သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-25
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက ရဲကင်းစခန်းတွေကို အကြမ်းဖက်သမားတွေက ဒီနေ့ မနက် ၁ နာရီလောက်ကစပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး အကြမ်းဖက်သမား ၇ ဦးရဲ့ အလောင်းကို ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ မနက်ပိုင်းက ထုတ်ပြန် ပါတယ်။
2017-08-24
မြန်မာနိုင်ငံမှာစိုက်ပျိုးနေတဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ဟာ အိန္ဒိယနိုင်ငံဈေးကွက်ကို အဓိကထားတင်ပို့နေရတာဖြစ်ပြီး တစ်နှစ်ကို တန်ချိန်(၁)သန်းခွဲအထိ တင်ပို့နေရတာဖြစ်ပါတယ်။
2017-08-24
မကွေးတိုင်းဒေသကြီးထဲမှာ ရေနံမြေကြောအသစ်နှစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
2017-08-24
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေ မှာ ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုကျူးလွန်နေတာတွေနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးအစီ အမံတွေ ချမှတ်အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ မဲခွဲဆုံးဖြတ်ရာမှာ အတည်ပြုမယ့်ဘက်က ရှုံးနိမ့်ပြီး မှတ်တမ်းအဖြစ်ထားရှိလိုက်ပါတယ်။
2017-08-24
လောင်စာဆီ ဈေးနှုန်းတွေကို နအဖ စစ်အစိုးရက မြှင့်တင်လိုက်ရာကနေ ကုန်းဈေးနှုန်းတွေ ကြီးမြင့်လာခဲ့တာကြောင့် ရဟန်းသံဃာတော်တွေက ဦးဆောင်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ လာမယ့် စက်တင်ဘာလမှာ ၁၀နှစ် တင်းတင်း ပြည့်မြောက်တော့မှာဖြစ်ပါတယ်။
2017-08-24
ကချင်ပြည်နယ် တနိုင်းဒေသက စစ်ဘေးဒုက္ခသည်တွေကို ၈၈ မျိုးဆက်အဖွဲ့၊ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆန်၊ ဆီနဲ့ အခြေခံကုန်ပစ္စည်းတွေ ကို မနေ့က သွားရောက် လှူဒါန်းခဲ့ပါတယ်။
2017-08-24
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ ဧရာဝတီမြစ်ရေဝင်ရောက်တဲ့အတွက် တောင်သမန်အင်းရေ မြင့်တက်လာခဲ့ပြီး အင်းပတ်ပတ်လည်က မြေနှိမ့်ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ လူဦးရေ ၂၀၀၀ (နှစ်ထောင်) ကျော်ဟာ ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
2017-08-24
မြန်မာအစိုးရအနေနဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုတွေကို အမြန်ဆုံး အကောင် အထည်ဖော်ဖို့ ထိုင်းအခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2017-08-24
မြန်မာအစိုးရကို တင်သွင်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ၂ဝ၁၇ သြဂုတ်လ ၂၄ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-08-24
ရခိုင်ပြည်နယ်မှာ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအစီအမံတွေ ချမှတ်အကောင် အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ အတည်ပြုမယ့်ဘက်က ရှုံးနိမ့်သွားတဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိလိုက် ပါတယ်။
2017-08-24
ဒီကနေ့အထိ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူ ၃၂၄ ဦးထိရှိလာပြီး ရောဂါပိုးကြောင့် သေ ဆုံးသူဦးရေ ၃၃ ဦး ရှိပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
2017-08-24
မကွေးတိုင်းဒေသကြီး မန်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေတို့နဲ့ တစ်ဆက်တည်းဖြစ်နေ တဲ့ ရေနံမြေ ကြောအသစ် နှစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
2017-08-24
စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ရှမ်း၊ ကရင်၊ မွန်နဲ့ နေပြည်တော် စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရက်ပိုင်းအတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
2017-08-24
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံက ပဲဝယ်ယူမှုကို ကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဈေးကွက် အထိနာခဲ့ရပြီး ပဲအမျိုးမျိုးကို ဈေးနှိမ်ဝယ်ယူရောင်းချတာတွေ မဖြစ်စေဖို့အတွက် ရန်ကုန်ဈေးကွက်အပါအဝင် တစ်နိုင်ငံလုံးမှာ ပဲအရောင်းအဝယ်တွေကို ယာယီရပ်နားထားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2017-08-24
ကွဲပြားနေတဲ့ မွန်နိုင်ငံရေးအင်အားစုတွေကို ပေါင်းစည်းနိုင်ဖို့အတွက် လာမယ့် ၂၀၁၈ နှစ်ဆန်းပိုင်းမှာ ညီလာခံတစ်ခုကျင်းပပြီး မွန်နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခု ဖန်တီးသွားမယ်လို့ ရာမညအင်အားစု က ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။