သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-26
ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းကို မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ၅ ခုက မြို့နယ် ၅ ခုမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-12-26
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်က SMI ပီနံအိတ် စက်ရုံအလုပ်သမား တစ်ရာကျော်ဟာ နေ့ကြေးတိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့မှာ မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပြီးနောက် စက်ရုံပိုင်ရှင်က အလုပ်သမားတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-12-26
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဟာ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ဖိနှိပ်ထားတဲ့အတွက် လာမယ့် ဇန်နဝါရီလ (၄) ရက်၊ လွတ်လပ်ရေးနေ့မှာ ဒီဥပဒေ ဖျက်သိမ်းရေးအတွက် ဆန္ဒပြကြမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပူးတွဲ ကြေညာလိုက်ပါတယ်။ အကြောင်းစုံကို RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-12-25
မလေးရှားနိုင်ငံ အရှေ့ဘက် သင်္ဘောကျင်း တစ်ခုမှာ မြန်မာအလုပ်သမားတွေကို အင်ဒိုနီးရှား အလုပ်သမားတွေက ရန်ပြုဖို့ကြိုးစားနေတဲ့ အတွက် မြန်မာ ၉၇ ဦး ပုန်းအောင်းနေရပြီး အကူ အညီ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
2013-12-25
နိုင်ငံပေါင်း ၅၀ ကျော်ကို လှည့်လည်ပြသနေတဲ့ FIFA ကမ္ဘာ့ဖလားဆုကြီးဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။
2013-12-25
မြစ်ကြီးနားမြို့နဲ့ ၈မိုင်လောက်သာဝေးတဲ့ ပလနကျေးရွာ အပိုင်း ၅ မှာ ကျင်းပတဲ့ ခရစ်စမတ်အခါသမယ ဆုတောင်းပွဲ ကို မြစ်ကြီးနားတဝိုက်က စစ်ဘေးဒုက္ခသည်စခန်းတွေက ကချင်တိုင်းရင်းသားတွေ စုစုပေါင်း ၂ ထောင်ကျော်လောက် တက်ရောက်ဆုတောင်းခဲ့ကြပါတယ်။
2013-12-25
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ စံပယ်လမ်းမှာရှိတဲ့ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး မွတ်စ်လင် မိဘမဲ့ဂေဟာနားမှာ ဒီနေ့ ဗုံးတစ်လုံးတွေ့ရှိ ခဲ့ပြီး တာဝန်ရှိသူတွေက အဲဒီဂေဟာဝင်းထဲမှာပဲ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။
2013-12-25
တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ချပေးလိုက်ပြီ ဖြစ်တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတော့မယ်လို့ FUP ပါတီခေါင်းဆောင်တွေ က ပြောပါတယ်။
2013-12-25
မြန်မာ့တပ်မတော်က ထိပ်တန်းအရာရှိတွေ ကို စစ်ရေးလေ့ကျင့်မှုတွေပေးဖို့အတွက် ဗြိတိန်စစ်အရာရှိ ကိုယ်စားလှယ်အဖွဲ့ မကြာခင်ရက်ပိုင်း မှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ဗြိတိန်အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။
2013-12-25
မြန်မာနိုင်ငံတဝှန်းမှာ သစ်အလွန်အကျွံ ထုတ်လုပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာပဲ မြန်မာ့ဒီရေတောတွေရဲ့ ပြုန်းတီးမှုနှုန်းဟာ မြန်ဆန်နေပါတယ်။ ဒီအကြောင်း RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။ ဒီအကြောင်း RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။
2013-12-25
မနက်ဖြန်မှာ ကျရောက်တော့မယ့် ခရစ္စမတ်နေ့ အခါသမယအတွက် ရန်ကုန်မြို့က ခရစ္စမတ်ပွဲတော် ပြင်ဆင်မှုတွေအကြောင်း RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြပေးမှာပါ။
2013-12-25
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲသီချင်း သီဆိုခဲ့သူ အဆိုတော် နီနီခင်ဇော်ကို ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ အခက်အခဲတွေ အကြောင်း RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-12-25
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) အပါအဝင် ပြည်သူတွေကို နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့၊ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့အတွက် လူမှုအဖွဲ့အစည်း ၆ဝ ကျော် စုပေါင်းပြီး ဆန္ဒဖော်ထုတ်ကြဖို့ ပြင်ဆင်နေပါတယ်။ အကြောင်းစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-12-25
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်ရဲ့ လူထုဆွေးနွေးပွဲကို မြန်မာ့နိုင်ငံရေး လေ့လာသူ ၅ ဦးတို့က ဦးဆောင်ပြီး ရန်ကုန်မြို့ သမိုင်းလမ်းဆုံက အသောကဗိမ္မာန်၊ သမိုင်းမြို့မ ကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-12-24
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အထင်ကရပုဂ္ဂိုလ်တွေ အားလုံး တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ က ပြောပါတယ်။