္ပဏီ KDDI တို့ဟာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်တာကို မတွေ့ရဘူးလို့ NLD ပါတီ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောပါတယ်။
2018-12-06
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန်အခြေစိုက် ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့တာဟာ ဇိုမီး ချင်းအမျိုးသားထုရဲ့ သဘောထားမဟုတ်ကြောင်း ဇိုမီး ချင်းတိုင်းရင်းသားအရပ်ဖက်အဖွဲ့ ၂၂ ခုက သဘောထားထုတ်ပြန်လိုက်ပါတယ်။
2018-12-06
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက အက်ဆစ်ငွေ့တွေကြောင့် သီးနှံပင်တွေ ပျက်စီးတာတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ဒီကနေ့မှာ လာရောက်စစ်ဆေးနေပြီး အဲဒီက ထွက်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ဆန္ဒပြ ကန့်ကွက်သွားမယ်လို့ ကျောက်ဖြူတိုင်ရွာက ကိုသက်နိုင်ဦး က RFA ကို ပြောပါတယ်။
2018-12-06
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဧရာဝတီဘဏ် ဝန်ထမ်းတစ်ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ဒုရဲအုပ်တို့ ပါတဲ့အဖွဲ့က ဝိုင်းပြီး ရိုက်နှက်တဲ့ကိစ္စအတွက် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးနေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးစိန်ဝင်း က RFA ကို ဒီနေ့ ပြောပါတယ်။
2018-12-06
မွန်ပြည်သစ်ပါတီနဲ့ ဒေသခံပြည်သူတွေကြား ယုံကြည်မှုကင်းမဲ့အောင် ပြည်သူတွေကို မွန်ပြည်သစ်ပါတီက မိုင်းထောင် တိုက်ခိုက်နေသလို အထင်မှားစေတဲ့ စစ်ရေး နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ကန့်ကွက်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-06
နိုင်ငံရေးအရ မပြေလည်တဲ့ကိစ္စတွေကို အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ တောင်းဆို ထားပေမယ့် အစိုးရနဲ့ တပ်မတော်က ရက်ရွှေ့ဆိုင်းနေတဲ့အတွက် တွေ့ဆုံခွင့် မရသေးဘူးလို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက RFA ကို ပြောပါတယ်။
2018-12-06
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နွားနွဲ့ကျေးရွာအနီးမှာ KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတဲ့ ကုန်တင်ယာဉ်မောင်း ၄ ဦး မနေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မူဆယ်ခရိုင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2018-12-06
ကချင်ပြည်နယ်က မြစ်ကြီးနား၊ မိုးညှင်းနဲ့ ဗန်းမော်ခရိုင်တွေမှာရှိတဲ့ တပ်သိမ်းမြေ ဧက ၇၀၀ နီးပါးကို မူလ တောင်သူတွေကို ပြန်လည်ပေးအပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
2018-12-06
အစိုးရက သတင်းမီဒီယာတာဝန်ယူပြီး သတင်းထုတ်ပြန်နေတာဟာ ဝါဒဖြန့်ချီမှုသာဖြစ်ပြီး၊ နိုင်ငံပိုင် မီဒီယာအနေနဲ့ အစိုးရရဲ့မှားယွင်းလုပ်ဆောင်ချက်တွေကို ထောက်ပြဝေဖန် ထိန်းကြောင်းဖို့မဖြစ်နိုင်ဘူးလို့ သတင်းမီဒီယာအဖွဲ့အစည်း ၁၆ ခုက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-12-05
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက်ဘာသာကြီးလို့ သူသုံးစွဲခဲ့တာဟာ ပြည်တွင်းက အစ္စလာမ်ဘာသာဝင်တွေကို နစ်နာစေလိုတာ မဟုတ်ကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို ရည်ရွယ်ပြောခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
2018-12-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ချက်ဟာ အောင်မြင်ဖို့ အခွင့်အလမ်းများလာနေတာ တွေ့ရတယ်လို့ Asian Correspondent သတင်းက ဖော်ပြပါတယ်။
2018-12-05
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်မှာ ဆောက်လုပ်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ ရှမ်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ၃ ဦး အပါအဝင်၊ ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆို လိုက်ပါတယ်။