သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-03
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်ပြီး တာဝန်ကနေရပ်စဲဖို့ ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ကိစ္စအပေါ်မှာ ဒေသခံတွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။ ဒီ
2018-01-03
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာသွားတဲ့ ဒုက္ခသည်တွေကိုပြန်လက်ခံဖို့ မြန်မာနိုင်ငံဘက်က အဆင်သင့်ပြင်ထားပြီဖြစ်နေပေမဲ့ ဇန်နဝါရီ ၂ ရက်နေ့ထိ မြန်မာနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လိုတယ်ဆိုတဲ့ လျှောက်လွှာတစောင်မှ ဘင်္ဂလားဒေ့ရှ်ဘက်က မပေးပို့သေးဘူးလို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ်။
2018-01-03
ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။ အခုအပြောင်းအလဲမှာ စစ်တပ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ အများစုဖြစ်တာကြောင့် KIO ဟာ စစ်ရေးလမ်းကြောင်းကို ပိုပြီးလျောက်လှမ်းလေမလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။
2018-01-03
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက်ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး သင့်တော်တဲ့နေရာမှာ ပြန်လည်နေရာချထားပေးဖို့ အစိုးရက စီစဉ်နေတာနဲ့ ပတ်သက်လို့ သက်ကယ်ပြင် ဒုက္ခသည်စခန်းရဲ့ ခေါင်းဆောင် MV အဗ္ဗဒူလာမာချက် (ခေါ်) ဦးရွှေမောင် ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2018-01-03
မြဝတီ-မဲဆောက်မှာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ မနှစ်က ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့တယ်လို့ တပ်ခရိုင်ကုန်သည်ကြီးများအသင်းရဲ့ အကြံပေးအရာရှိချုပ် မစ္စတာ ဆူချာ့ Suchart က ပြောကြားလိုက်ပါတယ်။
2018-01-03
အခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပထမ ၇ လတာအတွင်း မြန်မာနဲ့ အီးယူ ဥရောပနိုင်ငံတွေအကြား ကုန်သွယ်မှုဟာ ဒေါ်လာ သန်း ၁၃၀၀ ကျော်အထိ ရောက်ရှိသွားခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအင်းတွေအရ သိရပါတယ်။
2018-01-03
အထိန်းသိမ်းခံထားရတဲ့ ရိုက်တာစ်သတင်းထောက် ၂ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂမှာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားအရေး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်အတွင်း မစ္စတာတိုင်လာဆန်က အခုလိုထည့်သွင်းပြော သွားခဲ့တာပါ။
2018-01-03
ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ ပုဂ္ဂိုလ်တချို့ကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ အပါအဝင် ရာဇသတ်ကြီး ပုဒ်မ ၃ ခုနဲ့ တရားခံပြေးတစ်ဦးတို့ကို ဒီကနေ့ ဒက္ခိဏသီရိ ခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့က ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။
2018-01-03
အွန်လိုင်းမှာ ဟာသဗီဒီယိုတွေ တင်ရာကနေ လူသိများလာတဲ့ သရုပ်ဆောင် ကိုအောင်ရဲထွေး အသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံတွေကို ဖမ်းဆီးရမိထားပြီလို့ သုဝဏ္ဏနယ်မြေရဲစခန်းက အကြောင်းကြားခြင်းမရှိသေးကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မိသားစုဝင်တွေက ပြောပါတယ်။
2018-01-03
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက်ကယ်ပြင်ဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး သင့်တော်တဲ့နေရာမှာ ပြန်လည်နေရာ ချထားပေးဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးဆိုင် ရာ ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြောပါတယ်။
2018-01-03
ပြည်တွင်းဈေးကွက်ထဲမှာ ဝင်ရောက်နေတဲ့ တရုတ်နိုင်ငံထုတ်ပစ္စည်းတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း အရည်အသွေးတွေနဲ့ မကိုက်ညီတာတွေကို တိုင်ကြားလာရင် နှစ်နိုင်ငံပူးပေါင်း အရေးယူသွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး က ဒီနေ့ ပြောပါတယ်။
2018-01-03
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှာ စစ်တောင်းစက္ကူစက်ရုံက အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်း ၂၀၀ ကျော်က သူတို့ကို အလုပ်ဆက်ခန့်ထားပေးဖို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2018-01-03
အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ အဆိုပြုနှုန်းထား သတ်မှတ်ချက်ကို ကန့်ကွက်လိုသူတွေအနေ နဲ့ နှစ်ပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-01-03
ကချင်ပြည်နယ် မံစီမြို့နယ်က မန်မောန်၊ မန်ဟွေ့စတဲ့ ရှမ်းရွာတွေတဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မန်ဝိန်ကြီးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် အယောက် ၄၀၀ နီးပါးရှိတယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
2018-01-03
သစ်တောဦးစီးဌာနက ဖမ်းဆီးရမိတဲ့ သစ်တွေကို တိုင်းနဲ့ပြည်နယ်တွေမှာ လေလံစနစ် နဲ့ ရောင်းချနေတာကို ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး ယာယီရပ်ဆိုင်းမယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။