သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-06
AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ကျောက်တန်းရွာသားတွေထဲက အပြစ်မရှိသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ စစ်တွေနဲ့ ရသေ့တောင်က ဆရာတော်ကြီး ခုနှစ်ပါးက တပ်မတော်တာဝန်ရှိသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။
2019-05-06
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သံဃာတော်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေ စစ်တွေမြို့မှာ ဒီနေ့ မေလ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2019-05-06
သြင်္ကန်မှာ သံချပ်ထိုးဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေထဲက မဆုရတနာမြင့်နဲ့ ကိုချစ်ယုံတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ထပ်မံတရားစွဲလိုက်ပါတယ်။
2019-05-06
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်က ထိန်းသိမ်းစစ်ဆေးခံနေရသူတွေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်က ထုတ်ပြန်ချက်ဟာ အဖြစ်မှန်နဲ့ကွဲလွဲနေကြောင်း မျက်မြင်သက်သေတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက တုံ့ပြန်ပါတယ်။
2019-05-06
ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ လစဉ် ပုံမှန်အစည်းအဝေးတွေကို လာမယ့် ဇွန်လကစပြီး ပုံမှန်ပြန်လည်တွေ့ဆုံဆွေးကြဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။
2019-05-06
တပ်မတော်ရဲ့ အပစ်ရပ်နယ်မြေတွေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထည့်သွင်းပြီး စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာဖို့ စစ်တွေမြို့က သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2019-05-06
မြောက်ဦးမြို့နယ်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေမှာ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့ အစီအမံ၊ အဟန့်အတားတွေကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးဖို့ အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2019-05-06
သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ပါတီဟာ လာမယ့် နှစ်လအတွင်း တိုင်းဒေသကြီး ခုနှစ်ခုမှာ ပါတီရုံးတွေ ဖွင့်သွားမယ်လို့ သိရပါတယ်။
2019-05-06
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ ၁၃၁ ဦးထဲက ၄၈ ဦးကို ဒီနေ့ နေလယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောလိုက်ပါတယ်။
2019-05-06
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေး လှုပ်ရှားသူတွေထဲက ဆရာတော် ဦးဝီရသူက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး မနေ့က ဟောပြောနေချိန်မှာ ဝင်ရောက် ကန့်ကွက်ခဲ့သူ နှစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီး ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-05-06
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနက အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးနဲ့ တာဝန်ရှိသူတွေကို သတင်းရဲတပ်ဖွဲ့ SB က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၂) နဲ့ တရားထားတာကို စစ်တွေမြို့မ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2019-05-06
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) မပြင်ဘဲ ဒီအတိုင်းထားဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-05-05
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရွှာအနီးမှာ တပ်မတော် ယာဉ်တန်းကို ရခိုင့်တပ်မတော် AA က မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့အပြီး တပ်နဲ့ AA တို့ အပြန်အလှန်တိုက်ခိုက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တိမ်ညိုကျေးရွာက ခြောက်နှစ် အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
2019-05-05
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ မေလ နှစ်ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။
2019-05-05
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဦးဆောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို နယ်သာလန် အခြေစိုက် မှတ်တမ်းရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့ နှစ်ခုက ဦးဆောင်စီစဉ်နေပါတယ်။