သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-10
မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မျဉ်းပေါ်ကို ထွက်ပြေးရောက်ရှိနေကြတဲ့ မွတ်စလင်တွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့က ရိက္ခာ ထောက်ပံ့မယ့် ကိစ္စကို ကန့်ကွက်ကြောင်း မောင်တောမြို့မှာ ဒေသခံ ၃၀၀ လောက် ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2018-09-10
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ နိုင်ငံတော် သမ္မတ အထူးရန်ပုံငွေနဲ့ ဆောက်လုပ်တဲ့ ပင်လုံအငှားအိမ်ယာစီမံကိန်းက အဆောက်အအုံ ခုနှစ်လုံးထဲက နှစ်လုံးဟာ အရည်အသွေးမမှီဘဲ လူနေထိုင်ဖို့ မသင့်တာကို တွေရှိခဲ့တယ်လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုက ပြောပါတယ်။
2018-09-10
မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သတ္တုတွင်းဦးစီးဌာနက ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီဟာ လွတ်မြောက်လာသူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ဒီနေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2018-09-10
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ဆိုတဲ့ အမျိုးသမီးကို TNLA အနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-09-10
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ စွဲချက်တင်ဖို့ စစ်တွေခရိုင် တရားရုံးကနေ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-09-10
ငြိမ်းချမ်းရေးဖြစ်စဉ် ခရီးမရောက်သေးတာကို ကျော်လွှားနိုင်ဖို့ တာဝန်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားထဲမှာ အလွတ်သဘောဆွေးနွေးပွဲတွေ၊ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့လိုတယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံ ဒုတိယနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။
2018-09-10
ပုဂံ-ညောင်ဦးကနေ ပုပ္ပါးကိုသွားတဲ့ လမ်းပိုင်းမှာ ရွာ ၁၃ ရွာခန့်ရှိနေပြီး လမ်းဘေးဝဲယာ တဖက်တချက်မှာ ဘုရားဖူး ခရီးသွားကားတွေဆီကနေ ငွေကြေးတောင်းသူတွေ ရှိနေပါတယ်။ အမှန်တကယ် ငွေကြေးအဆင်မပြေလို့ တောင်းရမ်းသူတွေရှိသလို ငွေအလွယ်ရလို့ တောင်းနေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
2018-09-10
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် အယောက် ၃၀ ကို အလုပ်ထုတ်လိုက်တဲ့အတွက် စက်ရုံရှေ့ သပိတ်စခန်းဖွင့်လှစ်ထားတဲ့ အလုပ်သမားတွေဟာ ဒီနေ့ ရန်ကုန်မြို့ ဆူးလေဘုရားနားကနေ လမ်းမတော်မြို့နယ် အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2018-09-10
ဆွာရေလေုာင်တမံကျိုးပေါက်ခဲ့တာဟာ ဆည်တွေ၊ ရေကာတာတွေကို ထိန်းသိမ်းဖို့လိုအပ်နေတဲ့အကြောင်း သတိပေးအချက်ပြလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံကရှိတဲ့ ဆည်ပေါင်း ၂၃၅ ခုဟာ ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဆည်မြောင်းဦးစီးဌာန အငြိမ်းစားညွန်ကြားရေးမှူး ဦးတင့်ဆန်းက ပြောပါတယ်။
2018-09-10
လေထုညစ်ညမ်းမှုဟာ အရင်ကယူဆထားတဲ့အတိုင်း ကျန်းမာရေးထိခိုက်ရုံမက သင်္ချာတွက်နိုင်တဲ့ စွမ်းရည်ပါ ကျဆင်းစေတယ်လို့ လေ့လာချက်တရပ်မှာဖော်ပြပါတယ်။
2018-09-10
ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေး မြန်မာအစိုးရအပေါ် ပိုပြီး ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ကမ္ဘာတဝှမ်းကို တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။
2018-09-10
ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး စုံစမ်းသတင်းယူနေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး အကျဉ်းချခံခဲ့ရတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံက သတင်းထောက်တွေက ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။
2018-09-09
ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ခရီးမရောက်နိုင်သေးတာကို ကျော်လွှားနိုင်ဖို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားထဲမှာ အလွတ်သဘောဆွေးနွေးပွဲတွေ၊ တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲတွေကို အရှိန်မြင့်တင်ဖို့လိုတယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံ ဒုတိယနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။
2018-09-09
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရှန်ဟဲပေါ်ကွန်ကျေးရွာမှာ တုပ်ကွေးရောဂါ တစ်မျိုး ဖြစ်ပွားနေပြီး တစ်လသားအရွယ် ကလေးတစ်ဦး စက်တင်ဘာလ ၇ ရက်နေ့က သေဆုံးခဲ့တယ်လို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
2018-09-09
ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အနှံ့မှာ ဒီနေ့ ကျင်းပခဲ့ကြပါတယ်။