သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-08
ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့ အတွက် အလွန်စိုးရိမ်ပူပန်ကြောင်း လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-12-08
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony J. Blinken) ဟာ လာမယ့်သီတင်းပတ်အတွင်း အရှေ့တောင်အာရှကို ခရီးထွက်ပြီး ရောက်ရှိရာနိုင်ငံ တိုင်းမှာ မြန်မာနိုင်ငံက ဆိုးသထက်ဆိုးလာနေတဲ့ အခြေအနေတွေကို ပြောဆိုဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။
2021-12-08
မြန်မာနိုင်ငံမှာ ကိုရိုနာကပ်ရောဂါဘေးကြောင့် အကျပ်အတည်း ကျရောက်နေရတဲ့ ချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်တာကြောင့် ပြည်သူအများစုဟာ ထမင်းနပ်မှန်အောင်စားရဖို့အရေး မနည်းရုန်းကန်နေကြရပါတယ်။ လူတန်းစားအလွှာပေါင်းစုံနေထိုင်တဲ့ ရန်ကုန်မှာ ဒီလိုအခက်အခဲရှိတဲ့ ပြည်သူတွေကို တဖက်တလမ်းက ကူညီနိုင်ဖို့ ငွေ ၅၀၀ ကျပ်တည်းနဲ့ ဝမ်းဖြည့်လို့ ရမယ့် တန်ဖိုးနည်း ထမင်းဆိုင်လေးတွေ ပေါ်လာပါတယ်။
2021-12-08
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြနေတဲ့လူငယ်တွေကို စစ်ကားနဲ့ဝင်တိုက်ပြီးနောက် အဲဒီနေရာမှာရှိနေတဲ့ လူငယ် ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
2021-12-08
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သား ၁၀၀ လောက်ဟာ သူတို့ပြန်လည်ဆုတ်ခွာရာ လမ်းကြောင်းမှာတွေ့တဲ့ အရပ်သားသုံးယောက်ကို သတ်ပြီး မြေမြှုပ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-08
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကနေ ကွတ်ခိုင်မြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက် နှစ်နာရီလောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-08
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုံးတောရွာမှာ ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်သား တွေရဲ့ မီးရှို့သတ်ဖြတ်တာခံလိုက်ရတဲ့ ရွာသား ၁၁ ယောက်ထဲက ကိုဇင်မင်းထွန်းရဲ့ဇနီးကို RFA က ဒေါ်စမ်းစမ်းတင် ဆက်သွယ်မေးမြန်းထားပါတယ်။
2021-12-08
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က တာဝန်ထမ်းဆောင် ခဲ့တဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီးငါးဦးကို ဒီဇင်ဘာ ၈ ရက်နေ့ ဒီကနေ့မှာ တရားလိုအပါအဝင် ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
2021-12-08
စစ်ကောင်စီ ရဲ့ ခမရ ၄၀၇ စစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ (KNLA) နဲ့ အရပ်သား ခုခံကာကွယ်ရေး တပ်မတော် (PDF) တွေ ပူးပေါင်းပြီး ဒီဇင်ဘာ ၆ ရက်က KNU ထိန်းချုပ်နယ်မြေထဲမှာ တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
2021-12-08
ချင်းပြည်နယ် ထန်တလန်မြို့မှာ အချိန်လေးလအတွင်း မီးရှို့မှု ၁၃ ကြိမ်မှာ အိမ်ခြေ ၅၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ အခုဆိုရင် နေအိမ် ၂,၀၀၀ ကျော်ရှိတဲ့ ထန်တလန်မြို့မှာ အိမ်ခြေ လေးပုံ တစ်ပုံလောက် ဆုံးရှုံးသွားပြီဖြစ်ပေမယ့် နောက်ထပ်ကျန်နေသေးတဲ့ အိမ်တွေလည်း ဆက်လက် မီးရှို့ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
2021-12-08
Mytel Myanmar အပါအဝင် စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ စာမျက်နှာတွေ၊ ဂရုတွေနဲ့ အကောင့်တွေကို Facebook ပေါ်ကနေ ဖြုတ်ချပြီး အရေးယူမှု တိုးမြှင့်လိုက်တယ်လို့ ဒီဇင်ဘာ ၈ ရက် ဒီနေ့မှာ Meta ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။
2021-12-08
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုထောင် တရားရုံးကနေ ဒီဇင်ဘာ ၈ ရက် ဒီနေ့ ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ပါတယ်။
2021-12-08
တနင်္သာရီတိုင်း မြိတ်မြို့က ထမင်းဆိုင်ပိုင်ရှင်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီးနောက် သုံးရက်အကြာ ဒီဇင်ဘာ ၆ ရက် မနေ့က မိသားစုဝင်တွေကို အလောင်းလာထုတ်ဖို့ အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2021-12-08
ဒီဇင်ဘာ ၇ ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောရွာက အသတ်ခံရသူ ၁၁ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်လေးဦး ပါဝင်နေပြီး သူတို့အားလုံးကို ဒီကနေ့ စုပေါင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-08
မန္တလေးမြို့မှာ ဒီဇင်ဘာ ၈ ရက် ဒီနေ့ မနက်က အရုဏ်ဦးသပိတ်မှာ ဝန်းရံပေးမယ့် လူငယ်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အိမ်စီးကားသုံးစီးနဲ့ ဝင်တိုက်ပြီး သေနတ်တွေနဲ့ပါ ပစ်ခတ်ဖမ်းဆီးခဲ့လို့ အမျိုးသမီးတစ်ဦး အဖမ်းခံလိုက်ရပါတယ်။