သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-08
ပြည်တွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ MPT ၊ Telenor ၊ Ooredoo ၊ Mytel စတဲ့ ကုမ္ပဏီတွေ အကုန်လုံး ဒီဇင်ဘာ ၈ ရက် ဒီနေ့ကစပြီး ဒေတာသုံးစွဲမယ့် ဈေးနှုန်းတွေ ထက်ဝက်နီးပါးမြှင့်လိုက်ပါတယ်။
2021-12-08
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် မခင်မျိုးဟာ ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
2021-12-08
ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုရဲ့ တဲအိမ်ထဲမှာ အိုးခွက်ပုဂံတွေ ဆေးကြောနေတဲ့သူက အသက် ၃၈ နှစ်အရွယ် ဒေါ်ဒါးမို ဖြစ်ပါတယ်။ သူဟာ ကလေး သုံးယောက်ကို ၁၀ နှစ်တာ ပြုစုစောင့်ရှောက်လာခဲ့တဲ့ မုဆိုးမတစ်ဦးလည်း ဖြစ်ပါတယ်။
2021-12-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။
2021-12-07
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့လုပ်ရပ်ဟာ အရိုင်းအစိုင်းဆန်တဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ နိုင်ငံတကာလေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။
2021-12-07
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ဒီဇင်ဘာ ၇ ရက်ညပိုင်းက သံပုံးတီးလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်နေသူတချို့ကို ဖမ်းဆီးတာ လမ်းပေါ်ရပ် ထားတဲ့ အိမ်စီးကားတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-07
ကြည့်မြင်တိုင်မြို့နယ်က ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ဖြိုခွဲပြီးနောက် အဖမ်းခံလိုက်ရတဲ့ MPA သတင်းထောက် နှစ်ယောက်ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေး ကော်မတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။
2021-12-07
ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းဖွင့်ပေးဖို့ အပါအဝင် စစ်တပ်နဲ့အစိုးရကို ဆန္ဒပြလို့ NLD အစိုးရလက်ထက်မှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ ကျောင်းသားလေးဦး အမှု အယူခံတင်လွှာကို ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ရခိုင်ပြည်နယ်တရားလွှတ်တော် မှာ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ပါတယ်။
2021-12-07
ဆန္ဒပြ သတင်းယူနေရင်း စစ်ကားနဲ့ ဝင်တိုက်တာခံရလို့ ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဟာ စစ်ဆေးရုံမှာ ကုသ နေရပြီး ဒဏ်ရာမစိုးရိမ်ရတော့ပေမယ့် မိသားစုနဲ့တော့ တွေ့ခွင့်မရသေးပါဘူး။
2021-12-07
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာမှာ ဒီနေ့မနက်ပိုင်းက ကျေးရွာသား ၁၁ ယောက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2021-12-07
တနင်္သာရီတိုင်း ထားဝယ်မြစ်လယ်က ဆင်ဖြူရှင်ကျွန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာနချုပ် (စကခ -၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ - ၄၀၂) က နယ်မြေရှင်းလင်းရေး ဆိုပြီး သွားရောက်ခဲ့ရာမှာ နေအိမ်တစ်ချို့ကို မီးရှို့ခဲ့ရကြောင်း အဲဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ CDM အရာရှိ တစ်ယောက်က RFA ကို ပြောပါတယ်။
2021-12-07
ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို ရောက်နေတဲ့ စစ် ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က လက်ခံတွေ့ဆုံပြီး အာဆီယံနဲ့ မြန်မာအကြား ဆက်ဆံရေးပြန်ကောင်းဖို့ ဆွေးနွေးခဲ့ကြောင်း မစ္စတာဟွန်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ရေးထားပါ တယ်။
2021-12-07
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကလုံထာရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ စွပ်စွဲခံရသူနှစ်ဦးကို သုတ်သင်လိုက်တယ်လို့ DGRF (Dawei Guerrilla Revolutionary Force) အဖွဲ့က ဒီဇင်ဘာ ၆ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
2021-12-07
စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာတာကြောင့် ဝန်အားလျှော့တဲ့အနေနဲ့ အလှည့်ကျ မီးဖြတ်မှုတွေ လုပ်ဆောင်လာနေပါတယ်။
2021-12-07
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီတပ်တွေ ဖမ်းဆီး ခံရတဲ့ ချောင်းခွရွာသား ဦးငွန်နယ်ထန်းဟာ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ထုတ်ပြန်ထားပါတယ်။