သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-03
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲပြီး ရက္ခိုင့်တပ်မတော် AA ကို နိုင်ငံရေး ဆွေးနွေးပွဲတွေထံ ဖိတ်ကြား ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင် အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က ဒီနေ့ တင်သွင်းခဲ့ပါတယ်။
2016-05-03
မြန်မာနိုင်ငံမှာ လူတစ်သိန်းသုံးသောင်းကျော်ကို သေဆုံးစေခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်ခဲ့တာ ဒီနေ့ ၈ နှစ်ပြည့် သွားပြီဖြစ်ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသဟာ ပြန်လည်ထူထောင်နိုင်တဲ့ အခြေအနေမရှိသေး ပါဘူး။
2016-05-03
နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းခဲ့ပါတယ်။
2016-05-03
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ မန်တုံမြို့နယ် တို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ မနေ့က စပြီး ဒီနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ပါတယ်။
2016-05-03
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၈ နှစ် နာဂစ်မုန်တိုင်း တိုက်ခဲ့တဲ့အချိန်က သတင်းထုတ်ပြန်မှု အခြေအနေ၊ ၈ နှစ်အကြာ မှာ မြန်မာပြည်သူတွေမိုးလေဝသ အသိပညာ တိုးတက်လာမှု အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီအချိန်က မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းလွင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-05-02
၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမလ အတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ၂၄ သန်းကျော် ကျဆင်းသွားခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန် လိုက်တဲ့ စာရင်းတွေအရ သိရပါတယ်။
2016-05-02
လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့ အဆင့် ၁ နိုင်ငံများ စာရင်း (CPC tier 1) အဖြစ် ဆက်လက်ထားရှိဖို့ အမေရိကန်အစိုးရ နိုင်ငံတကာ ဘာသာရေး လွတ်လပ် မှု စောင့်ကြည့်ရေးကော်မရှင် USCIRF က ၂ဝ၁၆ ခုနှစ်အတွက် အစီရင်ခံစာမှာ တိုက်တွန်း လိုက်ပါတယ်။
2016-05-02
နာဂစ်မုန်တိုင်းတိုက်ခတ်မှု (၈) နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲကို ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြင်စ လူကျေးရွာက မြို့နယ်သာသနာ့ဗိမ္မာန် အဆောက်အဦးမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဒီနေ့ ကျင်းပကြပါတယ်။
2016-05-02
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံကို ပို့ဆောင်နေတဲ့ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီး သွားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့နဲ့ ပြီးခဲ့ တဲ့နှစ်အတွက် သီးနှံလျော်ကြေးပေးဖို့ ဒေသခံ ၁၀၀ ကျော် က CNPC ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-05-02
ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ယာဉ်တိုက်မှုကြောင့် သေဆုံးသွား တဲ့ မြန်မာလုပ်သား ငါးယောက်အတွက် လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ ခံစားခွင့်တွေရရှိအောင် မြန်မာ သံရုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံ အလုပ် သမားဝန်ကြီး General Sirichai Distakul က ပြောပါတယ်။
2016-05-02
စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာတဲ့ Myanmar Veneer စက်ရုံအလုပ်သမားတွေ ဟာ ပြည်ထောင်စုအစိုးရ၊ စစ်ကိုင်းတိုင်းအစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့နဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေး ကြမှာဖြစ်ပါတယ်။
2016-05-02
နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ဥပဒေ ကြမ်းကော်မတီက ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2016-05-02
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး AA တပ်မတော်ကို ၂၁ ရာစု ပင်လုံညီလာခံမှာ ဖိတ်ခေါ်ပြီး နိုင် ငံရေးအရ ဆွေးနွေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် က အမျိုးသားလွှတ်တော်မှာ ဒီနေ့ တင်သွင်း လိုက်ပါတယ်။
2016-05-02
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ အခမ်းအနားတွေကို ရန်ကုန်တိုင်းဒေ သကြီး လှိုင်သာယာမြို့နယ်နဲ့ နေပြည်တော်က ပျဉ်းမနားသကြားစက်ရုံတို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားတွေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2016-05-02
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားစတဲ့ မြို့နယ် ၉ ခု နဲ့ ရန်ကုန်မြို့မှာ ဒီနေ့ တပြိုင်တည်းဆန္ဒပြတောင်းဆိုကြပါတယ်။