သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-25
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ငါးနှစ်ပြည့် ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာ ဗြိတိန်အစိုးရက စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ မြန်မာပြည်အခြေစိုက် စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့ အရေးယူမှု ထပ်လုပ်လိုက်ပါတယ်။
2022-08-25
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က တပ်ရင်း ၁၈ ရင်းနဲ့ ကုန်းကြောင်း၊ လေကြောင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2022-08-25
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အငူမော် - မောင်တော ကားလမ်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
2022-08-25
၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ အခု ၂၀၂၂ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်ခုခံမှုတွေအပေါ် အင်အားသုံး ချေမှုန်းတာတွေကို တိုးလုပ်လာပါတယ်။ လက်နက်ကိုင်ခုခံမှု အရှိန်မြင့်လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးနိုင်တဲ့ အနေအထားမှာတောင် အစုအပြုံလိုက် ပစ်သတ်တာတွေ လုပ်လာပြီး၊ နှစ်လအတွင်း PDF တပ်ဖွဲ့ဝင် ၈၀ ကျော် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
2022-08-25
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ခြောက်ဦး ဩဂုတ်လ ၂၂ ရက်နေ့က ပစ်သတ် ခံခဲ့ရတာနဲ့ ဆက်နွှယ်ပြီး မနေ့ကအထိ ဒေသခံလူငယ် ၅၀ နီးပါး အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-25
စစ်ကိုင်းတိုင်း ဒီပဲယင်း၊ အရာတော်၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေကနေ တပ်မ (၉၉) လက်အောက်ခံ မိတ္ထီလာမြို့ အခြေစိုက် ခမရ (၁၁၃) က ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံ ၆၇ ဦးကို တန့်ဆည်မြို့နယ် အောင်ချမ်းသာကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ တန့်ဆည် PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ဒီနေ့ ပြောပါတယ်။
2022-08-25
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀ အကွာ မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံကျေးရွာအနီးက နမ့်ခမ်းချောင်းအထက်ပိုင်းမှာ လုပ်ကိုင်နေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့နဲ့ ရှမ်းကျောင်းသားများသမဂ္ဂက ဩဂုတ် ၂၄ ရက် မနေ့ကထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2022-08-25
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်ခဲ့တဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်တစ်စောင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-08-25
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာသေး ခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဘောင်သား၊ ရီးမဝနဲ့ တုံးမဝဒေသခံတွေ တစ်စတစ်စ မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာကြတာ ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာ အိမ်ထောင်စု ၂၀၀ ကျော် ရှိနေတယ်လို့ ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးက ပြောပါတယ်။
2022-08-25
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) နဲ့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းကို ဩဂုတ်လ ၂၅ ရက် ဒီနေ့ နေ့လယ် ၂ နာရီကျော်က စစ်ကောင်စီက အင်းစိန်အချုပ်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-08-25
ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်ကြဖို့ ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာကျရောက်တဲ့လူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့်နေ့မှာ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2022-08-25
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်မှာ ရက်ပေါင်း ၂၀ အတွင်း တိုက်ပွဲပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ (၆) က ဩဂုတ်လ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-08-25
ဧရာဝတီသတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ကို အာဏာဖီဆန်လာအောင် ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စစ်ကောင်စီ က မန္တလေး အိုးဘိုထောင်တွင်းက အထူးတရားရုံးကနေ ဩဂုတ်လ ၂၄ ရက် မနေ့က ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2022-08-24
မတရားဖမ်းဆီးချုပ်နှောင်တာတွေ၊ အကြမ်းဖက်မှုတွေ၊ နေအိမ်တွေနဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းတာ၊ စက်ပစ္စည်းတွေကို မတရားသိမ်းယူတာ၊ တယ်လီဖုန်းကနေ ခြိမ်းခြောက်တာ၊ စစ်ဆေးမေးမြန်းတာနဲ့ စောင့်ကြည့်တာ အပါအဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားနှိပ်စက်ညှဉ်းပန်းမှုတွေဟာ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာကန့်သတ်ရာရောက်တယ်လို့ ဆိုပါတယ်။
2022-08-24
အဲဒီလို လူပေါင်းထောင်နဲ့ချီသေဆုံးပြီး သိန်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရပေမယ့် ကျူးလွန်သူ စစ်တပ်အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ တရားစွဲဆိုခံရတာမရှိဘူးလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က မနေ့က ပြောကြားလိုက်ပါတယ်။