သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-04
ရန်ကုန်မြို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒီနေ့ကျင်းပတဲ့ NLD နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ ကနေ တိုင်းရင်းသားမဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2014-10-04
ဟောင်ကောင်က ကျောင်းသားပြည်သူတွေ ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို ကျောင်းသား ၊ ကျောင်းသူအယောက် ၅၀ လောက်က ဒီကနေ့ညနေမှာ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံထဲမှာ ပြုလုပ်ခဲ့ကြ ပါတယ်။
2014-10-04
ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားဖို့အတွက် ဂုဏ် သိက္ခာရှိရှိနဲ့ အနိုင်ရအောင် ကြိုးပမ်းရမှာဖြစ်သလို အရံှုးကိုလဲ ဓမ္မဓိဋ္ဌာန်ကျကျလက်ခံနိုင်ဖို့ အရေးကြီး တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2014-10-04
ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ အစိုးရက ဘတ်စ်ကား အစီးရေ တိုးပေးမယ်လို့ ပြောနေပေမဲ့ လက်ရှိ အချိန်ထိတော့ အကောင်အထည်ပေါ်လာတာ မတေ့ွရသေးပါဘူး။
2014-10-04
သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ် ဖြစ်ပါတယ်။ RFA အဖွဲ့သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2014-10-04
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ကျွဲနွားစားကျက်မြေ ရှားပါးနေတဲ့ ပြဿနာကို အစိုးရကဖြေရှင်းပေးဖို့ ကျွဲထိုးကျေးရွာက လယ်သမားတွေ ပုဏ္ဏားကျွန်းမြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-10-04
နိုင်ငံသားဖြစ်ခွင့်မရသူတွေကို ယာယီဒုက္ခ သည်စခန်းတွေမှာ ဆက်လက်ထိန်းသိမ်း ထားရေးအပါအဝင် မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်ဒုက္ခသည် များ ပြဿနာဖြေရှင်းရေး လုပ်ငန်းစီမံချက်အပေါ် စိုးရိမ်မှုတွေ ရှိကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက မနေ့ က ပြောကြားလိုက်ပါတယ်။
2014-10-04
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်များ အစည်းအဝေးမှာ ရှမ်းပြည်မြောက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်ကို လိုက်နာခြင်းမရှိဘူးလို့ သုံးသပ်ကြောင်း SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလောင်စိုင်းက RFA ကိုပြောပါတယ်။
2014-10-03
အစ္စလာမ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး တောင်ကြီးမြို့မှာ ဖမ်းဆီးခံထားရသူ ၂၀ ဦးကို တောင်ကြီးခရို င်တရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးနေပြီဖြစ်ပါတယ်။
2014-10-03
ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ပေါ် ဒုက္ခသည်စခန်းမှာရှိတဲ့ ပန်းရောင်နိုင်ငံ သားကဒ်နဲ့ အစိမ်းရောင် "ပြုနိုင်ငံသား"ကဒ် ရရှိထားသူ ၂၀၉ ဦးကို နိုင်ငံသားဖြစ်ခွင့် မရသေးသူတွေနဲ့ သီးခြားစီနေရာချ ထားဖို့ မနေ့က နယ်စပ်ရေးရာဝန်ကြီးနဲ့ မြို့ခံတွေ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါတယ်။
2014-10-03
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ DKBA ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တစ်ပတ်ကြာ ပိတ်ထားတဲ့ စာသင်ကျောင်း ၃၀ နီးပါးထဲက ၁၀ ကျောင်းကို ဒီနေ့ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
2014-10-03
လာမယ့် ဒီဇင်ဘာလကုန်လောက်မှာ ကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေး ချယ်ခံမယ့်သူတွေအနေနဲ့ ရန်ကုန်မြို့တော်ကော်မရှင်ထံ လာမယ့် အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ၁၄ ရက် အတွင်း အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
2014-10-03
ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုး ကမ္ဘာ့လှည့်ခရီး သည်စုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံထွက်ဆို ထားသူ မြန်မာနိုင်ငံ သားနှစ်ဦးကို သွားရောက်တွေ့ဆုံပြီး၊ အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက် ဖို့ ရှေ့နေနှစ်ဦး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ညွှန်ကြားလိုက်ပြီလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
2014-10-03
ရှမ်းပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးသီးမြို့နယ် ထဲက တာဖာဆောင်းတပ်စခန်းကို ဒီကနေ့ အောက် တိုဘာ ၃ ရက်နေ့ မနက် ၁၀ နာရီမှာ SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့က ဆုတ်ခွာပေးလိုက်တဲ့ အတွက် နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်စဲသွားပြီ ဖြစ် ပါတယ်။
2014-10-03
ဟောင်ကောင်ကျွန်းဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံ က တရုတ်အစိုးရကို ပြန်လည်လွှဲပြောင်းပေးခဲ့ ပြီးနောက် တရုတ်နိုင်ငံရဲ့ နိုင်ငံရေးလွတ်လပ်ခွင့် ပိုမိုရရှိတဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာပါ တယ်။ ဟောင်ကောင်က ဒီမိုကရေစီရေးဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက ဆက်ပြီးတင်ပြပေးမှာပါ။