သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-19
တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ဘေးဒုက္ခသည် အများအပြားရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၄ ခုမှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
2020-06-19
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-06-18
လာမယ့် ရွေးကောက်ပွဲအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေကို ဒီရက်ပိုင်းရွေးချယ်ခဲ့ရာမှာ ပါဝင်သင့်သူတွေ မပါခဲ့တဲ့အတွက် ပါတီခေါင်းဆောင်ပိုင်းကို တိုင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။
2020-06-18
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွဖြစ်နေတဲ့ ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဖြစ်မြောက်ရေး ရည်ရွယ်ချက်နဲ့ မြို့နယ်တချို့မှာ အုပ်ချုပ်ရေးပိုင်းကို စတင်ဆောင်ရွက်လာနေပါတယ်။ တဘက်မှာ လည်း တပ်မတော်က AA နဲ့ ပတ်သက်ဆက်နွှယ်မှုရှိတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတာတွေရှိနေပါတယ်။
2020-06-18
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တဲ့အဆိုကို NLD ကိုယ်စားလှယ်အများစုရှိတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီနေ့ ပယ်ချလိုက်ပါတယ်။
2020-06-18
၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီတစ်ခုထဲက အနိုင်ရပြီး အစိုးရဖွဲ့ဖို့ ဖြစ်နိုင်ခြေ မရှိတော့ ဘဲ၊ ညွန့်ပေါင်းအစိုးရသာ ဖြစ်နိုင်မယ်လို့ တပ်မတော်မှာ ဗိုလ်ချုပ်ကြီးအဆင့် တာဝန် ယူခဲ့ဖူးတဲ့၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ လက်ရှိ အာဏာရပါတီ NLD- ဗဟိုပြန်ကြားရေးအဖွဲ့ တာဝန်ခံ မုံရွာအောင်ရှင် ကတော့ ဒီအမြင်ကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
2020-06-18
"ယနေ့နိုင်ငံရေး" အစီအစဉ်မှာ "စစ်ဘေးနဲ့ ကပ်ဘေးအန္တရာယ်တွေကို ချင်းပြည်နယ် ဘယ်လိုကျော်လွှားနေ သလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။
2020-06-18
လယ်ယာမြေအငြင်းပွားမှု ပြဿနာတွေ မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေရာမှာ ကယား ပြည်နယ်မှာလည်း လယ်ယာမြေပြဿနာတွေ အမြောက်အမြား ရှိနေပါတယ်။ ပြည်နယ် လွှတ်တော်ကို ပေးပို့တဲ့ တိုင်ကြားစာတွေထဲမှာလည်း လယ်ယာမြေပြဿနာတွေက တဝက်ကျော် ရှိနေပါတယ်။
2020-06-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ မမျှမတ ဘက်လိုက်ရွေးချယ်မှုတွေ ရှိခဲ့တယ်လို့ ဝေဖန်မှုတွေပေါ်ထွက်နေပါတယ်။
2020-06-17
တရုတ်အစိုးရပိုင် PanAust ကုမ္ပဏီက စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး ဒေသက မြေဧက တစ်သိန်းရှစ်သောင်းကျော်မှာ ကြေးနီနဲ့ ဆက်စပ်သတ္ထု တူးဖော်လုပ်ကိုင်ခွင့် ရရှိတဲ့အတွက် စမ်းသပ်တိုင်းတာမှု တချို့ လုပ်ခဲ့ပါတယ်။
2020-06-17
ဘူးသီးတောင်၊ မောင်တောဒေသမှာ တစ်ဘက်နိုင်ငံကနေ တရားမဝင် လမ်းကြောင်း ကနေ ပြန်လာတဲ့ ဒုက္ခသည်ခြောက်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရပေမယ့် အဲဒီဒေသကို လောလောဆယ် အသွားအလာ မကန့်သတ်သေးဘူးလို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။
2020-06-17
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စုက ရှမ်းကုန်းနဲ့ မင်္ဂလာဒုံရွာက ချင်းတိုင်းရင်းသား လူဦးရေ တစ်ထောင်ကျော်ကို တပ်မတော်က ဆန်သယ်ယူခွင့်ကန့်သတ်ထားတာ ခြောက်လကျော်ပြီဖြစ်လို့ အဲဒီရွာတွေမှာ ဆန်ရိက္ခာ ပြတ်လပ်နေပါတယ်။
2020-06-17
ဇူလိုင်လ ၂၁ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထက်တန်း ကျောင်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော်ကို ဖွင့်လှစ်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောကြားထားပေမယ့် လက်တွေ့မှာ ပြန်ဖွင့်ဖို့ အခက်အခဲရှိနေတဲ့ ကျောင်းတွေ ရှိပါတယ်။
2020-06-17
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဝက်တွေဖျားနာပြီး သေဆုံးနေတာ အကောင်ရေ ၁၅၀ လောက် ရှိနေပြီလို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
2020-06-16
အသေးစားငွေချေးဌာနတွေကနေ အစုဖွဲ့လိုက်ချေးငှားထားသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မပြန့်ပွားနိုင်ဖို့ ကန့်သတ်ထားတဲ့ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။