သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-03
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရှားတော၊ လယ်ခြားရွာတွေကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၃ ရက် မနက် ရှစ်နာရီခွဲအချိန်မှာ နင်းမိုင်း၊ ဆွဲမိုင်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရှိသွားတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ranger Kalay Defend Force) ကထုတ်ပြန် ပါတယ်။
2021-12-03
တနင်္သာရီတိုင်း ရေဖြူမြို့နယ် (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် (ခ) ဦးအာလူး ဟာ ဒီဇင်ဘာလ ၃ ရက် ဒီနေ့မနက်က နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ထားဝယ်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-12-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ် တယ်ဆိုပြီး ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက်က ကျောင်းသူတစ်ဦး ဖမ်းဆီးခံလိုက်ရ တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-12-03
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာမှာ ဒီဇင်ဘာလ ၃ ရက် ဒီနေ့ မွန်းလွဲပိုင်းက နေအိမ်ငါးလုံး မီးရှို့ခံရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-12-03
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် စွယ်ဆုံရွာ လမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ တူဒေး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးမောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လယ်က စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးမှုခံရပြီးနောက် အဲဒီနေ့ညမှာပဲ သေဆုံးသွားတဲ့အကြောင်း မိသားစုထံ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-12-03
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ခံထာားရသူ လေးဦး ဒီဇင်ဘာလ ၃ ရက် ဒီနေ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-03
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေးငယ် ငါးသန်းကျော် ဟာ လာမယ့်နှစ်အတွက် လူမှုဘဝ လုံခြုံမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့တွေ လိုအပ်နိုင်တယ်လို့ Save the Children အဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
2021-12-03
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်ထဲက အမှတ် (၁) တိုးချဲ့ရပ်ကွက် (ထားဝယ်ချောင်) မှာ နေထိုင်တဲ့ ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂ ရက် မနေ့က အင်အားသုံးဖယ်ရှားခဲ့ပါတယ်။
2021-12-03
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အချိန် နှစ်နှစ်ကျော်ကြာ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၃ ဦးအတွက် အပြီးသတ် အမိန့်ချမယ့်နေ့ကို စစ်တွေ ခရိုင်တရားရုံးက လာမယ့် ဒီဇင်ဘာလ ၁၇ နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကိုပြောပါတယ်။
2021-12-03
ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ် ထားဝယ်ချောင်က အိုးအိမ်မဲ့ ကျူးကျော်နေထိုင်သူတွေကို ဒီဇင်ဘာ ၂ ရက်နေ့ကစလို့ ရဲနဲ့စစ်တပ်က အင်အားသုံး ဖယ်ရှားနေပါတယ်။ ဒီမနက်မှာလည်း ကျူးကျော်နေထိုင်သူ ၂၀၀ ကျော်ကို ရဲ၊ စစ်တပ်နဲ့ စည်ပင်ပေါင်းပြီး မြေတူးစက်တွေနဲ့ လာရောက်ရှင်းလင်းခဲ့ပါတယ်။
2021-12-03
မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အခွန်ရုံးကို ဒီဇင်ဘာလ ၁ ရက်နေ့က လက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာ မြို့ခံ ၁၄ ဦး ဖမ်းဆီးခံလိုက် ရတယ်လို့ မလှိုင်ဒေသခံတစ်ချို့က RFA ကို ဒီနေ့ပြောပါတယ်။
2021-12-03
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေနဲ့ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို စစ်ကောင်စီရဲ့ တရားလိုပြသက်သေအဖြစ် ဒီနေ့ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
2021-12-03
ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်မှုနဲ့ ရှေ့တန်းစစ်မျက်နှာမှာ ထိခိုက်ကျဆုံးများပြီး ကာလကြာရှည် ပင်ပန်းဆင်းရဲမှုတွေကြောင့် အခု စစ်အာဏာသိမ်း ၁၀ လအကြာမှာ တပ်မတော်သား မိသားစုတွေကိုယ်တိုင် အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်မှု တွေ ပိုများလာတယ်လို့ တပ်မိသားစုဝင်တွေက ပြောပါတယ်။
2021-12-03
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေကို လုံးဝ လက်မခံနိုင်တာကြောင့် အနာဂတ် ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး ကျရာနေရာက ဆန့်ကျင်တွန်းလှန်ကြတဲ့ လူငယ်တွေ အများအပြား ရှိလာခဲ့ပါတယ်။
2021-12-03
စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေး စတဲ့တိုင်းတွေက မြို့နယ်ပေါင်း ၂၀ ကျော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်လောက်ကစပြီး အမျိုးသားနှစ်ယောက် ဒါမှမဟုတ် အမျိုးသားက ဆိုင်ကယ်နောက်ကနေ မစီးဖို့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီးနောက် ဆိုင်ကယ်စီးတဲ့ လူငယ်တွေ လိုက်လံပစ်သတ်ခံရတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။