သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-05
မြန်မာနိုင်ငံမှာ ကလေးသူငယ်ထောင်ပေါင်းများစွာကို ယဉ်ကျေးလိမ္မာလာအောင် နှစ်စဉ်သင်တန်း တွေပို့ချပေးနေတဲ့ ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ ဆရာတော့်ကျောင်းတိုက်မှာ သွားရောက်တွေ့ဆုံ လျှောက်ထားမေးမြန်း တင်ပြထားပါတယ်။
2013-01-05
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ ကိုဘိုကြည် တို့ဟာ ဒီကနေ့ နေ့လည်မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာပါတယ်။
2013-01-05
ကေအိုင်အိုက ဖမ်းမိထားတဲ့ အစိုးရတပ်က သုံ့ပန်းတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကနေတဆင့် မြန်မာအစိုးရကို လွှဲပေးဖို့ ကြိုးစားနေပေမယ့် အစိုးရဘက်က အခုအချိန်အထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။
2013-01-05
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲများအဆုံးသတ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်း PCG ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဒီနေ့ ထုတ်ဖေါ်ပြောကြားပါတယ်။
2013-01-04
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန် ဒုတိယဝန်ကြီးချုပ် တာရိုအာဇို က ရန်ကုန်သီလဝါ စီးပါွးရေးအထူးဇုန်ကို မနေ့က သွားရောက်ကြည့်ရှု ပြီးနောက် မြန်မာနိုင်ငံကို ဂျပန်က ဘဏ္ဍာရေး အကူအညီပေးမယ့်အကြောင်းထပ်မံ အတည်ပြုပြောဆိုလိုက်ပါတယ်။
2013-01-04
ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့ တိုက်ပွဲအရှိန် မြင့်လာတာဟာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိတယ်လို့ ဗြိတိန်အစိုးရတာဝန်ရှိသူ တဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီလို မြန်မာအစိုးရတပ်နဲ့ KIO တို့ တိုက်ပွဲဖြစ်ပွားနေတာကို ဗြိတိန်နိုင်ငံအနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်ရတယ်လို့ နိုင်ငံခြားရေးနဲ့ ဗြိတိန်ဓနသဟာယရုံး ဒုတိယဝန်ကြီး Hugo Swire က ပြောပါတယ်။
2013-01-04
ကချင်ပြည်နယ်တွင်းက မြန်မာအစိုးရ တပ်တွေနဲ့ KIO/KIA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2013-01-04
လွတ်လပ်ခြင်း “Freedom” နဲ့ လွတ်လပ်ရေး “Independence” ဆိုတဲ့ စကားလုံးတွေဟာ အဓိပ္ပါယ်ကွာခြားပြီး လွတ်လပ်ရုံမျှနဲ့ လွတ်လပ်ရေးရပြီလို့ မဆိုနိုင်တဲ့အကြောင်း၊ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ လွတ်လပ်ရေးရတယ်လို့ ခေါ်ဆိုနိုင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2013-01-04
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင် နဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည် တို့ဟာ တလကြာ မြန်မာနိုင်ငံခရီးစဉ်အဖြစ် မနက်ဖြန် ရန်ကုန်မြို့ကို ဆိုက်ရောက်မယ်လို့သိရပါတယ်။
2013-01-04
ကချင်ပြည်နယ်ကိုရောက်ရှိနေကြတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ လိုင်ဇာမြို့မှာ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။
2013-01-04
၂ဝ၁ဝ သြင်္ကန်က ရန်ကုန်မြို့မှာ X2O မဏ္ဍပ်ရှေ့ ဗုံးကွဲမှုနဲ့စွပ်စွဲပြီး သေဒဏ် ချမှတ်ခံလိုက်ရတဲ့ ကိုဖြိုးဝေအောင်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပြန်လွတ်ခဲ့ပြီး ၅ လအကြာ ဒီနေ့မှာတော့ အသည်းကင်ဆာရောဂါ နဲ့ နေအိမ်မှာကွယ်လွန်သွားခဲ့ပါတယ်။
2013-01-04
ဒီကနေ့ကျရောက်တဲ့ ၆၅နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့အတူ ကချင်ဒေသ စစ်ပွဲရပ်ဆိုင်းရေး ဆန္ဒသဘောထား ထုတ်ဖော်ပွဲတခုကို တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြုလုပ်ခဲ့ကြပါတယ်။
2013-01-03
မြန်မာနိုင်ငံအနေနဲ့ သွားရမယ့် ခရီးဝေးသေးကြောင်း၊ ခြေလှမ်း မှားတွေနဲ့လည်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ မိမိအနေနဲ့ အခုထိ ဖြစ်ထွန်းမှုတွေ အပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambir က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။
2013-01-03
မနက်ဖြန် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက်နေ့ လွတ်လပ်ရေးနေ့အတွက် အထူးအစီအစဉ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်မိန့်ခွန်းတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ်တင်ပြထားပါတယ်။
2013-01-03
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ နေပြည်တော်ကို ထွက်ခွာသွားတဲ့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့စစ်ပွဲများ ရပ်ဆိုင်းရန်နဲ့ အဓိပ္ပယ်ပြည့်ဝတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်နိုင်ရေး အတွက် ဆွေးနွေးသွားမယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၃ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။